Saturday, November 22, 2014

ပေါင်းတလည်မြို့ ရွာမကျေးရွာအုပ်စုတွင် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ မိုးပွင့်အဆင့်(၇)နိုင်ငံရေးစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ ပြည့်သဲမောင်(ပြည်)

Leave a Comment



ပေါင်းတလည်မြို့ ရွာမကျေးရွာအုပ်စုတွင် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ
မိုးပွင့်အဆင့်(၇)နိုင်ငံရေးစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ပေါင်းတလည်မြို့ ရွာမကျေးရွာ
အုပ်စုတွင်နိုဝင်ဘာလ(၂၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့် ပြည်မြို့နယ်၊လူ
ဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မိုးပွင့်(၇)နိုင်ငံသားစိစ
စ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ရွာမကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင်ကျင်းပ
ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး(အနောက်)၊လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး
ဦးမောင်မာင်သန်း ၊ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမော်ထွန်း ၊ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်
အောင် ၊ပြည်မြို့နယ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးဇော်ဇော်ဦး ၊ရွာမကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး ဦးအောင်ချိုအေး ၊ ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများ ၊အထောက်အကူ
ပြုအဖွဲ့များနှင့်ကျေးရွာနေ ပြည်သူလူထု(၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
ထိုပေးအပ်ပွဲအခမ်းအနားတွင် ရွာမကျေးရွာအုပ်စုရှိ ကျေးရွာ(၈)ရွာမှ နိုင်ငံသားစိစ
စ်ရေးကတ်ပြား ဆောင်ရွက်သူ(၁၉၂)ဦးတို့အား ပဲခူးတိုင်ဒေသကြီး(အနောက်ပိုင်း)
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီး
ဌာနမှူး၊ခရိုင်ဦးစီးဌာနမှူးတို့မှတစ်ဦးချင်း နီုင်ငံရေးစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့ပြီး
ပြည်မြို့နယ်တွင်မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့ထိ(
၁၄၄၂၈)ဦးဆောင်ရွက်ပေးပြီးဖြစ်ကြောင်းသတင်းရရှိသည်။


သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ လ၀ကရုံး

0 comments:

Post a Comment

Facebook Like Page