Thursday, September 18, 2014

တစ်ပတ်အတွင်း ပြည်အရန်မီးသတ်တပ်ရင်းရုံး၏ လုပ်ဆောင်ချက်များ(ပြည်သတင်း/လက်ရှိလှုပ်ရှားပုံရိပ်များ)

Leave a Comment

တစ်ပတ်အတွင်း ပြည်အရန်မီးသတ်တပ်ရင်းရုံး၏ လုပ်ဆောင်ချက်များ(ပြည်သတင်း/လက်ရှိလှုပ်ရှားပုံရိပ်များ)
*********************************************

တစ်နယ်တစ်ကျေးမှ ပြည်မြို့သို့ရောက်ရှိလာပြီး ဆေးကုသမှုခံယူနေသူများ၏
သွေးလိုအပ်ချက်များကို သွေးဖောက်ထုတ်လှူတန်း

ပြည် ၁၆.၉.၂၀၁၄

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၅)၊ တပ်စု(၄၅)၊တပ်ကြပ်ကြီး ဇော်မင်းညို
ကိုယ်ပိုင်အမှတ်(ပမ ၁၈၂၇)၊ (ပြည်တော်သာ)သည်၊အရေးပေါ်(O)သွေးလိုအပ်နေ
သော ခလေးငယ်အတွက် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍သွေးဖေါက်ထုတ်
လှူတန်းခဲ့သည်။ အဆိုပါ ခလေးငယ် မသူဇာခိုင် (၆)နှစ်သည် ပေါက်ခေါင်းမြို့နယ်
ရယ်သစ်အုပ်စု စိုင်ခေါင်ကျေးရွာမှ သွေးလွန်တုတ်ကွေးရောဂါဖြစ်၍ ပြည်မြို့ ပြည်
သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသနေသူဟု သိရှိရပါသည်။

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ပြည်မြို့



နယ်မြေခံ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ဆင်စုနယ်မြေ ရပ်ကွက်များအတွင်း သွေး
လွန်တုတ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား ကျမ်းမာရေးအဖွဲ့နှင့် ပူး
ပေါင်းဆောင်ရွက်

ပြည် ၁၆.၉.၂၀၁၄

ပြည်မြို့ရှိ ရပ်ကွက်ကြီး(၁၀)ရပ်ကွက်အတွင်းတွင် သွေးလွန်တုတ်ကွေးကြိုတင်ကာ
ကွယ်တာစီးရေး ဖုံး၊ သွန်၊ စစ်၊ လဲ လူထုအားပညာပေးအစီစဉ်အား ယနေ့ ဆင်စု
နယ်မြေ အတွင်းတွင်နံနက်(၇း၃၀)နာရီမှစတင်ကာ နံနက်(၁၀း၄၅)နာရီထိ နယ်မြေခံ
အရန်မီးသတ် တပ်ခွဲ(၂)၊တပ်စု(၃၃) တပ်ဖွဲ့ဝင်အင်အား ၁+၇ မှ ကျမ်းမာရေးအဖွဲ့
မိခင်ကလေး အဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့၊ ကြက်ခြေနီ အဖွဲ့၊NGOများ စသည့်အဖွဲ့
များဖြင့် ပူးပေါင်း၍ တစ်အိမ်းတစ်ဆင်း ၀င်ရောက်၍ အသိပညာပေးဆွေနွေးခြင်း၊
သွေးလွန်တုတ်ကွေးအဖြစ်များတတ်သော၅နှစ်ခလေးနှင့် ၁၅နှစ်ခလေး အရွယ်များ
ကို အဓိကထားရောဂါရှာဖွေပေးခြင်း ရေကန်၊ရေတွင်း၊ရေစည် စသည့်ရေသိုလှောင်
်ထားနိုင်သော အရာများအားပိုးလောက်လားများ ကင်းရှင်းအောင် ဆေးခပ်ခြင်း၊ဖုံး
အုပ်ပေးခြင်း၊ ခြံဝင်းအတွင်း လူနေအိမ်အနီး မိုးရေ၀င်ရောက်ခိုအောင်းနေနိုင်သော
ဥပမာ အုန်းမုတ်ခွက်၊ စွန်ပြစ်ထားသောပလပ်စတစ်ခွက် အဟောင်းများ နို့ဆီခွက်
အခွန်များစသည့်တို့အား လိုက်လန်ရှာဖွေ၍မှောက်ထားပေးခြင်း သုံးရက်တစ်ခါ
ဘုရားပန်းအိုး၊ သောက်တော်ရေ၊ နတ်ကွန်းအိုးများကို သတိထားလဲလည်နိုင်စေ
ရန် အိမ်အတွင်း ၀င်ရောက်၍ ရေအသစ်လဲလည်ပေးခဲ့ခြင်းစသည့် သွေးလွန်တုတ်
်ကွေးရောဂါမဖြစ်ပွားရအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကိုပူးပေါင်းလုပ်
်ဆောင်ခဲ့သည်။

