Wednesday, April 23, 2014

အမျိုသမီးနှင့်ကလေးကို အမည်မသိသူများက ခေါ်ဆောင်သွားသည့်အတွက် လူပျောက်တိုင်တန်း

Leave a Comment

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ပြည်သူ့ဆေးရုံဝန်း ၀န်ထမ်းအိမ်ယာတွင်နေထိုင်သူ ကိုမင်းကိုကိုသည် ၄င်း၏ဇနီးနှင့်ကလေးအား အမည်မသိအမျိုးသမီး(၃)ဦးအမျိုးသား(၁)ဦးက ခေါ်ဆောင်သွားသဖြင့် ပြည်မြို့အမှတ်(၃)ရဲစခန်းတွင်ဧပြီလ(၂၀)ရက်နေ့က လူပျောက်တိုင်တန်းထားကြောင်း ကာယကံရှင်ကပြောသည်။

“အရင်တုန်းက တစ်ခါမှ မမြင်ဘူးတဲ့လူတွေ အိမ်ကိုအလည်လာတယ်။ မိန်းမနဲ့ကလေးကို အစ်ကိုမရှိတုန်း ခေါ်သွားတယ်။ အိမ်နီးအနားက အမေကြီးပြောတော့ မိန်းမနဲ့ကလေးကို အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတယ်” ဟုကိုမင်းကိုကို ကပြောသည်။

ဧပြီ(၂၀)ရက်နေ့ မနက်(၁၁)နာရီတွင် ကိုမင်းကိုကို၏အိမ်သို့ ငွေမှင်ရောင်ဖြင့်စလွန်းကားဖြင့် အမျိုးသမီး(၃)ဦး အမျိုးသား(၁)ဦး ရောက်ရှိလာကာ နေ့လည်(၂)နာရီခွဲတွင် ၄င်း၏ဇနီးနှင့် သားဖြစ်သူအား ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ခေါ်ဆောင်သွားသူများကို တစ်ကြိမ်တစ်ခါမှမမြင်ဘူဘဲ နေရပ်လိပ်စာလည်း မသိရှိကြောင်း ကိုမင်းကိုကိုကပြောသည်။

ထိုသို့ ခေါ်ဆောင်သွားသဖြင့် ကိုမင်းကိုကိုသည် ည(၇)နာရီခွဲအချိန်တွင် ပြည်မြို့အမှတ်(၃)ရဲစခန်းတွင် တိုင်တန်းခဲ့ရာ အဆိုပါရဲစခန်းမှ လူပျောက်မှုအမှတ်စဉ်၃/၂၀၁၃ ဖြင့်အမှုဖွင့်စုံစမ်းလျှက်ရှိသည်။

၎င်း၏ အမျိုးသမီးနှင့် မောင်နှမ၀မ်းကွဲများသည် မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းရပ်ကွက် တွင် နေထိုင်သည်ဟု သိထားရသဖြင့် မင်္ဂလာဒုံရဲစခန်းသို့ လူပျောက်တိုင်စာ ပို့မည်ဟုလည်း ကိုမင်းကိုကိုကပြောသည်။

0 comments:

Post a Comment

Facebook Like Page