Tuesday, August 26, 2014

ပြည်မြို့သို့ ဧရာဝတီမြစ်ကြောင်းမှ ကမ္ဘာလှည့်ခရီးသည်များ အ၀င်များနေ

Leave a Comment

ပြည်မြို့သို့ ဧရာဝတီမြစ်ကြောင်းမှ ကမ္ဘာလှည့်ခရီးသည်များ အ၀င်များနေ

***********************************************

 

 By သီဟလွင် - ပြည် (မြစ်မခ)


ပြည်မြို့သို့ ၂၀၁၄ ခုနှစ် မိုးရာသီကာလဖြစ်သော ဇူလိုင်လနှင့် သြဂုတ်လအတွင်း ဧရာဝတီ မြစ်ကြောင်းမှ နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှု ရာနှင့်ချီ၍ ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) ပဲခူးတိုင်းဒေသကြီး မန်နေဂျာရုံးမှ သိရသည်။
ဇူလိုင်လဆန်းပိုင်းမှစတင်ကာ သြဂုတ်လ(၁၈)ရက်နေ့ထိ ဧရာဝတီမြစ်ကြောင်းမှ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ဦးရေမှာ (၁၂၁)ဦးထိရှိပြီး ဆွစ်ဇာလန်၊သြစတေးလျ နိုင်ငံများမှအများဆုံးလာရောက်ပြီး အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် အခြားသောနိုင်ငံများမှ နိုင်ငံခြားသားများလည်းပါဝင်ကြောင်း အဆိုပါဌာန၏ စာရင်းဇယားများအရ သိရသည်။
နိုင်ငံခြားသားတွေပါတဲ့ ရန်ကုန်-မန္တလေး သွားတဲ့ သင်္ဘောတွေက ပြည်မြို့ရဲ့အထင်ကရ နေရာတွေကိုပါ တစ်ခါတည်းခရီးစဉ်တွေထဲမှထည့်ဆွဲထားပြီးသား ၊ညအိပ်တဲ့သဘောင်္တွေရှိသလို ခရီးသည်တွေကို လည်ပတ်ချိန်ပေးပြီး နေ့ချင်းပြန်ထွက်တဲ့ သဘောင်္တွေလည်းရှိတယ်။ ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ပဲခူးတိုင်းဒေသကြီးမန်နေဂျာက ပြောသည်။
အဆိုပါ သဘောင်္များသည်  နိုင်ငံခြားခရီးသွားများအား ပြည်ဒေသအတွင်းရှိ ရွှေဆံတော်ဘုရား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာမြို့ဟောင်း ရွှေမျက်မှန်ဘုရားများကို အဓိကထား ပို့ဆောင်ခြင်းဖြစ်ပြီး ပြည်မြို့အောက်ဘက်ရှိ မြစ်ကမ်းပါးကျောက်နံရံတွင် ဗုဒ္ဒဆင်းတုတော်များ ထွင်းထုထားသော အကောက်တောင်သို့လည်း ၀င်ရောက်ပြသလေ့ရှိကြောင်း သိရှိရသည်။
လက်ရှိ မိုးတွင်းကာလတွင် ရေကြောင်းခရီးသွားလာရေး၏အစပိုင်းသာဖြစ်ကြောင်း ပွင့်လင်းရာသီဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများရောက်လျှင် ယခုထက်ပိုမို၍ ရေကြောင်းမှ နိုင်ငံခြားခရီးသွား       ပိုမိုများပြားတတ်ကြောင်း ရန်ကုန်- ပြည်- မန္တလေးတစ်လျှောက် သဘောင်္ပြေးဆွဲသူများနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတာဝန်ရှိသူများက ပြောသည်။
သဘောင်္လိုင်းများအနေဖြင့် မန္တလေး -ပြည် ၊ ပြည်-ရန်ကုန်၊မန္တေလေး-ရန်ကုန်စသဖြင့် ပြေးဆွဲခြင်း ဖြစ်ပြီး တစ်ခေါက်လျှင် (၁၀)ရက်မှ (၁၅)ရက် ခန့်ကြာမြင့်ပြီး တစ်လလျှင် နှစ်ခေါက်ခန့်ပြေးဆွဲကြောင်း သိရှိရသည်။
ရေကြောင်းခရီးသွားလာရေးအနေဖြင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများ၏ လူနေမူဘ၀ပုံစံများ၊ ရိုးရာ ဓလေ့များ ၊မြေနုကျွန်စိုက်ပျိုးရေးနှင့် အထင်ကရရှိသောနေရာများကို လိုက်လံပြသခြင်းဖြစ်ကာ ခရီးလမ်း တစ်လျှောက် သရက်၊ မင်းလှ၊ မကွေး၊ စလေ၊တန့်ကြည်တောင်၊ ရနပ္ပိုလ်၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ အစရှိသောမြို့များတွင်ရပ်နားကြောင်း သိရသည်။




0 comments:

Post a Comment

Facebook Like Page