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ ပြည်မြို့



မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁) ရဲစခန်း နှင့် အရန်မီးသတ်တပ်ဖွဲ့ ပူးပေါင်း၍ ညအချိန်
တရုတ်စုရပ်ကွက်အတွင်းနှင့် ရွှေတစ်ချောင်းလမ်းမများပေါ်၌ လုံခြုံရေးယူ

ပြည် ၁၅.၉.၂၀၁၄

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၅)၊တပ်စု(၄၂)သည် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ
ရပ်ကွက်နေ အများပြည်သူ လုံခြုံရေး၊ လမ်းပေါ်သွားလာနေကြသော အများပြည်သူ
လုံခြုံရေး အတွက် လှည့်ကင်း၊ ရပ်ကင်းများကို ပူးပေါင်းဆောင်ရွက်နေပါသည်။

မသမာသူ ဆိုင်ကယ်စီး လူငယ်တစ်စုသည် လမ်းပေါ်တွင်သွားလာနေသော မိန်းခ
လေးများအား ပြစ်မှတ်ထားတိုက်ခိုက်ကာ ဆိုင်ကယ်ပေါ်မှဆွဲကြိုးဖြတ်ပြေးခြင်း၊ဆိုင်
ကယ်စီးလာသူ မိန်းခလေးမှ လက်အတွင်း လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်များ ကိုင်
်ဆောင်မောင်းနှင်နေစဉ် ဆွဲယူ၍ ဆိုင်ကယ်ဖြင့်ထွက်ပြေးခြင်းများပြုလုပ်လာပါသည်။

အဆိုးဆုံးမှာ လူငယ် သဘာဝ ရည်စားစကားပြောပုံ ဟန်ဆောင်၍ မိန်းခလေး အနား
သို့ ကပ်ရောက်ကာ နောက်မှလိုက်၍ လူပြတ်သွားချိန်မှာ မိန်းခလေး၏ ဆွဲကြိုးအား၎င်း
ပိုက်ဆံအိပ် (သို့) လက်ကိုင်ဖုန်းအား၎င်း လုယူစောင့်ဆွဲ ထွက်ပြေးခြင်းများပြုလုပ်ခြင်း
ပတ်ဝန်းကျင်သို့ အော်ဟစ် အကူညီတောင်းသူ၊ မိမိပစ္စည်းအား မသမာသူလက်အတွင်း
မှ ပြန်လည်ဆွဲယူသူ မိန်းခလေးများအား တွန်းလည်းပြစ်ခဲ့ခြင်း၊ဆိုင်ကယ်ဖြင့်တိုက်ပြေး
ခြင်းများပြုလုပ်နေပါသည်။

ထို့ကြောင့် ညအချိန်အိမ်ပြင်သို့ထွက်စဉ် မိန်းခလေးများ ယောက်ျားလေး အဖေါ်ပါမှ
သွားလာခြင်း၊ လက်ဝတ်ရတနာများအား လမ်းပေါ်သွားလာနေစဉ် သိုသိပ်စွာဝတ်စင်
ခြင်း၊ ဆိုင်ကယ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းပြောခြင်း၊ လက်အတွင်းကိုင်စီးခြင်း၊ပိုက်
ဆံအိပ်များ ဆိုင်ကယ်လက်ကိုင်တွင် ချိတ်ဆွဲစီးနင်းခြင်းများ မပြုလုပ်ကြပါရန် အသိပေး
နိုးဆော်အပ်ပါသည်။

မသင်ကာဖွယ်ရာ လူများ၊ ဆိုင်ကယ်များ မိမိနောက်သို့လိုက်နေပြီဟု သံသယရှိပါက
လမ်းစုံများ လမ်းထိတ်များ၌ ရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့များ လုံခြုံရေးချထားပါသ
ဖြင့် ၀င်ရောက်အကူညီတောင်းခံနိုင်ပါသည်။

မှတ်ချက်။ ။ တက္ကသိုလ် ကျောင်းဝန်းကျင်နှင့် တရုတ်စုရပ်ကွက်အတွင်း ၊ရွှေတစ်
ချောင်းလမ်းတွင်(အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ ၅ ၊ တပ်စု ၄၂ ) ရဲတပ်ဖွဲ့နှင့် ပူးပေါင်း
လုံခြုံရေးယူထားသည်။

