Tuesday, August 26, 2014

ခရမ်းချဉ်သီးကို ဒီလို သုံးလို့ ရပါတယ် နှင့် နားပြည်ယိုခြင်းကို ကြက်သွန်နီဖြင့် ကုမယ်

Leave a Comment
ခရမ်းချဉ်သီးကို ဒီလို သုံးလို့ ရပါတယ်
******************************

သဘာဝကပေးတဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ အထူးသဖြင့်
ကတော့ အမျိုးသမီးများ အတွက် ဖြစ်ပါတယ်။ အမျိုးသမီးများ မျက်နှာ အသားအရေ ကြည်လင် တောက်ပြောင် ချင်တယ်ဆိုရင် ခရမ်းချဉ်သီးကို မှီဝဲသင့် ပါတယ်။

အသုံးပြုပုံကတော့ ခရမ်းချဉ်သီးကို ပါးပါးလေး လှီးကာ မျက်နှံပေါ်သို့
မီးနစ် ၂၀ (သို့) ၃၀ လောက် တင်ပေးပါက မျက်နှာပေါ်မှာ ရှိတဲ့
အဆီများကို စုပ်ယူနိုင်တဲ့အပြင် အသားအရေကိုလည်း လှပစေပါတယ်။

ဒါ့အပြင် ဟင်းအဖြစ် ချက်ပြုတ်စားသောက် ပါကလည်း လှပသော
အသားအရေကို ပိုင်ဆိုင်စေနိုင် မှာပါ။ မျက်နှာ အသားအရေနှင့်
ခန္ဓာကိုယ် အသားအရေကို ဂရိုစိုက်သော အမျိုးသမီးများ အနေနဲ့ မျှဝေရေးသား ပေးလိုက်ရပါတယ်။








နားပြည်ယိုခြင်းကို ကြက်သွန်နီဖြင့် ကုမယ်
********************************

နားကိုက်ခြင်း ဖြစ်ပေါ်တဲ့အခါမှာ တကယ်ထိရောက်ပြီး အသုံးဝင်မယ့်
နည်းလမ်းလေး ဖြစ်တာမို့ မျှဝေပေးလိုက် ရပါတယ်။

ကုသနည်း

ကြက်သွန်နီကို အရည်ညစ်လိုက်ပါ။ ထိုအရည်များကို နားအတွင်းသို့
တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် ထည့်ပေးခြင်း အားဖြင့် နားပြည်
ယိုခြင်းကို သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။

သို့သော် ကြက်သွန်နီ အရည်ကို ဂရုတစိုက် နားပြည်ယိုခြင်း မပျောက်မခြင်း ခတ်ပေးဖို့ လိုပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


0 comments:

Post a Comment

Facebook Like Page