Tuesday, August 26, 2014

ဆပ်ကပ်ပုံပြင် သရ၀ဏ်(ပြည်)

Leave a Comment
ဆပ်ကပ်ပုံပြင်
သရ၀ဏ်(ပြည်)

ကျွန်တော်သည်ငယ်စဉ်ကပင် ဆပ်ကပ်ပြပွဲများကိုအလွန်နှစ်သက်သည် ။ ထို.ကြောင်.ဆပ်ကပ်ပြပွဲများကို ကြုံလျင်ကြုံသလို မလွတ်တန်းကြည်.ရှုခဲ.ပါသည် ။ ပြည်တွင်းဆပ်ကပ်အဖွဲ.များဖြစ်သော ဦးမောင်မောင်ဆပ်ကပ် ၊ အာဇာနည်စန်းစန်းနှင်.အဖွဲ. ၊ ရဲသိန်းအောင် စသော အဖွဲ.များအပြင် နိုင်ငံတကာမှ ဆပ်ကပ်အဖွဲ.များကိုလည်း ဗီဒီယိုခွေများဝယ်ယူ၍ ကြည်.ရှုခဲ.ပါသည် ။ ဆပ်ကပ်ဖျော်ဖြေပွဲများတွင်ကျွန်တော်အကြိုက်ဆုံးပြကွက် နှစ်ခုမှာ လူတစ်ယောက်ကို မျက်စေ.တွင်အ၀တ်စည်းပြီး ဓါးနှင်.ပေါက်စေခြင်းဖြစ်သည် ။ ထိုပြကွက်တွင် လူတစ်ယောက် (များသောအားဖြင်.လှပသောအမျိုးသမီးငယ် တစ်ဦး ) ကို စက်ဝိုင်းပုံ သစ်သားချပ်ကြီးတွင် မလှုပ်နိုင်အောင်ကြိုးများဖြင်.တုတ်နှောင်လိုက်ပါသည် ။ ထို.နောက်တွင် ခပ်လှမ်းလှမ်းတွင်ရပ်နေသော ဓါးပေါက်သမားသည် မျက်နှာကိုအ၀တ်စည်းထားလျက်ကပင် တစ်ချက်ချင်း ဓါးများကို အသဲယားစဖွယ် ဒေါက်ကနဲ ဒေါက်ကနဲ ပစ်ပေါက်လေရာ ကျွန်တော်တို.ပရိသတ်များမှာ မကြည်.ရဲကြည်.ရဲအသဲတထိတ်ထိတ် ရင်တဖိုဖိုဖြင်. ကြည်.ရတော.သည် ။ ပေါက်လိုက်သောဓါးများသည် အပေါက်ခံသောကောင်မလေး၏ ဦးခေါင်းနဘေး ၊ ပုခုံးနဘေး ၊ ခါးနဘေး ၊ ခြေထောက်နဘေးမှ ပွတ်ကာသီကာ နံရံမှ ပျဉ်ပျားပေါ်တွင်စိုက်ဝင်နေပါတော.သည် ။ ပို၍ အသည်းယားဖွယ်ပြကွက်အဖြစ် ဓါးပေါက်ခံနေသောကောင်မလေးကျောမီထားသော စက်ဝိုင်းပုံကားချပ်ကြီးကို ခပ်ဖြည်းဖြည်း လှည်.လိုက်ပါသည် ။ထိုသို. လူရော စက်ဝိုင်းရောလည်နေစဉ်တွင်မှ မျက်စေ.ပိတ်ဓါးသမားက လက်စွမ်းပြကာ ဓါးချက်များကို တဒေါက်ဒေါက် ပစ်ပေါက်ပါသည် ။လက်ခုပ်သြဘာသံညံမစဲတော.ပါ ။ချီးကျူးကြသည်မှာ ဓါးပေါက်သူကိုဖြစ်သည် ။ ကျွန်တော်ကတော.ငယ်စဉ်ကပင်ဓါးပေါက်သူကိုစိတ်မ၀င်စားပါ ။ ဓါးပေါက်ခံဝ.