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ ပြည်မြို့



ပြည်သူ့ အကျိုးပြုလုပ်ငန်းများအား ၀င်ရောက်ကူညီ

ပြည် ၁၄.၉.၂၀၁၄

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၅) တပ်စု(၄၅)ပြည်တော်သာ တပ်စုသည်
၁၄.၉.၂၀၁၄ ရက်နေ့ မနက် တွင် ပြည်တော်သာရပ်ကွက်အတွင်းရှိ လမ်းများအား
ကြံခိုင်ရေးနှင့် ဖွံဖြိုးရေပါတီမှ အသင်းသားများ မြေနီထပ်ပိုးခင်းနေခြင်းကိုဝင်ရောက်
ကူညီ လုပ်အားပေးခဲ့သည်။

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး ပြည်မြို့


ပြည်မြို့နယ် အရန်မီးသတ် ဒုတိယတပ်ရင်းမှူးနှင့် အဖွဲ့ ပြည်သူ့ဆေးရုံကြီး ဖျားနာ
ဆောင်၊ ခလေးဆောင်ရှိ လူနာ အချို့အားတွေ့စုံ

ပြည် ၁၀.၉.၂၀၁၄

ပြည်မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ တပ်ရင်းရုံး ဒုတိယတပ်ရင်းမှူး ဦးအုန်းလွင်
သည်ယနေ့နေ့လည် (၂း၀၀)အချိန်ခန့်က ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ဖျားနာ
ဆောင်၊ ခလေးဆောင်များသို့ တပ်ရင်းရုံးအဖွဲ့၊ တပ်စု (၄၅)၁+၃ နှင့် အတူ
သွားရောက်၍ အရန်မီးသတ် အရာရှိရဲဘော်များ ယ္ခုရက်ပိုင်းအတွင်း သွေးလှူ
တန်းထားသော လှုနာများ၊ သွေးလွန်တုတ်ကွေးဖြစ်နေသော ခလေးငယ်များ
မိဘများနှင့် တစ်ရင်းတစ်နှီးတွေ့ဆုံ အာပေးစကား ပြောကြားခြင်း တစ်နယ်
်တစ်ကျေးမှ လာရောက်သူများပါဝင်သဖြင့် အားမငယ်စေချင်ကြောင်း ပြည်မြို့
သို့ရောက်ရှိလာသဖြင့် မိမိတို့တွင်တာဝန်ရှိကြောင်း ကူညီမှာဖြစ်ကြောင်း ပြည်
်မြို့တွင် မိမိတို့အပြင် အခြားNGO အဖွဲ့များ၊ ပရဟိတအဖွဲ့များလည်များစွာရှိ
ကြောင်းယ္ခုရက်ပိုင်းအတွင်း မိမိ၏အရန်မီးသတ်တပ်ဖွဲ့မှ နေ့စဉ်ရက်ဆက်သွေး
လှူတန်းမှုများရှိနေ၍ လူနာများအတွက် အစဉ်မပြေမှုများရှိမည်စိုးသဖြင့် မိမိ
ကိုယ်တိုင်လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း ရင်နှီးပွင့်လင်းစွာ လူနာရှင်များ
ဖြင့်တွေ့စုံ အားပေးစကားများပြောကြားကာ နေ့လည် (၂း၃၀)နာရီခန့်တွင်ပြည်
သူ့ဆေးရုံကြီးမှ အရန်မီးသတ် တပ်ရင်းရုံးသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။

၁။ မောင်သူရအောင် (၁နှစ်ရလ) (B.သွေး) သွေးလွန်တုတ်ကွေး
....မိဘအမည်..ကိုမင်းမင်းဇော်.မလဲခိုင် ..ကနောင်မြို့ ထန်းပင်
....ကုန်း အမှတ် ၅ ရိုက်စုရပ်ကွက်

(က) ကျော်စိုးဝင်း တပ်စုမှုး တပ်စု(၄၅)
..... ၇.၉.၂၀၁၄ရက်၊ အချိန်.ည.၁း၄၅ သွေးလှူတန်း

(ခ) ကျော်လှမိုး တပ်သား တပ်စု(၄၅)
..... ၈.၉.၂၀၁၄ရက်၊ အချိန်.ည.၁၁း၄၅ သွေးလှူတန်း

(ဂ) အောင်ကျော်မြင့် တပ်သား တပ်စု(၄၅)
.....၉.၉.၂၀၁၄ရက်၊ အချိန်.ည.၁၀း၁၅
သွေးလှူတန်း

