Thursday, September 18, 2014

အညတရမှတ်တမ်း(၇) (ပြည်သတင်း/ဆောင်းပါး)

Leave a Comment

အညတရမှတ်တမ်း(၇) (ပြည်သတင်း/ဆောင်းပါး)
********************************

သရ၀ဏ်(ပြည်)

ကျွန်တော်သည်တက္ကသိုလ်ဘုန်းနိုင်၏စိမ်းနေဦးမည်.ကျွန်တော်.မြေစာအုပ်ကိုနေ.စဉ်သဲကြီးမည်းကြီးဖတ်ရာတစ်လအကြာတွင်ပြီးဆုံးသွား၏။ကလေးဘ၀အသိဥာဏ်ဖြင်.ဖတ်ရသောကြောင်.စာပေ၏အရသာကိုအပြည်.အ၀တော.ရသည်မဟုတ် ။သို.သော် စာအုပ်မှစိတ်ဝင်စားဖွယ်ကောင်းသည် ။ အထူးသဖြင်. စာအုပ်အဖွင်.တွင်ရေးသားထားသည်မှာဝတ္တု၏အဓိကဇာတ်ကောင်(မင်းသား)သည် အဝေးတစ်နေရာတွင်နေထိုင်ရာမှ ဇာတိဖြစ်သော ပြည်မြို.သို.ပြန်လာသည်.အခန်းကို စတင်ရေးဖွဲ.ထားရာ ပြည်သားဖြစ်သောကျွန်တော်.အတွက် ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးထားသမျှကို မျက်စေ.ထဲတွင်ကွက်ကွက်ကွင်းကွင်းပေါ်လွင်ကာဖတ်၍အရသာရှိလှပါသည် ။ ၀တ္တုထဲမှ နောက်ထပ်ဇာတ်ကောင်တစ်ဦးဖြစ်သော ရူးသွပ်နေသည်. ဦးကြီးတစ်ယောက်၏ ဒိုင်ယာလော.(ခ်) များကိုလည်း သဘောကျနှစ်သက်မိပါသည် ။အထူးသဖြင်. ၀မ်းသွားရာတွင်အရောင်လှအောင် (ရွှေရောင်အဆင်းရအောင် ) ဥသျှစ်သီးမှည်.ကိုစားရသည် ဟူသော စကားကိုယခုထက်တိုင်မမေ.နိုင်အောင်စွဲနေမိပါသည် ။ကျွန်တော်တို.သည် ကလေးပီပီ စူးစမ်းစိတ်ဖြင်. ဥသျှစ်သီးများစားကြည်.ကြပါသည် ။ ဘာပဲပြောပြောကျွန်တော်သည် ထိုခေတ်ကစံတင်ရသောစာရေးဆရာကြီးတစ်ယောက်၏ လုံးချင်းဝတ္တုတစ်ပုဒ်လုံးကိုတော. အသက်ဆယ်နှစ်မှာပင်အစအဆုံးဖတ်နိုင်ခဲ.ပြီဖြစ်သည် ။အမြတ်ထွက်သည်မှာ စာအုပ်အထူကြီးများကိုဖတ်ဖို. မကြောက်တော.ခြင်းဖြစ်သည် ။ နောက်တော.ကျွန်တော်သည် စာဖတ်ရတာကိုတဖြည်းဖြည်းဝါသနာပါလာသည် ။ တက္ကသိုလ်ဘုန်းနိုင်၏ ၀တ္တုများကိုလည်းဆက်ဖတ်သည် ။ နွေကန္တာဦး မှာကျွန်တော်အကြိုက်ဆုံးဝတ္တုဖြစ်သည် ။ နောက်တော. သူငယ်ချင်းလို.ပဲဆက်၍ခေါ်မည်ခိုင်ကိုဖတ်သည် ။ နှင်းငွေ.တစ်ထောင်.မိုးတစ်မှောင်.ကိုဖတ်သည် ။ ချစ်သောဤကမ္ဘာကိုဖတ်သည် ။ ဦးကြီးဘထိုက်ကိုဖတ်သည် ။ တက္ကသိုလ်ဘုန်းနိုင်စာအုပ်များအားလုံးနီးပါးဖတ်၍ကုန်သွားသောအခါ ကျွန်တော်သည် နောက်ထပ် Cassic တစ်ခုကိုထပ်ကိုင်သည် ။ နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ။ နွေတစ်ည ။ မသိန်းရှင်ဆီပို.