Saturday, July 27, 2013

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူအားတရားပွဲတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပုံအား လျှောက်ထားမေးမြန်း

Leave a Comment
ဇူလိုင် ၁၂ ရက်ညက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာဘူမိအနောက်ရပ်ကွက် ၃၆လမ်း ၈၄လမ်းနှင့် ၈၅လမ်းကြားတွင် ပြုလုပ်ခဲ့သော သမ္မာပုညကာရီ ဘုံဆွမ်းလောင်းအသင်းမှ (၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တရားပွဲ ကျင်းပခဲ့ရာ (၅) ရက်မြောက်နေ့၌ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် လွင့်စင်ထွက်လာသည့် သံကြွပ်စငယ်များ စိုက်ဝင်သဖြင့် လူငါးဦးမှာ ဒစ်ရာရရှိခဲ့သည်။ အဆိုပါဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူအား လျှောက်ထားမေးမြန်းဖြစ်ခဲ့ပုံများကို စာဖတ်သူများ သိရှိနိုင်ရန် မြန်မာပို့စ် ဂလိုဘယ်ဂျာနယ်မှ တင်ပြလိုက်ရပါသည်။
မေး= အရှင်ဘုရားရဲ့ တရားပွဲမှာ ဗုံးဖောက်ခွဲခံရမှုနဲ့ပတ်သက်ပြီး ဘာများမိန့်ကြားချင်ပါသလဲ..
ဖြေ= အနုနည်းနဲ့ရပ်တန့်အောင် လုပ်လို့မရလို့ အကြမ်းနည်းနဲ့ရပ်တန့်အောင်လုပ်တာပဲ။ တိုင်းမ် မဂ္ဂဇင်းနဲ့ ထုလို့မရလို့ မိုင်းဗုံးနဲ့ထုတာ။ တိုင်းဗုံးနဲ့ထုလို့မရလို့ မိုင်းဗုံးနဲ့ထုတာပဲ။
မေး= ဒီလိုအရှင်ဘုရားတရားပွဲမှာ ဗုံးမပေါက်ကွဲခင် လက်နက်ခဲယမ်း ဗုံးသီးတွေကို ရှာဖွေတွေ့တယ်ဆိုပြီး သတင်းတွေမှာပါရှိပါတယ်။ အဲဒီလက်နက်ဗုံးသီးတွေက ဒီတရားပွဲမှာ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ အရှင်ဘုရားအနေနဲ့ ထင်ပါသလား။
ဖြေ= ဆက်စပ်မှုရှိနိုင်တာလဲ ပါတာပေါ့။ မရှိနိုင်တာလဲ ပါတာပေါ။ ရှိနိုင်တယ်ဆိုတာက အဲဒီလက်နက်ကြိယာတွေသာ မမိဘူးဆိုရင် တိုက်ခိုက်ခံရမယ်။ အခုဟာက အဲဒီလက်နက်ကြိယာတွေကို အစိုးရက သိမ်းဆည်းမိသွားလို့ စက်ရုံလုပ်တဲ့ နက်လက်ကြိယာတွေမဟုတ်ဘဲနဲ့ လက်လုပ်ဗုံးတွေနဲ့ လုပ်တာပေါ့။ ဒါကြောင့်မို့လို့ အဲဒီဟာတွေက မိသွားတဲ့အတွက် ဆက်စပ်မှုမရှိတာပေါ။ မမိခဲ့ဘူးဆိုရင် ဆက်စပ်မှုရှိနိုင်တယ်။
မေး= ဒီလိုဗုံးဖောက်ခွဲမှုဟာ ဘာသာခြားဘတ်ကမဟုတ်ဘဲ တစ်ခြားအဖွဲ့အစည်းတစ်ခုခုက လုပ်တာလို့ အရှင်ဘုရားအနေနဲ့ ထင်ပါသလား။