ံသူ၏ သတ္တိကိုသာလေးစား မိပါသည် ။ လုပ်ရဲတာသတ္တိမဟုတ် ၊ ခံရဲတာသတ္တိဖြစ်သည်ဟုစာတွေထဲမှာလဲပြောကြပေသည် ။ လူတစ်ယောက် အစွမ်းပြနိုင်ဖို. ကိုယ်.အသက်ကိုအပေါင်ထား၍ ပြသရသောပြကွက်တစ်ခုတွင် တစ်စုံတစ်ရာလွဲချော်ခဲ.ပါက ဓါးပေါက်သူထောင်ကျသည်ကနောက်မှ ၊ ကိုယ်.အသက်ပေးရမည်ကအရင်ဖြစ်သည် ။ ကျွန်တော်တို.နိုင်ငံတွင် လဲ သူရဲကောင်းဖြစ်လိုသူ ၊ သူရဲကောင်းဖြစ်ပြနေသူတွေသာများလှသည်ဖြစ်ရာထိုလူတွေသည် ဓါးပေါက်သူနှင်.တူပေသည်ဟုထင်မြင်မိပါသည် ။ အတိုက်မခံဘက်ကရော အစိုးရဘက်ကရော ဓါးပေါက်သူတွေများလှသည် ။ ပြည်သူလူထုကြီးသည် ဓါးပေါက်ခံရန်သရုပ်ပြရသူနှင်.တူ၏ ။ စီးပွားရေးဓါးချက်များ ၊ နိုင်ငံရေးဓါးချက်များ ၊ လူမှုရေးဓါးချက်များ ၊ စားဝတ်နေရေးဓါးချက်များ ၊ကျန်းမာရေးဓါးချက်များ သည်ကျွန်တော်တို. ကုပ်ပေါ်တွင်ဝဲနေ၏ ။လည်ပင်းဘေး တွင်တဒေါက်ဒေါက်စိုက်နေ၏ ။ သို.သော် လက်ခုပ်သံများသည်ကား ဓါးပစ်သူဆီသာရောက်လာကြပြီး ဓါးပေါက်ခံနေရသော ပြည်သူများမှာမူ မထူးဆန်းသောမွေးရာပါတာဝန်တစ်ခုကို ထမ်းဆောင်နေကြသလိုသာသဘောထားခံရ၏ ။ တခါတရံ ဓါးပေါက်သူလက်ချော်ပြီးစိုက်ဝင်သောဓါး ဒဏ်ရာအတွက်ပင် ရဲရဲမငြီးဝံ.ပေ ။ သွေးထွက်လျင် ပွဲပျက်မှာစိုး၍ ကြိတ်ပြီးသုတ်ရသေး၏ ။ တကယ်ပစ်တတ်သူက၀င်ပစ်လျင်တော်ပါသေး၏ ။ ဆပ်ကပ်ပိုင်ရှင်နှင်.ခင်မင်သည်ဆိုပြီး ၀င်၍ လက်တည်.စမ်းချင်သူ ၊လက်ကမြင်းချင်သူ များလည်းမရှားပေ ။
နောက်ထပ်ကျွန်တော်ကြိုက်သောပြကွက်မှာ သားရဲတိရိစ္ဆာန်များကိုယဉ်ကျေးလိမ္မာအောင်ဆုံးမပဲ.ပြင်ပြီး ပရိသတ်ရှေ.မှောက်တွင်အစွမ်းပြစေခြင်းဖြစ်သည် ။ စက်ဘီးစီးသော မျောက်လိမ္မာလေး ၊ မီးကွင်းကို ဖြတ်ခုန်သော ကျားကြီး ၊ ခြင်္သေ.ပါးစပ်ကိုဟကာ ခါးတွင်းအတွင်းသို. လူဦးခေါင်းဝင်ပြခြင်း ၊ ဆင်လိမ္မာပြကွက် စသည်တို.