ပေးပါ ။ ရေဆန်လမ်း ။ တဖြည်းဖြည်းနှင်.ကျွန်တော်.စာဖတ်ရှိန်မြင်.လာသည် ။ အသက်ကသိပ်ကြီးသေးသည်မဟုတ် ရှစ်တန်းကိုးတန်းလောက်ပဲရှိသေးသည် ။ တော်တော်ဖတ်နေပြီဖြစ်သည် ။ ကျွန်တော်ငါးတန်းတွင်အမေဖတ်နေသော စာအုပ်တစ်အုပ်ကို ယူကြည်.မိသည် ။ ဆွေလှိုင်ဦးရေးသော “ အင်.” ဆိုသည်.၀တ္တုဖြစ်သည် ။ဖတ်ကြည်.သည် ။မဆိုး ။သို.သော်တက္ကသိုလ်ဘုန်းနိုင်လောက်မကြိုက် ။ သိပ်မကြိုက်လဲဆွေလှိုင်ဦးကိုစမ်းဖတ်ကြည်.မိသည် ။ လေဟုန်စီး၍မြေကြီးတုန် ။ မအေးပွင်.မြင်.မြင်.စမ်းလမ်းသုံးဆယ် ။ ဂျက်မ ။ ဆိုးတော.မဆိုး ၊မြန်မာဂျိမ်း(စ်)ဘွန်းကားကြည်.ရသလိုခံစားရသည် ။ နောက်တော.ကျွန်တော်စာမျိုးစုံဖတ်တော.သည် ။ တရုတ်သိုင်းလဲဖတ်သည် ။မင်းသိင်္ခလဲဖတ်သည် ။ ပီမိုးနင်းလဲဖတ်သည် ။ဒဂုန်ရွှေမြား ၊ ရွှေဥဒေါင်း ၊ သော်တာဆွေ ၊အီကြာကွေး ၊ကြပ်ကလေး ၊ တင်.တယ် ၊ သာဓု ၊သုခ ။ စာပေပိုးသည်ကျွန်တော်.တစ်ကိုယ်လုံးသို.ပျံ.နှံ.၀င်ရောက်သွားသည် ။ အသက်ကားအလွန်ငယ်သေး၏ ။ သက်တူရွယ်တူ ဆော.ဖော်ဆော.ဖက် ကလေးထဲတွင်ကျွန်တော်.လောက်စာဖတ်သူရှိမည်မထင်။ ကျွန်တော်သည်ကလေးဘ၀ လွပ်လွပ်လပ်လပ်ဆော.ကစားနေရင်းတစ်ဖက်မှ စာအုပ်များကိုအငမ်းမရဖတ်နေသည်မှာ စာရေးဆရာလုပ်မည်ဟူသောရည်ရွယ်ချက်ရှိ၍လည်းမဟုတ် ။ ကြွားဝါချင်သောကြောင်.လည်းမဟုတ် ။လူအထင်ကြီးခံချင်၍လည်းမဟုတ် ။ ဖတ်ချင်စိတ် ၀ါသနာကြောင်.ဖတ်ဖြစ်နေခြင်းဖြစ်၏ ။ ထိုအကျိုးကျေးဇူးမှာကျွန်တော်သည် ငယ်စဉ်ကပင် မြန်မာစာ စာစီစာကုန်းရေးရာ၌ တစ်ခါမျှအလွတ်ကျက်၍ရေးရသည်မရှိ ။ကိုယ်.ဘာသာအဆင်ပြေသလိုကြည်.၍ ဘာခေါင်းစဉ်ပဲလာလာရေးနိုင်လာသည် ။
ဤသို.စာတွေပေတွေလေ.လာနေသော်လည်းကျွန်တော်သည်ဂနာငြိမ်သူမဟုတ် ။ မျောက်ရှုံးအောင်ဆော.သူဖြစ်သည် ။ ပေါက်ပေါက်ရှာရှာတွေအကုန်လုပ်၏ ။ ကျွန်တော်.သူငယ်ချင်းအသဲသည် လည်းကျွန်တော်.လိုပင်ပေါက်ပေါက်ရှာရှာအကုန်လုပ်သူဖြစ်သည် ။ အသဲသည် အင်္ဂလိပ်ရုပ်ရှင်ကားများတွင် အမျိုးသမီးတစ်ယောက်အား လူဆိုးက မတရားကြံစည်စော်ကားသောအခါအမျိုးသမီးက “ နိုး “ ဟုငြင်းဆန်အော်ဟစ်သည်.အသံကို အတုခိုးလုပ်ပြလေ.ရှိသည် ။ ကျွန်တော်တို.