ဖြေ= ဘုန်းဘုန်းတို့လူမျိုးတွေမှာ ဒီလောက်ကြီးတော့ ယုတ်မာတာမတွေ့သေးဘူး။ မသေခြာတဲ့ အာဏာလေးတစ်ခုအတွက်နဲ့ ဒီလိုတရားနာပရိသတ်တွေကို ရက်ရက်စက်စက် ယုတ်မာတာမျိုး တစ်ခါမှ မကြုံသေးဖူး။ အဲ့ဒါကြောင့် ဘုန်းဘုန်းကတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။
မေး= ဗုဒ္ဓဘာသာတရားပွဲမှာ ဒီလိုဗုံးဖောက်ခွဲမှုတွေဖြစ်ပေါ်လာတာဟာ မြန်မာနိုင်ငံအပေါ်မှာ ဂျီဟတ်စစ်ပွဲ စပြီးဆင်နွဲတာလို့ အရှင်ဘုရားအနေနဲ့ ထင်ပါသလား။
ဖြေ= ဂျီဟက်စစ်ပွဲကတော့ ရခိုင်မှာလည်း နှစ်ခါ ဆင်နွှဲပြီးပြီလေ။ ဘင်္ဂလာဒေ့ရှ်မှာလည်း တစ်ကြိမ်ဆင်နွှဲပြီးပြီ နာက်နောင် နွှဲဖို့အတွက်လဲ မိတ္ထီလာအပြီးမှာ ပြင်ဆင်လာခဲ့ကြတာ။ အဲဒီမှာ လာရှိုးက သူတို့ဆင်တဲ့ထောင်ချောက်ထဲ ဝင်သွားတာပေါ့။ လာရှိုးသာတကယ်လို့ မိတ္ထီလာလို ပက်ပက်စက်စက်ဖြစ်သွားခဲ့ရင် ဂျီဟက်အလုပ်ခံရတော့မှာပေါ့နော်။ အထိန်းအသိမ်းမြန်သွားတဲ့အခါကြတော့ သူတို့ထင်သလောက် မအောင်မြင်ဘူးပေါ့။ တရားဝင် ပေါ်ပေါ်တင်တင်ကြေငြာပြီးတော့ ဂျီဟက်လုပ်လို့မရလို့ ပျောက်ကြားအနေနဲ့ အကြမ်းဖက်တဲ့သဘောပါ။
မေး= အခုဗုံးပေါက်ကွဲတာဟာ တရားပွဲငါးညမြောက်မှာ ကွဲတာလို့သိရပါတယ်။ ဒီလိုအရှင်ဘုရားတရားဟောတဲ့ညမှာမှ ဗုံးပေါက်ကွဲမှုအပေါ်မှာ ဘာများ မိန့်ချင်ပါသလဲ။
ဖြေ= ဒီ (၅) ပါးထဲမှ ဘုန်းဘုန်းကို နံပါတ် (၁) အနေနဲ့ ပစ်မှတ်ထားတာမဟုတ်ဘူးလေ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို ဘုန်းဘုန်းက သူတို့ရဲ့ ရန်သူတော်နံပါတ်(၁)ကို အဲ့တော့ ဘယ်ဘဲသွားသွားပေါ့။ ဒီ(၅)ပါးနဲ့မတွဲလည်း ဘုန်းဘုန်းကိုပဲတိုက်မှာပဲ။ တစ်ခြားသံဃာတွေနဲ့တွဲလည်း ဘုန်းဘုန်းကိုတိုက်မှာပဲ။ ဘယ်နေရာသွားသွား ဘုန်းဘုန်းကိုပဲ ပစ်မှတ်ထားပြီး တိုက်မှာပဲ။
မေး= အရှင်ဘုရားအနေနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းနေတဲ့အချိန်မှာ ဒီလိုအကြမ်းဖက်ဆန်ဆန် ဗုံးဖောက်ခွဲခံရမှုအပေါ် အရှင်ဘုရားအနေနဲ့ ဘာများမိန့်ချင်ပါသလဲ။