ဖြစ်သည် ။ မြန်မာပြည်မှာတော. ဆိတ်ကလေး ၊မျောက်ကလေး ။ဆင်လိမ္မာကြီး စသည်များကိုပြကြသည် ။ တောရိုင်းသတ္တ၀ါများကိုမပြ ။ နှစ်သက်မိသောဆင်ပြကွက်မှာ ဆင်လိမ္မာကြီးက ဒလိမ်တုံးကြီးပေါ်သို.တက်ကာ လမ်းလျောက်ပြသောပြကွက် ၊ မြနန္ဒာသီချင်းဖြင်. ဆင်မကြီး စည်းချက်ကျကျကပြခြင်းပြကွက် ၊ ဆီးဆောပေါ်တွင်လူကိုတင်ကာ ဆင်ြကီးက တစ်ဖက်စွန်းသို.ခြေဖြင်.နင်းချလိုက်သောပြကွက် များဖြစ်သည် ။ ဆင်များကိုမြန်မာဆပ်ကပ်များတွင်သုံးသော်လည်း အခြားသတ္တ၀ါများကို ဘာ.ကြောင်.မသုံးသလဲဆိုတာသိချင်သဖြင်.ဆပ်ကပ်ပိုင်ရှင်တစ်ယောက်ကို ကျွန်တော်မေးကြည်.ဖူးသည် ။
“ ခြင်္သေ.တွေ ကိုဘာလို.မသုံးတာလဲဗျ …”
သူကကျွန်တော်.ကိုအတော်နုံတဲ.သူပဲဟူသောသဘောဖြင်. တစ်ချက်ကြည့်သည် ။
“ ခြင်္သေ.တွေက အရမ်းစားတယ်ဗျ … “
“ ဘာ….ဆင်တွေကလဲစားတာပဲမဟုတ်လား “
“ ဆင်ကစားတယ်ဆိုပေမယ်. သက်သတ်လွတ်ဗျ .. ကြံလောက် ငှက်ပျော ပင်လောက် သစ်ရွက်လောက်ကျွေးရတာ ..ဒီလောက်စားရိတ်မကုန်ဘူး .. ခြင်္သေ.ကအသားမှစားတာဗျ ၊တစ်ခါတစ်ခါစားရင်လဲ မရပ်တော.ဘူး အတော်စားနိုင်တာ အမဲသားတစ်ပိသာဆိုခနလေးပဲ ၀တယ်တောင်မထင်ဘူးဗျ ၊ ဒီလောက်စားနေမှတော.ကျုပ်တို. ဆပ်ကပ်အဖွဲ.ကြီးမွဲပြီပေါ.ဗျ ၊ နောက်ပြီးတော. ခြင်္သေ.က ဒီနိုင်ငံကမဟုတ်ဘူးဗျ ၊ ဟိုးအဝေးကြီး အာဖရိကမှာနေတာ ဒီကိုရောက်အောင် ခေါ်ရတာ သယ်ရပြုရတာမလွယ်ဘူးဈေးကြီးတယ်ဗျ …”
“ ဆင်တွေလဲအစာဖိုးကုန်တာပဲမဟုတ်လား “ ဟုကျွန်တော်ကစောဒကတက်လျင် ဆပ်ကပ်ပိုင်ရှင်က
“ ဆင်က မြို.တစ်ပါတ်လှည်.လိုက်တာနဲ. လူတွေကချစ်ပြီး စေတနာနဲ. ကျွေးတာမွေးတာအလျှံပါယ်ဗျ ၊ ရေတွေတိုက်ကြ ၊ကြံတွေကျွေးကြနဲ. ခင်ဗျားမြင်ဖူးမှာပေါ. ၊ ကျုပ်တို.အစာထပ်ဝယ်ကျွေးဖို.တောင်မလိုဘူး “
“ ခြင်္သေ.ကရောဗျ “
“ ခြင်္သေ.ကိုတော.ဘယ်သူမှ စေတနာမရှိဘူးဗျ ၊ စေတနာနဲ.အစာလာကျွေးတယ်ဆိုတာမရှိသလောက်ပဲ ၊ အဆိပ်လာမကျွေးရင်ကိုကံကောင်းပဲ ၊ဒီကောင်ကရန်လိုတာကိုး ၊ နောက်ပြီးတော. “
“ နောက်ပြီးတော. ဘာဖြစ်လဲဗျ ..”