ကပျင်းလျှင် အသဲရေ နိုးဗြိ လေးလုပ်ပြပါဦးဟုပြောလေ.ရှိသည် ။ နိုး ဗြိ ဟုပြောရခြင်းမှာ ရုပ်ရှင်ထဲတွင်အမျိုးသမီး၏ နိုးဟုအော်သံနှင်. အ၀တ်အစားကိုလူဆိုးကဆွဲဖြဲလိုက်သော “ ဗြိ “ ဟူသည်.အင်္ကျီပြဲသံမှာတဆက်တည်းလိုလိုပေါ်ပေါက်လာတတ်၍ဖြစ်သည် ။ အသဲသည်ကျွန်တော်တို.ပွဲတောင်းပြီဆိုလျင် အ၀တ်ဟောင်းအစတစ်စကိုလက်ထဲတွင်အသင်.ကိုင်ထားကာ မဟားဒယားပြုကျင်.ခံရသောမိန်းကလေးတစ်ယောက်၏ရုပ်ရှင်ထဲမှအော်သံမျိုးနှင်. “ နိုး “ ဟုသံရှည်ဆွဲအော်ဟစ်ရင်း လက်ထဲတွင်ကိုင်ထားသောအ၀တ်စကို ဗြိကနဲ ဆွဲဖြဲ လိုက်သည် ။ ထိုအခါ နိုး ဟူသော ငြင်းဆန်သံနှင်.ဗြိ ဟူသော အင်္ကျီပြဲသံမှာတပြိုင်နက်တည်းပေါ်လာလေ.ရှိသည် ။ကျွန်တော်တို.သည် မိန်းကလေးများကိုစော်ကားချင်သောရည်ရွယ်ချက်တော.မရှိပါ ။ အသဲတီထွင်လာသောကစားနည်းကို ကြံကြံဖန်ဖန်ကစားကြခြင်းဖြစ်သည် ။ ယခုထက်တိုင်ကျွန်တော်သည် ထို ကစားနည်းကိုသားနှစ်ယောက်အားပြန်လုပ်ပြမိပါသည် ။ မိန်းမက မုဒိန်းမှုအားပေးဖြစ်နေသည်ဟုဆိုကာကျွန်တော်.ကိုဆဲပါသည် ။ ငယ်ငယ်ကတော.ဘာမသိညာမသိ ဆော.ကစားမိကြခြင်းပင်တည်း ။
အသဲနှင်.ကျွန်တော် နောက်ထပ် စိတ်သဘောခြင်းကိုက်ညီသောအချက်ရှိသေးသည် ။ ကန်ရာသီတော်သလင်းလသို.ရောက်တိုင်း သုနခဘွဲ.ခံ အောင်နက်တို. ဂုတ်ကျားတို. ၊ဖြူမ တို. ၊ဘိုမ တို. ကဲကြသဲကြသည်ကိုလူတိုင်းမမြင်ချင်အဆုံးကြုံဖူးကြပေမည် ။ခွေးတိုသည် လူတို.ကဲ.သို. ဟိုတယ် ၊ မိုတယ် ၊ အင်း ၊ Guest House များသို.သွားရောက် တော်သလင်းပွဲ ဆက်ရှင်ကြေးနှင်.ဆင်နွှဲရန်အတိတ်ကံအကျိုးပေးအားနည်းသည်ဖြစ်ရာ ကြုံရာကျပန်းရလာသည်.အခွင်.အရေးကို ကြုံသည်.နေရာ လမ်းဘေး၊ ဈေးဘေး ၊ကျောင်းဘေး ၊ခြုံပုတ်ဘေး ၊ ကွင်းပြင်ဘေးတွင်သာ လည်သလို ကြည်.၍ မီးစင်ကြည်.ကရလေသည်ကိုအသင်တို.အားလုံးသိပြီးဖြစ်ပေလိမ်.မည် ။ ထိုသို. ခွေးတို.ဘာသာဘာဝ တော်သလင်းဇာတ်ခင်းနေကြသည်များကို ကျွန်တော်နှင်. အသဲသည်အလွန်မြင်ပြင်းကပ်သည် ။ ကလေးဖြစ်သဖြင်. သဘာဝဆိုတာလည်းကျွန်တော်တို.မသိ ။လက်သင်.မခံနိုင် ။အင်မတန်မသင်.လျှော်သောကိစ္စတစ်ခုကို တိရိစ္ဆာန်များဆောင်ရွက်နေကြသည်ဟုအယူရှိပြီး ခွေးနှစ်ကောင်ပူးကပ်နေသည်ကိုမြင်သည်နှင်. ကျွန်တော်တို.နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်မျက်စပစ်လိုက်ကြပြီး ၀ါးလုံးတစ်လုံးကို ယူကာ ခွေ.နှစ်ကောင်ပေါင်ကြားမှလျှိုသွင်းလိုက်ပြီး တစ်ယောက်တစ်ဖက်ဝါးလုံးစွန်မှကိုင်ကာ ဆွဲမြှောက်လိုက်ခြင်းဖြင်. ချစ်ဂဟေဆက်နေသော အောင်နက်နှင်. ဖြူမသည် ဗြုန်းနဲ ကိန္နရာချောင်းခြားသလို တစ်ယောက်တစ်ကွဲဖြစ်သွားပေ၏ ။ ထို.နောက်ယောင်ချာချာဖြစ်သွားသောခွေးတို.ကိုကြည်.ကာကျွန်တော်နှင်.အသဲသည် အလွန်ဝမ်းသာကြေနပ်လေ.ရှိကြ၏ ။နောက်တစ်ခုမှာပြည်မြို. အ.ထ.က(၁) ကျောင်းဘေးမှ ဗလီကွင်းဟုခေါ်သော ကွင်းကြီးထဲတွင်မြင်းများကိုလွှတ်၍ကျောင်းလေ.ရှိရာ တစ်ခါတစ်ရံတွင်တိရိစ္ဆာန်သဘာဝ မြင်းထီးသည်မြင်းမအနားသို.ကပ်ကာပရောပရီပြုမူရန်ကြိုးပန်းလျက်ရှိပါသည် ။ ထိုအခါတွင် ၎င်းကိစ္စမျိုးကိုသည်းမခံနိုင်သော ကျွန်တော်နှင်.အသဲသည် သားရေကွင်း (ဒိုးကြီး )ဖြင်. မြင်းထီး၏ငယ်ပါကို ပစ်ခွင်းနှိမ်နှင်းလေ.ရှိသည် ။ထိုအခါမြင်းသည်အခံရခက်လှသဖြင်. ကျယ်လောင်စွာဟီပြီးထွက်ပြေးတော.သည် ။ ထိုကိစ္စများမှာအရွယ်မရောက်ခင်ကလေးဘ၀က မသိနားမလည်၍ ပြုမိခဲ.ခြင်းဖြစ်ပါသည် ။ ထိုမကောင်းမှုအကျိုးဆက်ကားနောင်အခါတွင်ဝဋ်ကောင်းကောင်းလည်ပေတော.၏ (မည်သို.၀ဋ်လည်သည်ဆိုခြင်းကိုမသိချင်ကြကုန်နှင်. ) ။ ထို.ကြောင်.ကျွန်တော်သည် ကုသိုလ်ဖြည်.သည်.အနေနှင်.ယခုအခါတွင် တော်သလင်းလသို.ရောက်တိုင်း နေရာအခက်အခဲဖြစ်နေသော ပူးတွဲချန်ပီယံ သုနခစုံတွဲတို.အား ၊ ခြံထဲသို.ဆွဲသွင်းကာကောင်းမွန်စွာနေရာထိုင်ခင်းပေးပေ၏ ။ တော်သလင်းကာလမဟုတ်သော်လည်း ခွေးတို.အား ရေတိုက်ခြင်း ၊ အစားအစာကျွေးမွေးခြင်း၊ မြင်းများအား မြက်ကျွေးခြင်း များကို ဒါနပါရမီ ဘ၀တိုင်းမီစေရန် အာစိန္နကံ ပြုမူဆောင်ရွက်ရပေ၏ ။ ဤကားကျွန်ုပ်၏ ကြီးမားလှပေသောဒါနခန်းပေတကား ။
အပျော်များအားလုံးဆိတ်သုဉ်းသွားခြင်း
