Sunday, February 8, 2015

သမ္မတကြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရင်တောင် ကူညီပံ့ပိုးပေးနေမည့်.....ပရဟိတ

Leave a Comment
သမ္မတကြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရင်တောင် ကူညီပံ့ပိုးပေးနေမည့်.....ပရဟိတ
*********************************************************************************

7.2.2015 ရက်နေ့ ညပိုင်းအချိန်တွင် (MRTV) မြန်မာ့အသံတီဗွီမှ ထုတ်လွင့်ပြသသွား
သော ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ဦးကိုကို ပြောကြားသွားခဲ့ခြင်း
အပေါ်တွင် .........

ပြည်သတင်းလူငယ်(ပြည်သတင်း)မေးမြန်းချက်များကို မိုးမေတ္တာနာရေးကူညီမှု့
အသင်း(ပြည်) အတွင်းရေးမှုး ဦးညီညီအောင်မှ ပြန်လည်ဖြေကြားသည်။

မေး။   ။ အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေက နောက်ကနေလှုံ့ဆော်နေတယ်လို့
7.2.2015 ရက်နေ့ ညပိုင်းအချိန်တွင် (MRTV) မြန်မာ့အသံတီဗွီမှ ထုတ်လွင့်ပြသသွား
သော ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ဦးကိုကို ပြောကြားသွားခဲ့ခြင်း
အပေါ် ဦးညီညီအောင် အနေနဲ့ ဘာများပြောကြားခြင်ပါသလည်း....

ဖြေ။   ။ကျွန်တော်တို့ လူမှု့အဖွဲ့အစည်းဘာ့ကြောင့်(ဘာ့ကြောင့်) ယခုလိုလိုက်ပါ ကူညီ
ပံ့ပိုးဆောင်ရွက်နေရတယ်ဆိုတာ ပြည်မြို့နေမိဘပြည်သူများအပါအ၀င် တစ်နိုင်ငံလုံးသိအောင်
 ပြည်သတင်းမှ တဆင့် ဖြေကြားပေးပါ့မယ်ခင်ဗျာ... နံပါတ်(၁)အချက်က ကျွန်တော်တို့ဟာ အများအကျိုးကို ဆောင်ရွက်နေကြတဲ့ ပရဟိတ(ပရဟိတ)သမားတွေဖြစ်နေတော့ ယခုလို ကျောင်းသားတွေလုပ်တဲ့ ကိစ္စဟာဖြင့် အနာဂတ်မျိုးဆက်တွေအတွက် ကောင်းမွန်လာနိုင်တဲ့ အများအကျိုးဖြစ်နေတော့ ထောက်ခံတာ တစ်ချက်ပါ...

(၂)အချက်က ကျွန်တော်တို့ဟာ ပရဟိတသမားတွေပီပီ  လူသားချင်းစာနာစိတ်နဲ့ ကျောင်းသားများရဲ့  ကျန်းမာရေး စောင့်လျှောက်မှု့နဲ့ လိုအပ်တဲ့ဆေးဝါးတွေ အကူအညီတွေပေးနိုင်အောင်လို့ လိုက်ပါကြတာဖြစ်ပါတယ်။..

ဒီနေရာမှာ ကျောင်းသားရယ်မလို့ လိုက်ပါကူညီတာမျိုးမဟုတ်ပါဘူး ပြည်သူ့ရဲတွေ အခြားဌာနဆိုင်ရာတွေ ပြည်သူ့စစ်သားတွေ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရင်လည်း ယခုလို ကျန်းမာရေးစောင့်လျှောက်မှု့တွေနဲ့ လိုအပ်တဲ့အကူအညီတွေကို သူတို့နဲ့အတူတူ လိုက်ပါကူညီဆောင်ရွက်ပေးဖို့အသင့်ပါပဲ နောက်ဆုံးကုန်ကုန်ပြောရရင် သမ္မတကြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ရင်လည်း ကျန်းမာရေးစောင့်လျှောက်မှု့တွေ လိုအပ်တဲ့အကူအညီတွေပေးဖို့ အမြဲအသင့်ရှိနေပါတယ် ....လို့ မိုးမေတ္တာနာရေးကူညီမှု့
အသင်း(ပြည်) အတွင်းရေးမှုး ဦးညီညီအောင်မှ ပြန်လည်ဖြေကြားသည်။...

မေး။   ။လတ်တလော ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေဘယ်လိုရှိနေပါလည်း...

ဖြေ။   ။လတ်တလောကျောင်းသားတွေရဲ့ ကျန်းမာရေးကတော့ အဓိကခြေထောက်တွေအရမ်းနာနေကြလို့ လမ်းသိပ်မလျှောက်နိုင်ကြသူများ ၊ အကြောထုံးပြီးအရမ်းနာသူတွေများနေတယ် ၊ နေ့စဉ်ပင်ပန်းပြီး အိပ်ရေးပျက်တာတွေများတော့ အားနည်းပြီး မှုးမောနေတဲ့ကလေးတွေအရမ်းများနေတာပေါ့...ဟုပြည်သတင်းလူငယ်(ပြည်သတင်း)မေးမြန်းချက်များကို မိုးမေတ္တာနာရေးကူညီမှု့
အသင်း(ပြည်) အတွင်းရေးမှုး ဦးညီညီအောင်မှ ပြန်လည်ဖြေကြားသည်။.........


ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page