Wednesday, August 20, 2014

နေအိမ်ပေါ်တွင် အရက်အတူတူထိုင်သောက်ရာမှ စကားများရန်ဖြစ်ပြီး အသင့်ပါလာသော မောင်းချဓားဖြင့်ထိုးခဲ့သဖြင့် လူတစ်ဦးသေဆုံး ပြည့်သဲမောင်(ပြည်)

Leave a Comment



နေအိမ်ပေါ်တွင် အရက်အတူတူထိုင်သောက်ရာမှ စကားများရန်ဖြစ်ပြီး အသင့်ပါလာသော မောင်းချဓားဖြင့်ထိုးခဲ့သဖြင့် လူတစ်ဦးသေဆုံး
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်တွင် အရက်အတူထိုင်သောက်ခဲ့ကြရာ မှအရက်မူးပြီး စကားများရန်ဖြစ်ကြစဉ်
အသင့်ပါလာသော ဓားဦးချွန်း မောင်းချဓားဖြင့်ထိုးခဲ့ သဖြင့်အခင်းဖြစ်နေ
ရာတွင် လူ(၁)ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာအရှေ့ပေါက်ရပ်၊ မေဂ၀ံလမ်းနေ
ကိုရဲမြင့် (၄၇)နှစ်၊ ကျပမ်းလုပ်ကိုင်သူသည် ၄င်းတိုနေအိမ်ပေါ်ဧည့်ခန်းတွင် ၄င်းနှင့် အောင်အောင်(ခ) သားသားတို့ အရက်အတူတူထိုင်သောက်နေကြရာမှ အရက်မူးပြီး စကားများ၇န်ဖြစ်ကြကြောင်း စကားများရန်ဖြစ်ကြစဉ် အောင်အောင် (ခ)
သားသား မှ ၄င်းတွင်အသင့်ပါလာသော အသွား (၃ လက်မ) ခန့် ၊ အရိုး
(၄ လက်မခွဲ) ခန့်ရှိ ဓားဦးချွန်းမောင်းချဓား ဖြင့် ထိုးသဖြင့် ကိုရဲမြင့်၏ ၀ဲဘက်
ရင်အုံတွင် ထိုးသွင်းဒဏ်ရာ (၃) ချက် ၊ ရင်ညွှန့်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်
ရရှိကာ ကိုရဲမြင့်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် အောင်အောင်
(ခ) သားသား အား အရေးယူပေးပါရန် မနီလာ၊ မေဂ၀ံလမ်း ၊ ရွှေဟင်္သာအရှေ့
ပေါက်ရပ် ၊ ရွာဘဲရပ်ကွက် ၊ ပြည်မြို့နေသူမှ ရဲစခန်းသို့ တရားလိုပြုလုပ် လာရောက်တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့် ပြည်မြို့မ ရဲစခန်း(ပ) ၇၂၃/ ၂၀၁၄ ပြစ်မှုပုဒ်မ -၃၀၂ အရ အမှုဖွင့်ကာ အောင်အောင် (ခ) သားသား (၂၈) နှစ် ၊ အရောင်းအ၀ယ်သစ်တော
ရုံးလမ်း ၊ ရွှေဟင်္သာအရှေ့ပေါက် ၊ ရွာဘဲရပ်ကွက် ၊ ပြည်မြို့နေသူအား အမှုဖြင့်
ဖမ်းစီးကာ သက်သေခံဓားဦးချွန်မောင်းချဓားအား သိမ်းဆည်း၍ ဒုရဲမှူးမျိုးမြင့်မှ လက်ခံစစ်ဆေးပြီး တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page