ဤသို.ပျော်ရွှင်စွာနေလာရင်း ကျွန်တော်၏ကလေးဘ၀အပျော်များအားလုံး နိဂုံးချုပ်ရသည်.နေ.တစ်နေ.သို.ရောက်လာ၏ ။ထိုစဉ်ကကျွန်တော်သည် အသက်(၁၂) နှစ် ။ခြောက်တန်းအောင်၍ ခုနစ်တန်းတက်ရမည်.အချိန်ဖြစ်သည် ။ ကျွန်တော်သည်ငယ်စဉ်ကပင် ဘောလုံးကန်တာအလွန်ဝါသနာပါပါသည် ။ ဘောလုံးလည်းအတော်ကျွမ်းကျင်စွာကန်တတ်ပါသည် ။ ဒီဇင်ဘာလသို.ရောက်တိုင်း ဘောလုံးအသင်းဖွဲ.ကာ ကလေး ဘောလုံးပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်မြိုင်ပါသည် ။ အားအားရှိလျင် ရပ်ကွက်ထဲတွင်ဘောလုံးကန်တိုင်းကစားနေကြပါသည် ။ ထိုနေ.တွင်ကျွန်တော်သည်ခါတိုင်းနေ.များလိုပင် သူငယ်ချင်းများနှင်.ဘောလုံးကန်နေပါသည် ။ သို.သော်နေလို.မကောင်းပါ ။ ကျွန်တော်. ခါးထဲကလိုလို ၊တင်ပါးထဲကလိုလို ၊အရိုးထဲကလိုလို အောင်.နေပါသည် ။ ကျွန်တော်သည်မခံရပ်နိုင်အောင် နာလာသဖြင်.ဘောလုံးဆက်မကစားတော.ပဲ အိမ်သို.ပြန်လာခဲ.ပါသည် ။ အိမ်တွင်တစ်နေကုန်အိပ်နေပါသည် ။ ထိုနေ.မှစကာကျွန်တော်သည်သက်သာလာသည်မရှိပဲ တင်ပါးထဲမှ အောင်.အောင်.နေပါသည် ။ ကျွန်တော်.အမေကိုလည်းဖွင်.ပြောသဖြင်.အမေသည် ဘာလုပ်ရမလဲဆိုတာ အိမ်နားနီးချင်းများနှင်.ဖွင်.ဟတိုင်ပင်ပါသည် ။ ထိုအခါ ကျွန်တော်တို.အိမ်နားမှာဂိတ်ထိုးသောဆိုက်ကားဆရာကိုတင်ထွန်းဆိုသူက သူသိသော အနှိပ်ဆရာတစ်ယောက်ရှိကြောင်း ၊ ကျွန်တော်ခံစားနေရသော ဝေဒနာကိုအနှိပ်ဆရာကောင်းကောင်းဖြင်. နှိပ်ချလိုက်လျင် သေချာပေါက်ပျောက်ကင်းသက်သာသွားမည်ဖြစ်ကြောင်းမစားရ၀ခမန်းပြောပါသည် ။ ကျွန်တော်.တစ်သက်တာတွင် မိခင်ဖြစ်သူကိုကျေးဇူးအတင်ဆုံးအချက်မှာ စာပေဗဟုသုတရှိသောအမေသည် ဆိုက်ကားဆရာကိုတင်ထွန်းပြောတာကိုလက်မံပဲ ကျွန်တော်.ကို အနှိပ်သည်နှင်.ကုသဖို.ခါးခါးသီးသီးငြင်းဆန်ခဲ.ခြင်းပင်ဖြစ်သည် ။ ထိုအစား အမေသည်ကျွန်တော်.ကိုဆရာဝန်နှင်.ပြဖို.ကြိုးစားသည် ။ ပိုက်ဆံမတတ်နိုင်သဖြင်. ကျောင်းသားများအတွက်အခမဲ.ဖွင်.လှစ်ထားသော ပြည်ဆေးရုံကြီး ရှေ.ရှိ ကျောင်းသားဆေးခန်း ကိုသွားရောက်ပြသပါသည် (ယခုခေတ်တွင်ကျောင်းဆေးခန်းစနစ်မရှိတော.တာဝမ်းနည်းစရာဖြစ်သည် ) ။
ကျွန်တော်သည် မွေးဇာတာမဟာဘုတ်အရ အင်္ဂါ မရဏဖွားဖြစ်သည် ။ မရဏဖွားဖြစ်သဖြင်. ငယ်ငယ်ရွယ်ရွယ်နှင်.သေလျင်သေမည် ။မသေလျင်အောင်မြင်ကျော်ကြားမည်ဟု ဗေဒင်ဆရာများကဟောလေ.ရှိသည် ။ ကျွန်တော်သည် အတိတ်ကံအရ ငယ်ငယ်ရွယ်ရွယ်နှင်.သေဖို.၊ ဒုက္ခိတဖြစ်ဖို.ကံပါမလာဘူးထင်သည် ။ ကျွန်တော်.မိခင်နှင်.အတူ ကျောင်းသားဆေးခန်းသို.