Wednesday, October 29, 2014

ကျိုက်ထီးရိုးတောင်တွင် ရေလုံလောက်ပြီး အခမဲ့ရေပေးနိုင်ရေး ဆောင်ရွက်မည်

Leave a Comment
ကျိုက်ထီးရိုးစေတီအ၀င်မုခ်ဦးဝန်းကျင်ကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ကျိုက်ထီးရိုးဘုရားဖူး ခရီးသည်များနှင့် အစဉ်အမြဲနေထိုင်သူများ ရေလုံလောက်စွာရရှိရေးနှင့် အခမဲ့ရေသုံးစွဲနိုင်ရေးအတွက် ပြည်နယ်အစိုးရဌာနနှင့် ဂေါပကအဖွဲ့များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ ၏ စီမံချက်အဖြစ်  ရေအချိန်ကြာကြာ ထုတ်ယူနိုင်မည့် နေရာကို ပြည်နယ်အစိုးရနှင့် ဂေါပကအဖွဲ့က ကွင်းဆင်းလေ့လာနေခြင်း ဖြစ်သည်။

‘‘ကျိုက်ထီးရိုးလာတဲ့သူတွေက ရေကိုအမြဲဝယ်သုံးနေရတဲ့အတွက် အခုလိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သတင်းစာတွေ ဂျာနယ်တွေက ဘုရားပေါ်မှာ ရေ၀ယ်သုံးနေရတယ်ဆိုတာပဲ ပါနေတဲ့အတွက် ရေကို နှစ်စဉ်အခမဲ့ပေးဝေနိုင်တဲ့အထိကို လုပ်သွားမှာ ဖြစ်တယ်။ အခုကွင်းဆင်းလေ့လာ ထားပြီးပြီ၊ အကောင်အထည်ဖော်ဖို့အတွက်က ဆက်ပြီးဆွေးနွေးသွားမှာပါ’’ဟု ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဌေးဝင်း က ပြောသည်။

 သောက်သုံးရေအချို့နှင့် အိမ်သာများကို ၂၀၁၃ မှစ၍ အခမဲ့စနစ်ဖြင့် စီစဉ်ဆောင်ရွက်ထားပြီး သောက်သုံးရေများကို  မိုးကုတ် ချောင်း၊  ကိုးန၀င်းချောင်းနှင့် ရ သေ့တောင်၌ ကန်တူးဖော်၍ ရေ လှောင်ကာ လိုအပ်သည့် ရေများကို ထုတ်ယူသုံးစွဲနေကြရခြင်း ဖြစ်သည်။ သို့သော် ယင်းနေရာအချို့ တွင် ရေစတင်ခန်းခြောက်ပြီ ဖြစ် ၍ အခက်အခဲရှိနေကြောင်း ၎င်း က ပြောသည်။

‘‘အရင်ကတော့ ၀ယ်သုံးနေရတာ အခုလို အခမဲ့လုပ်ပေးတော့မှာဆိုတော့ ပိုကောင်းတာပေါ့။ ဘုရာဖူးလာသူတွေရော ဒီ မှာရှိနေတဲ့ သူတွေပါ ရေမလုံလောက်တာတွေနဲ့တော့ မကြုံဖူးသေးပါဘူး။ ပေးဝယ်ရတာ တစ်ခုတော့ရှိတာပေါ့။ ရေကို ၀ယ်ရတာ တစ်စည်ကို သုံးရာကနေ ငါးရာအထိရှိပါတယ်’’ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်က ပြော သည်။

ယင်းသို့ သောက်သုံးရေများ ကို ၀ယ်ယူသုံးစွဲကြရာတွင် အခက်အခဲများပေါ်ပေါက်ရသည့် အခြေအနေများကြောင့် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့ ထံ တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်။ တောင်းဆိုချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့က စီမံချက်အား  အကောင်အထည်ဖော် ဆောင်ရွက်ရန် ချမှတ်လိုက်ခြင်း ဖြစ်၍ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

0 comments:

Post a Comment

Facebook Like Page