“ နောက်ပြီးတော. ခြင်္သေ.ဟာသင်ရကြားရတာမလွယ်ဘူးဗျ ၊ သခင်ကိုပြန်ကိုက်ချင်တယ် ၊ သူကတစ်လက်ကိုင်ပဲ ၊ တစ်လက်ကိုင်တောင် ပြန်ရန်ပြုမလို.အမြဲချောင်းနေတာ .. အစာစားရရင်မာန်ဖီတာအရမ်းပဲဗျ …”
“ သြော် “
“ ဒါ.ကြောင်. ကျုပ်တို.ဆပ်ကပ်ထဲမှာခြင်္သေ.ကိုမသုံးတာ “
“ ဟုတ်ကဲ.ရှင်းပါပြီဗျာ “
ဆပ်ကပ်ရုံနောက်ဖက်မှကျွန်တော်ထွက်လာတော. နေ၀င်ဖျိုးဖျအချိန်ဖြစ်သည် ။ ညီအစ်ကိုမသိတစ်သိမချိန်မို. ပါတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရ ရုတ်တရက် ခြေလေးချောင်းသတ္တ၀ါတစ်ကောင် ရုတ်တရက်ပေါ်လာသဖြင်. ကျားလား ခြင်္သေ.လားဟုတွေးကာကျွန်တော်လန်.ခုန်လိုက်၏ ။ သို.သော် ကျွန်တော်ထင်သလိုခြင်္သေ.မဟုတ်ပါ ။ ဆိတ်လိုလို ခွေးလိုလို သတ္တ၀ါတစ်ကောင်သည် ဆပ်ကပ်ရုံအနောက်ပေါက်ထဲသို.ပြေးဝင်သွား ၏ ။ ဆပ်ကပ်ပြပွဲလည်းစပေပြီ ။ ပရိတ်သတ်၏သြဘာသံသည် ရုံထဲမှဝေါကနဲထွက်လာသည် ။ ဧကန္တရုံထဲမှာ ဓါးပေါက်ခန်းပြကွက်စနေပြီထင်သည်
ခနကြာသောအခါ ဆူညံသောလီဗာသံတဝေါဝေါ ကိုကြားရ၏ ။ ကမ္ဘာလုံးထဲမှာ ဆိုင်ကယ်စီးသောပြကွက်ကိုလည်းလူကြိုက်များသည် ။ ဆိုင်ကယ်သမားကစတန်.ထွင်ကာ ကမ္ဘာလုံးထဲမှာ ဆူညံသော အင်ဂျင်သံကိုပြုလျက် တစ်ပါတ်ပြီးတစ်ပါတ် ပါတ်ပြနေကြတာကိုလည်းလူတွေကကြိုက်ကြသည် ။တစ်ခါတစ်ရံ တစ်ယောက်ထဲပင် ပါတ်သည်မဟုတ် ၊ လူနှစ်ယောက် သုံးယောက်က ကဆိုင်ကယ်နှစ်စီးသုံးစီးဖြင်.ပါတ်ပြကြသည် ။
ကျွန်တော်ကတော.ထိုပြကွက်ကိုမကြိုက် ။ ဆိုင်ကယ်ကအသံဆူညံသလောက် ဘယ်မှမရောက်ပဲ နေရာကျဉ်းကျဉ်းလေးထဲမှာလှည်.ပါတ်မောင်းနေတာကိုစိတ်ကုန်နေ၍ဖြစ်သည် ။
သရ၀ဏ်(ပြည်)
၂၆.၈.၂၀၁၄

0 comments:

Post a Comment

Facebook Like Page