ရောက်သွားသောအခါ အင်မတန်တော်ပြီး ၊အင်မတန်သဘောကောင်းသော ဆရာဝန်မတစ်ဦးနှင်.တွေ.ကြုံရ၏ ။ ထိုဆရာဝန်မှာဒေါက်တာဒေါ်သန်းဌေးဟုခေါ်သည် ( ယခု ရွှေမင်းသားအကျိုးဆောင်ကုမ္မဏီပိုင်ရှင် ကိုမြတ်သူဝင်း၏မိခင်ဖြစ်သည် ) ။ ဒေါက်တာဒေါ်သန်းဌေးသည် ထိုစဉ်ကမိသားစုနှင်.အတူ ပြည်မြို.မှာနေသည် ။ သူကကျွန်တော်.ရောဂါရာဇ၀င်ကိုသေသေချာချောမေးသည် ။ကျွန်တော်ကလမ်းလျှောက်လျင် တင်ပါးဆုံရိုးထဲမှမခံမရပ်နိုင်အောင် အောင်.ကြောင်း နာကျင်ကြောင်းပြောပြသည် ။ ဒေါက်တာဒေါ်သန်းဌေးသည် လက်တွေ.စမ်းသပ်ချင်သည်ဟုဆိုပြီး ကျွန်တော်.ကိုတစ်ကိုယ်လုံးအ၀တ်အစားများချွတ်စေပြီး သူ.ရှေ.တွင်လမ်းလျောက်ပြခိုင်းသည် ။ကျွန်တော်သည်ခြေလှမ်းတစ်လှမ်းလှမ်းတိုင်းမျက်၇ည်ပေါက်ပေါက်ကျကာ လမ်းလျှောက်ပြရသည် ။ သူစိတ်ကြေနပ်အောင်လျှောက်ပြပြီးသောအခါ ဒေါက်တာဒေါ်သန်းဌေးသည် ကျွန်တော်.အရိုးကို ပြည်ဆေးရုံဓါတ်မှန်ဌာနသို.သွားကာ အခမဲ.ဓါတ်မှန်ရိုက်ခိုင်းသည် ။ ဓါတ်မှန်ရလာသောအခါ ကျွန်တော်.ဓါတ်မှန်ကို ရန်ကုန်မြို. ၊ရွှေဘုံသာလမ်းရှိ ဓါတ်မှန်ဖတ်သောဌာနသို..ပို.၍ ဓါတ်မှန်ဖတ်ခိုင်းရမည် ။ထိုအတွက် ဓါတ်မှန်ဖတ်ခကုန်ကျငွေအနည်းငယ်ကိုတောင်းရာ မိခင်ကြီးက ပေးလိုက်သည် ။ကျွန်တော်.ကိုသွေးစစ်ရန်သွေးလည်းဖောက်ယူထားလိုက်ပြီးဓါတ်ခွဲခန်းသို.ပို.လိုက်သည် ။ ထို.နောက်ကျွန်တော်တို.အိမ်ပြန်လာခဲ.ကြ၏ ။ ချိန်းသောရက်တွင်ကျွန်တော်တို.သည်ကျောင်းသားဆေးခန်းသို.ပြန်သွား၏ ။ ဆရာဝန်ဒေါ်သန်းဌေးသည် ဓါတ်မှန်အဖြေစာရွက်ကိုလက်ထဲတွင်ကိုင်ထားသည် ။ ဓါတ်မှန်ဖတ်သောအဖြေစာရွက်ကလေးတွင် ကုန်းဘောင်ဓါတ်မှန် ၊ရွှေဘုံသာလမ်း၊ရန်ကုန်မြို. ဟုရေးထားတာကိုယခုထက်တိုင်မှတ်မိ၏ ။ထို.ကြောင်.ယခုအခါကျွန်တော်သည် ရန်ကုန် ရွှေဘုံသာလမ်းထဲသို.ဖြတ်သွားရင်း ကုန်းဘောင်ဆေးခန်း ဆိုတာတွေ.တိုင်းငယ်ဘ၀ကိုသတိရမိပါသည် ။ ဒေါက်တာဒေါ်သန်းဌေးကဤသို.ပြော၏ ။
“ ကလေးက ကံကောင်းတယ် ဆေးရုံလာပြတာ နည်းနည်းနောက်ကျသွားရင်ကုလို.မရတော.ဘူး ၊ ကုလို.ရခဲ.ရင်တောင် တစ်သက်လုံးခြေတစ်ဖက်နိမ်.ပြီး ဒုက္ခတိတဘ၀ရောက်သွားလိမ်.မယ် “
“ ဘာရောဂါလဲ ဒေါက်တာ “ ဟုကျွန်တော်. အမေကမေးသည် ။ ကလေးဘ၀မှတ်ဥာဏ်တွင်မေ.မရမည်.ဒေါက်တာဒေါ်သန်းဌေး၏အဖြေကထွက်လာသည် ။
