Saturday, November 29, 2014

“ပညာရေးစနစ်”ကို ဆန့်ကျင်သည့် စာတန်းများ ပြည်တက္ကသိုလ် နံရံမှာရေးဆွဲထား

Leave a Comment

“ပညာရေးစနစ်”ကို ဆန့်ကျင်သည့် စာတန်းများ ပြည်တက္ကသိုလ် နံရံမှာရေးဆွဲထား

ပြည်မြို့ ရွှေတချောင်းလမ်းပေါ်က ပြည်တက္ကသိုလ် မျက်နှာစာ အုတ်နရံတွေမှာ
စစ်ကျွန်ပညာရေးစနစ်အလိုမရှိ၊ EDUCATION IS NOT SALE, WE ARE STUDENT NO
CUSTOMER ဆိုပြီး မှုတ်ဆေးနဲ့ရေးထားတဲ့ စာတန်းတွေကို ဒီကနေ့ မနက်ပိုင်းက တွေ့မြင်ခဲ့ရပါတယ်။
အမျိုးသားပညာရေး ဥပဒေကို ဗကသကျောင်းသားတွေက ဝိုင်းဝန်းကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဆန္ဒဖေါ်ထုတ်နေတဲ့ အချိန်မှာ ပြည်မြို့မှာရှိတဲ့ တက္ကသိုလ်အနီးမှာလည်း တွေ့ခဲ့ရတာပါ။
အမျိုးသားပညာရေးဥပဒေကို နည်းမျိုးစုံဖြင့်ကန့်ကွက်နေတဲ့အပေါ် ကြိုဆို ထောက်ခံကြောင်းနဲ့ အခုကိစ္စဟာ မြေလတ် ဗကသ နဲ့ ပတ်သတ်ဆက်နွယ်မှုမရှိဘူးလို့ ပြည်နည်းပညာတက္ကသိုလ်က မြေလတ် ဗကသ ကော်မတီ အဖွဲ့ဝင် ကိုသန့်ဇင်ထွန်းက ပြောပါတယ်။
“ကျနော်တို့ကတော့ အမျိုးသားပညာရေးဥပဒေကို နည်းမျိုးစုံနဲ့ ကန့်ကွက်လာတဲ့အပေါ်မှာ ကြိုဆို ထောက်ခံပါတယ်။ ကျနော်တို့ဘက်ကတော့ ပြည်သူလူထု ပူးပေါင်းပါဝင်လာမဲ့ လှုပ်ရှားမှုမျိုးနဲ့သာ
ဆက်လက်ဆန္ဒဖေါ်ထုတ်သွားမှာပါ။ အခုလိုလုပ်တာနဲ့ ပတ်သတ်ပြီးတော့ ကျနော့အဖွဲ့ ကလုပ်တာ ပတ်သက်ဆက်နွယ်တာမရှိပါဘူး။ Anonymous Burma လှုပ်ရှားမှုတွေနဲ့ တူနေလို့ ကျနော်တော့ အဲဒီ့အဖွဲ့လို့ပဲ ထင်ပါတယ်။” လို့ သူကဆိုပါတယ်။
လက်ရှိပညာရေးစနစ်ပြောင်းလဲဖို့ လိုအပ်တဲ့အတွက် ဥပဒေအသစ်ရေးဆွဲမယ်ဆိုရင် သက်ဆိုင်ရာနယ်ပယ်က ကျောင်းဆရာများနှင့်ကျောင်းသားထုတွေ ပါဝင်သင့်တယ်လို့ ပြည်မြို့ ပညာရေးအသိုင်းအဝိုင်းကဆရာတဦးက ပြောပါတယ်။
“အခုပညာရေးဥပဒေအသစ်က ဗဟိုချုပ်ကိုင်မှုတွေရှိသလို ပညာရေးနဲ့သက်ဆိုင်တဲ့ နယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေမပါသလို ကျောင်းဆရာ၊ ကျောင်းသားထုတွေမပါဝင်တဲ့အတွက် ဘာမှ ထူးခြားမှု ရှိလာမှာမဟုတ်ပါဘူး။ ကျောင်းသားတွေ လူသိရှင်ကြားဆန္ဒထုတ်ဖေါ်ကြတာရှိသလို အခုလို ဆန့်ကျင်
ကန့်ကွက်မှုမျိုးတွေအပေါ်မှာလည်း ထောက်ခံအားပေးပါတယ်။ တိုင်းပြည်တခု ပြန်လည် ထူထောင်မယ်ဆိုရင် ပညာတတ်တွေနဲ့ ထူထောင်မှသာအမြန်ဆုံးအကျိုးသက်ရောက်မှုရှိလာနိုင်မှာလေ။”
ဘယ်အချိန်က လာရေးသွားတယ်ဆိုတာ မသိရပေမယ့် ဒီကနေ့ မနက် ၉ နာရီအချိန်ထိ သက်ဆိုင်ရာ တက္ကသိုလ်က တာဝန်ရှိသူတွေက အဲဒီစာတန်းတွေကို မဖျက်ထားသေးပါဘူး။

ကောင်းမြတ်မင်း၊ ဧရာဝတီ

0 comments:

Post a Comment

Facebook Like Page