ဖြေ= ဇူလိုင် (၂၀) ရက်က ငြိမ်းချမ်းရေးအတွက် ဘုန်းဘုန်းတို့ ဆွေးနွေးခဲ့ကြတယ်။ ဇူလိုင် (၂၁) ရက်ညမှာ အကြမ်းဖက်ခံရတာပဲ။ ငြိမ်းချမ်းရေးကိုတော့ လုံးဝလိုလားတဲ့သဘောမပြဘူးပေါ့။ ဒါပေမယ့် ဘုန်းဘုန်းတို့ကတော့ ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင့် ဘုန်းဘုန်းတို့နဲ့ သဘောတူရာတူတဲ့ လူတွေနဲ့ အမြဲတမ်းလက်တွဲပြီး လုပ်သွားရမှာပေါ့။ ဘုန်းဘုန်းကိုတင် ခြိမ်းခြောက်တာ လုပ်ကြံတာမဟုတ်ဘူး။ သူတို့လူမျိုးအချင်းချင်းကိုလည်း သူတို့ခြိမ်းခြောက်နေတယ်။ လုပ်ကြံမယ်လို့ ကြိမ်းမောင်းနေတယ်။ ဘုန်းဘုန်းတို့နဲ့လက်တွဲလုပ်နေတဲ့ မူဆလင်တွေနဲ့ ခြိမ်းခြောက်ခံနေရတာပေါ့နော်။ သူတို့လည်း အသက်အန္တရာယ်ရှိတာပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် လက်တွဲနေတာပဲ။
မေး= တရားပွဲဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းရဲ့ အားနည်းချက်ကို မြင်ပါသလား။ အဲဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာများမိန့်ကြားချင်ပါသလဲ။
ဖြေ= အစိုးရဘက်ကတော့ လုံးခြုံရေးအားနည်းတာပေါ့။ ရခိုင်တွေ အတုံးအရုံးအသတ်ခံရတုံးကလည်း အကာအကွယ်မပေးနိုင်ဘူး။ မိတ္ထီလာမှာ မူဆလင်တွေ အသတ်ခံရတုံးကလည်း အကာအကွယ်မပေးနိုင်ဘူး။ တရားပွဲဗုံးပေါက်ကွဲခဲ့တုံးကလည်း အကာအကွယ်မပေးနိုင်ဘူး။ အားနည်းချက်ကို ဘယ်လိုပြင်မလည်းဆိုတာကတော့ အစိုးရအပိုင်းပေါ့ ဒါပေမယ့် အစိုးရကလည်း အမိန့်လောက်ပဲထုတ်နိုင်တာ။ အောက်ကလူတွေကလည်း လိုက်နာနိုင်အုံးမှလေ။ အောက်ကလူတွေကလည်း ပိုက်ဆံမရတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ အဲ့တော့ ဘုန်းဘုန်းတို့က နောက်တစ်ချိန်ကြရင် ဒီလိုမျိုးထပ်တွေ့ကြုံနိုင်တယ်။
ဘုန်းကြီးနောက် တစ်ကောက်ကောက်လိုက်ပြီးတော့ ဘုန်းကြီးကျောင်းမှာ ၂၄ နာရီ လုံခြုံရေးအကြောင်းပြပြီး သတင်းယူနေတဲ့လူတွေ အခုအချိန်ထိ ပေါ်မလာကြဘူး။ သူတို့လုံခြုံရေးညံ့ဖျင်းလို့ မျက်နှာပူလို့ မလာကြတာလားမသိဘူးလေ။ သူတို့ဘာမှ မသိဘူးလေ။ သူတို့ရှိနေတုံးပေါက်ကွဲရင် ဒါတွေက မီးနစ်ပိုင်းအတွင်း ဖမ်းလို့ရတယ်။ ဒါပေမယ့် သူတို့တွေက ဒါတွေမှမတက်ဘဲနဲ့။ အဲဒီညက လုံခြုံရေးအနေနဲ့တော့ မရှိဘူး။ သတင်းလိုက်ယူတဲ့ အရပ်ဝတ်နဲ့သူတွေပဲရှိတယ်။
မေးမြန်းသူ- တင်ပါ့။ အခုလိုပြည့်ပြည်စုံစုံ ဖြေကြားပေးတာကို ကြေးဇူးတင်ပါတယ်။ 


အမှတ်(၁၁၉) မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် စာမျက်နှာ (၄)မှ ဆန်းမိုးထွန်း မေးမြန်းချက်ကို ကူးယူဖော်ပြသည်။


0 comments:

Post a Comment

Facebook Like Page