“ တော်တော်ရှားရှားပါးပါးရောဂါပဲ ၊ Bone T.B လို.ခေါ်တယ် ။ အရိုးတီဘီပေါ. ။ တင်ပဆုံအရိုးထဲကိုတီဘီပိုးဝင်သွားတာ ။ အဆုတ်မှာဖြစ်တဲ.တီဘီမဟုတ်ဘူး ၊ အဆုတ်ကကောင်းတယ် ။ တော်တော်တော.စိတ်ရှည်ရှည်ကုရလိမ်.မယ် ။ လူနဲ.ရောဂါကမမျှဘူး ။ နေ.တိုင်းဆေးထိုးရမယ် ။ ခြောက်လလောက်နေ.တိုင်းဆေးထိုးရမယ် ။ ခြောက်လပြည်.ရင် တစ်ပါတ်နှစ်ရက် ဆေးထိုးပြီး တစ်နှစ် ၊တစ်နှစ်ခွဲလောက် ထပ်ကုရမယ် ။ သောက်ဆေးလဲ နေ.တိုင်းသောက်ရမယ် ။ မှန်မှန်လာနိုင်ပါ.မလား နှစ်နဲ.ချီပြီးကုရမှာ “
အမေသည်မိနစ်အနည်းငယ် ဘာမှပြန်မပြောနိုင်ပဲ တိတ်ဆိတ်ငေးငိုင်နေ၏ ။ ကျွန်တော်.အတွက်ယူရမည်.တာဝန်မှာအင်မတန်ကြီးမားလှသည် ။ ထိုအချိန်ကအမေသည် ခေါက်ဆွဲဆိုင်ကိုရပ်နားထားကာစဖြစ်ရာ ပြည်မြို.ဈေးကြီးတွင် အမေသည် ကုန်စိမ်းရောင်းပြီး မိသားစုဝမ်းရေးကိုဖြေရှင်းနေရပါသည် ။ ထိုသို.တစ်ဖက်မှစီးပွားရှာနေရင်းကျွန်တော်.ကိုနေ.စဉ်ဆေးခန်းသို. လိုက်ပို.ရမည်.တာဝန်ကမသေးလှမှန်းအမေသည် ချိန်ဆနေပုံရသည် ။ မိသားစုထဲတွင်အားလုံးမှာ ကျောင်းသားကျောင်းသူများဖြစ်သည် ။ အဖေသည်သတင်းထောက်တစ်ယောက်အဖြစ်အမြဲတန်းအပြင်သွားသတင်းလိုက်နေသည်ဖြစ်ရာကျွန်တော်.ကိုနေ.စဉ်ရက်ဆက် အချိန်မှန်မှန်ဆေးခန်းပို.ဖို.အရေးမှာ မဖြစ်နိုင်ဖို.များနေလေသည် ။
“ ကလေးက ကျောင်းဆက်တက်လို.မဖြစ်လောက်ဘူးထင်တယ် ဒေါက်တာ “
“ ဟုတ်တယ် ဒီနှစ်တစ်နှစ် ကျောင်းထွက်ရမယ် “
“ ကျွန်မတစ်ခုလောက်တောင်းဆိုပါရစေဒေါက်တာရယ် ၊ တောင်းပန်တာဆိုရင်ပိုပြီးမှန်ပါလိမ်.မယ် “
“ ဟုတ်ကဲ.ပြောပါ “
“ ကျွန်မတို.ကစီးပွားရေးအဆင်မပြေပါဘူး ၊ ဆေးခန်းကအခမဲ.ဆေးကုပေးတယ်ဆိုပေမယ်. နေ.တိုင်းဆေးခန်းကိုလာဖို.စားရိတ်ကရှိပါသေးတယ် ။ ဆိုက္ကားခလဲ နေ.တိုင်းဆိုတော. မတတ်နိုင်ပါဘူး ၊ အဲဒိတော. သားကိုကျွန်မ စက်ဘီးနဲ.ခေါ်လာခဲ.ပါ.မယ် ။ စက်ဘီးကလဲ ဆိုင်ကငှားစီးရမှာပါ ။ တစ်နာရီတစ်ကျပ်ဆိုတော. နေ.တိုင်းကုန်ကျစားရိတ်မတတ်နိုင်လို. ပိုက်ဆံသက်သာအောင် တစ်နေ.ကိုနာရီဝက် ငါးမူး ဖိုးငှားပြီးလာခဲ.ပါမယ် ။ အသွားအပြန်နာရီဝက်နဲ. အချိန်မီအောင် ဒေါက်တာတို.ဆေးခန်းမှာအဆင်အပြေဆုံးအချိန်ကိုပြောပါ ကျွန်မအဲဒိအချိန်ရောက်အောင်နေ.တိုင်းလာပါ.မယ် ၊ အဲဒါတစ်ခုတော.ကျွန်မကိုကူညီပါ “
