Friday, November 28, 2014

ပျူမြို့ဟောင်းများတွင် ကမ္ဘာ့အမွေနှစ် ကျောက်စာတိုင်များ လိုက်လံစိုက်ထူ

Leave a Comment

ရေခဲ (ပြည်) 

ပျူမြို့ဟောင်းဖြစ်ကြသည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာရှေးဟောင်း မြို့များတွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) ယူနက်စကို အသိမှတ်ပြု WORLD HERITAGE LOGO တံဆိပ်ပါ ကမ္ဘာ့အမွေနှစ် အသိအမှတ်ပြု ကျောက်စာတိုင်များကို စတင်စိုက်ထူနေပြီဟု သရေခေတ္တရာ မြို့ဟောင်းတူးဖော်ရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။

“ကျောက်စာတိုင်တွေကို မြို့ဟောင်းသုံးမြို့စလုံးမှာ စတင်စိုက်ထူနေပြီ။ အင်္ဂတေမံတာတို့ သပ်ရပ်လှပ အောင်ဆောင်ရွက်တာက တစ်ပတ်၊ ဆယ်ရက် လောက်တော့ ကြာဦးမယ်။ ပြီးမှဖွင့်ပွဲ ကို ဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ကျောက်စာတိုင်များကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်စိုက်ထူခြင်းဖြစ်ပြီး လက်ရှိတွင် သရေခေတ္တရာမြို့ဟောင်း အဝင်ဝ နဂါးတွန့် တံခါးအနီး၌ ကမ္ဘာ့ အမွေအနှစ် အသိအမှတ်ပြု ကျောက်စာတိုင်ကို စိုက်ထူနေသည်။
ဖွင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်သွားရန် စီစဉ်နေကြသည်။

 သရေခေတ္တရာမြို့အဝင်တွင် စိုက်ထူထားသည့် ကျောက်စာတိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရေခဲ (ပြည်)

မဇ္ဈိမ

0 comments:

Post a Comment

Facebook Like Page