(၂) ကျော်လင်းထွန်း (၃၀)နှစ် (A)သွေး ရောဂါရှာဆဲ
.....မိဘအမည် ဦးလှတောင်.ဒေါ်လှဝိုင်း ..အောင်မြေသာယာ
.....န၀ဒေး အမှတ် ၂ ရပ်ကွက် ပြည်မြို့

(က) မြင့်စိုး ဒုတပ်ကြပ် တပ်စု (၄၅)
...........၈.၉.၂၀၁၄ရက် အချိန် ည ၁၁း၄၅ သွေးလှူတန်း

(၃) ကောင်းမြတ်သူရ (၆နှစ်) (AB)သွေး .သွေးလွန်တုတ်ကွေး
.....မိဘအမည်.ဦးကြည်ခိုင်.ဒေါ်ယုယုလွင် ..ညောင်ပင်အင်းရွာ
.....ပေါက်ခေါင်းမြို့

(က) အောင်ဇော်သက် တပ်သား၊ တပ်စု(ု၄၅)
...........၁၀.၈.၂၀၁၄ရက် အချိန် မနက် ၈း၀၀ သွေးလှူတန်း

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ ပြည်မြို့


(B)သွေး အမျိုးစား သွေး ဖောတ်ထုတ်လှူတန်း

ပြည် ၉.၉.၂၀၁၄

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၅)တပ်စု(၄၅) ဒုတပ်ကြပ်မြင့်စိုးသည်
၈.၉.၂၀၁၄ ရက်နေ့ ည ၁၁း၄၅ အချိန်တွင် ပြည်မြို့ ပြည်သူဆေးရုံကြီး၌ (A)
သွေးအမျိုးစား သွေးတစ်လုံးကို အရေးပေါ်သွေးလိုအပ်နေသူ လူနာ ကိုကျော်
လင်းထွန်း ၃၀ နှစ် မိဘများအမည် ဦးလှတောင်. ဒေါ်လှဝိုင်း အောင်မြေသာ
ယာ န၀ဒေး ၂ ရပ်ကွက် ပြည်မြို့နေသူအား သွေးဖောက်ထုတ်လူတန်းခဲ့သည်။

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ ပြည်မြို့




ပြည်မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ မှ ကူညီစောင့်ရှောက်မှု

ုပြည် ၉.၉.၂၀၁၄

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၅)တပ်စု(၄၅)မှတပ်သား တင်လှမိုးသည်
၈.၉.၂၀၁၄ ည(၁၁.၄၅)နာရီ အချိန်တွင် ပြည်သူဆေးရုံကြီး၌ (B)သွေးတစ်လုံးလုံး
အရေးပေါ်သွေးလိုအပ်နေသော လူနာခလေးငယ်အား သွားရောက်လှူတန်းခဲ့သည်
အဆိုပါ သွေးလွန်တုတ်ကွေးဖြစ်နေသော လူနာခလေးငယ်အား ၄င်းတို့တပ်စု(၄၅)
အရန်မီးသတ်မှ ဒုတိယအကြိမ်သွားရောက်လှူတန်းခြင်းဖြစ်သည်ဟုလဲသိရပါသည်။
လူနာ ခလေးငယ် သူရအောင်(၁နှစ်၇လ)သည် မိဘများဖြစ်သောကိုမင်းမင်းဇော်
မလဲ့ခိုင် မြန်အောင်မြို့နယ် ကနောင်မြို့ အမှတ် ၅ ရိုက်စုရပ်ကွက်တို့နှင့်အတူ ၆.၉.
၂၀၁၄မနက်ပိုင်းတွင် လောကပါလပုဂ္ဂလိကဆေးရုံသို့ရောက်ရှိပြီး ဆေးကုသရန်
လိုအပ်ချက်အရ ၈.၉.၂၀၁၄ မှာပြည်သူ့ဆေးရုံသို့ပြောင်းရွှေ့ ကုသမှုခံယူနေရသည်
အဆိုပါ တစ်နယ်တစ်ကျေးမှ ရောက်ရှိ့ လာ၍ ဆေးကုသမှုခံယူနေသော မိသားစု
အား ပြည်မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ တပ်စု(၄၅)မှ အမျိုးတော်စပ်ခြင်း မရှိသော်
လည် ခလေးငယ်၏သွေးလိုအပ်ချက်ကို ကုသမှုပြီးဆုံးသည်အထိ ဆက်လက်ကူ
ညီသွားမည်ဟု တပ်စုမှုးနှင့်တပ်ဖွဲ့ဝင်များ၏ ပြောကြားသံကိုလဲကြားသိခဲ့ရသည်။

 ပြည်အရန်မီးသတ်တပ်ရင်းရုံး မှ ကူးယူဖော်ပြခဲ့သည်....
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)



0 comments:

Post a Comment

Facebook Like Page