Wednesday, October 29, 2014

လက်ပံတန်းမြို့တွင် တစ်ဦးတည်းနေသူ အဘွားအိုတစ်ဦး အသတ်ခံရ

Leave a Comment
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ဘီလင်းတန်းရပ်ကွက်၊ ဘီလင်းတန်း လမ်း အိမ်အမှတ် (၄၅) ၌ တစ်ဦး တည်းနေထိုင်သည့် အဘွားအိုတစ် ဦးထံမှ ပစ္စည်းတစ်စုံတစ်ရာ ရလိုမှု ဖြင့် လည်ပင်းညှစ်သတ်၍ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁ဝ နာရီခန့်အထိ သေ ဆုံးသူ ဒေါ်တင်အိ အသက် (၇၂) နှစ်အား ပတ်ဝန်းကျင်မှ နေထိုင်သူ များက မတွေ့ရှိရခြင်း၊ တံခါးများပိတ် ထားခြင်းတို့ကြောင့် အိမ်အတွင်းသို့ အော်ခေါ်သော်လည်း မည်သည့်အသံ မျှ မကြားရသဖြင့် အိမ်၏ပြတင်းပေါက် တံခါးအား ဖွင့်ကြည့်သည့်အခါ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေ နှောက်ထားသည်ကို တွေ့ရှိရသဖြင့် အိမ်နီးနားချင်းများက လက်ပံတန်း မြို့နယ်၊ မြို့မရဲစခန်းသို့ အကြောင်း ကြားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ညီ မဝမ်းကွဲတော်စပ်သူ ဒေါ်ဋ္ဌေးဋ္ဌေးရီ ထံ သက်ဆိုင်ရာမှ ဒေါ်တင်အိနေ အိမ်အတွင်း သေဆုံးနေကြောင်း လာရောက်အကြောင်းကြားသဖြင့် ဒေါ်ဋ္ဌေးဋ္ဌေးရီသည် အစ်မဖြစ်သူနေ အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ အစ်မဖြစ်သူ အဒေါ်တင်အိသည် နေအိမ်အိပ်ခန်းအတွင်း၌ ပက်လက် လန်လဲကျသေဆုံးနေပြီး ၄င်း၏မျက်နှာ တွင် အဝတ်အုပ်ထား၍ အဝတ်နှင့် မျက်နှာပေါ်တွင် နနွင်းမှုန့်များ ပြန့် ကျဲကာ သေဆုံးနေကြောင်းနှင့်ဗီရို များအတွင်းမှ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့်အခြားပစ္စည်းများအပြင် သို့ ရောက်ရှိပြန့်ကျဲနေသည်ကို တွေ့ရှိရသဖြင့် နံနက် ၁ဝ နာရီခွဲ တွင် ဒေါ်ဋ္ဌေးဋ္ဌေးရီက မြို့မရဲစခန်း ၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား မြို့မရဲစခန်း မှ (ပ)၃၉၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဒုရဲ မှူးစန်းမြင့်မှ အမှုစစ်အဖြစ် ဆောင် ရွက်လျက်ရှိကာ တရာခံအား အမြန် ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

WT(Lpd)
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

Facebook Like Page