ဒေါက်တာဒေါ်သန်းဌေးသည်ကျွန်တော်တို.ကိုသနားသွားသည်ထင်ပါသည် ။
“ ရပါတယ် ဒီလိုလုပ်ပါ ဆေးခန်းပိတ်ကာနီး နေ.လည် သုံးနာရီ ဆိုရင် လူတော်တော်ရှင်းပါတယ် အဲဒိအချိန်လာနိုင်ရင်ကျွန်မတို. အမြန်ဆုံးဆေးထိုးပေးပါမယ် ၊အဆင်ပြေအောင်လုပ်ပေးပါ.မယ် ၊ မှန်မှန်သာလာခဲ.ပါ ၊ဒီဆေးကပျက်လို.မရဘူး ၊ မှန်မှန်ထိုးရမယ် “
ယနေ.ခေတ်ကာလတွင် ပိုက်ဆံမပေးနိုင်သောလူနာကို ဆေးရုံဝန်ထမ်းများကမခြေမငံဆက်ဆံပြောဆိုသောကြောင်. လူနာမှာရှက်ကာ မိမိကိုယ်ကိုယ်သတ်သေသွားသောသတင်းကိုကြားရသောအခါ ကျွန်တော်ငယ်ငယ်ကကြုံတွေ.ခဲ.ရသောပြည်မြို.ကျောင်းသားသူငယ် ကျန်းမာရေးဌာနမှ ဆရာဝန် ၊သူနာပြု ၊ကွန်ပေါင်းဒါး စသောဆေးဝန်ထမ်းများ၏ သဘောထားပြည်.၀မှုကိုအံ.သြရလေသည် ။
ထိုနေ.မှစကာကျွန်တော်သည် နေစဉ်နေ.တိုင်း မိခင်ကြီးနင်းသောစက်ဘီးနောက်ခုံမှထိုင်လိုက်ကာ စထရက်တိုမိုင်ဇင်ဟုခေါ်သောဆေးကိုမှန်မှန်အထိုးခံရလေသည် ။ နေ.စဉ်ရက်ဆက်ဆေးထိုးခံရသဖြင်. ကျွန်တော်.တင်ပါးမှာ အပ်ရာတွင်နှင်.ပရပွဖြစ်နေလေသည် ။ ဆေးထိုးအပ်ကိုထိုစဉ်မှကျွန်တော်ကြောက်သွားသည်မှာ ယခုထက်တိုင် နေမကောင်းလျင် ဆေးခန်းသို.မသွားချင် ၊ဆေးထိုးအပ်ကို မကြည်.ချင် မမြင်ချင် မံစားနိုင်လောက်အောင်ဖြစ်သွားလေသည် ။ ဆေးထိုးခံရသည်ထက်နာကျင်ခံစားရသောဝေဒနာမှာအမေ.နောက်မှလိုက်၍ စက်ဘီးစီးရခြင်းဖြစ်သည် ။ အမေသည် ကျွန်တော်နာကျင်မှုဝေဒနာမခံစားရစေရန် ကယ်ရီယာတွင် ခေါင်းအုံးပါးပါးခု၍ ကျွန်တော်.ကိုတင်ဆောင်လာပါသည် ။သို.သော် ဝေဒနာပြင်းထန်နေဆဲကာလဖြစ်သဖြင်. စက်ဘီးသည် ချိုင်.ခွက်ကလေးတစ်ခုထဲသို.နည်းနည်းကျလိုက်သည်နှင်. နာကျင်လွန်းသဖြင်. အမလေး ၊အဘလေးတကာ လိုက်ပါလာရခြင်းဖြစ်သည် ။ အမေကလည်းတတ်နိုင်သမျှစက်ဘီးကိုဖြေးဖြေးနင်းကာကျွန်တော်သိပ်ပြီးမနာကျင်အောင် (တစ်ဖက်ကလည်းစက်ဘီးငှားခ နာရီဝက်အတွင်းဝင်အောင် )နေ.စဉ် စိတ်မပျက်လက်မပျက် ကျွန်တော်.ကို ဆေးခန်းသို. နှစ်ပေါက်အောင်ပို.ဆောင်ပေးခဲ.လေသည် ။

ဆက်ရန်
သရ၀ဏ်(ပြည်)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page