Friday, February 13, 2015

ပြည်မြို့တွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲနှင့် ဗိုလ်ချုပ်ရာပြည့် ကဗျာရွတ်ပွဲကျင်းပခဲ့

Leave a Comment


ပြည်မြို့တွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲနှင့် ဗိုလ်ချုပ်ရာပြည့်
 ကဗျာရွတ်ပွဲကျင်းပခဲ့
**********************************************************************************************************************

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့တွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဖိတ်ခေါ်စာပေပြိုင်ပွဲနှင့်  ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အမှတ်တရ ကဗျာရွတ်ဆိုပွဲကို ရွာဘဲနယ်မြေ ရတနာမာန်အောင်ကျောင်းအတွင်းရှိ  မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) ၏  သုခအလင်းပညာဒါနသင်တန်းခန်းမ၌  ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။..

အဆိုပါပြိုင်ပွဲအား ဦးဆောင်ကျင်းပသူ သုခအလင်းမှ ဆရာဦးအောင်ဆန်းထွေးက "ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲလုပ်တာတော့ ကျွန်တော်တို့ပဲရှိပါတယ် ရာပြည့်ပွဲတွေကတော့ ရပ်ကွက်တိုင်းလိုလို ကျင်းပပြုလုပ်နေတာတော့ရှိပါတယ် စာမေးပွဲကလည်းအရမ်းနီးနေတော့   လက်လှမ်းမှီသလောက် အခြားပညာဒါန(၂)ကျောင်းလောက်ကိုပဲ ဖိတ်နိုင်ခဲ့ပါတယ် ဘာပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်နိုင်ခဲ့လို့ ကျေနပ်ပါတယ် " ဟု.အားရ၀မ်းသာစွာပြောကြားသွားခဲ့ပါတယ်.....

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လှုပ်ရှားဆောင်ရွက်ခဲ့ပုံများကို ပြည်သက္ကသိုလ် မှ ကျောင်းသားတစ်ဦးက ရှင်းလင်းပြောကြားပြီးနောက် ဆုများကို ဆက်လက်ချီးမြင့်ရာတွင် ....

ကဗျာအကောင်းဆုံးဆုကို..

ကျောင်းတော်သား စာသင်ဝိုင်း  န၀မတန်းကျောင်းသူ  မသီရိမြင့်မြတ်(အ.ထ.က(၁)ပြည်) မှလည်းကောင်း...

စာစီစာကုံးအကောင်းဆုံးဆုကို.....

သုခအလင်း ပညာဒါနမှ ဒသမတန်းကျောင်းသူ မဆုမြတ်ခိုင် မှလည်းကောင်း....

ကာတွန်းအကောင်းဆုံးဆုကို....

ကျောင်းတော်သားစာသင်ဝိုင်းမှ ဒသမတန်း ကျောင်းသား မောင်ဖိုးသား(PEC) မှလည်းကောင်း..

ဆောင်းပါးအကောင်းဆုံးဆုကို....

ကျောင်းကြီးအိုးတန်း မွတ်စလင်မ် ပညာဒါနကျောင်းမှ န၀မတန်းကျောင်းသူ မမြတ်သိင်္ဂီထွန်း မှလည်းကောင်း...အသီးသီးရရှိခဲ့ပါတယ်။

အဆိုပါအခမ်းအနား၏အဆုံးပိုင်းတွင် ဗိုလ်ချုပ်ရာပြည့်အမှတ်တရ ကဗျာများရွတ်ဆိုကြရာတွင် ကိုယ်ပိုင် ကဗျာများကိုသာ တစ်ဦးချင်းရွတ်ဆိုခဲ့ကြရာ စုစုပေါင်းကဗျာအပုဒ်ရေ(၄၀)ကျော် ရွတ်ဆိုခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။......

သတင်းနှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page