ဘုံရန်သူသည် အာဏာရှင်စနစ် သရ၀ဏ်(ပြည်)
ဘုံရန်သူသည် အာဏာရှင်စနစ်
သရ၀ဏ်(ပြည်)
၁၉၉၅ တွင် ဧည်.လမ်းညွှန်သင်တန်းတက်စဉ်အခါက သင်တန်းတွင်ဆရာတစ်ယောက်ကမေးဖူးသည် ။
“ ကျွန်တော်တို…ခင်ဗျားတို. ပြောပြောနေတဲ. “ အီစလံဝေ “ ဆိုတဲ. မြန်မာစကား ဟာ ဘယ်ကဆင်းသက်လာတာလဲ သိကြလား “
ကျွန်တော်တို.က အဓိပါယ်ကိုတော.သိသည် ။အီစလံဝေသည်ဆိုခြင်းမှာ
တစ်ခုခုနှင်.ထိခိုက်မိ၍ နာကျင်သွားသည် ၊ နစ်နာသွားသည်ဆိုသောအဓိပါယ်ရမည်ထင်သည် ။သို.သော် ဤစာလုံးသည် ဘယ်ကဘယ်လိုဆင်းသက်လာသလဲတော. ကျွန်တော်တို.မသိရိုးအမှန် ။ ထိုအခါ ဆရာကရှင်းပြသည် ။
“ မြန်မာ.လွတ်လပ်ရေးကြိုးပန်းစဉ်ကာလတုန်းက
လွတ်လပ်ရေးခရီးပန်းတိုင်ဟာ အတော်ကြိုးစားရဦးမယ်
၊ခရီးဟာအဝေးကြီးသွားရဦးမယ် ဆိုတဲ.အဓိပါယ်နဲ . အင်္ဂလိပ်လို It is a long way
လို.ပြောခဲ.ကြတယ် ၊ အဲဒိကမှ အတိုကောက်အနေနဲ. It’s a long way
လို.ပြောကြတယ် ၊ အချို.ကလဲ မြန်မာသံဖလှယ်ပြီး အစ်စလောင်းဝေး လို.ရေးရာကနေ
အီစလံဝေ ဖြစ်လာတာကွ “ ဟု ပြောခဲ.ဖူးလေသည် ။ ဆရာပြောတာဟုတ်မဟုတ်တော.ကျွန်တော်လဲသေသေချာချာမသိ ။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုကြည်.တော.လည်း အီစလံဝေ မှာမပါသဖြင်. နိုင်ငံခြားစကားကိုမွေးစားယူသည်ဆိုခြင်းမှာဖြစ်နိုင်ပေသည် ။ ဆရာ မောင်ခင်မင်ဓနုဖြူနှင်.တွေ.မှမေးရဦးမည် ။ မည်သို.ပင်ရှိစေ ခရီးအရှည်ကြီးသွားရဦးမယ် ( It’s a long way ) ဆိုသော စာလုံးကိုကျွန်တော်အတော်သဘောကျသွားသည် ။
မြန်မာ.လွတ်လပ်ရေးကြိုးပန်းမှုသမိုင်းရှည်ကြီးတွင် ရှေးမြန်မာတို.သည် မိမိတို.ဘိုးဘွားလက်ထက်က ရွှေမှန်ကင်းထင်းဖြစ်ခဲ.ရသောဆုံးရှုံးခဲ.ရသည်.လွတ်လပ်ရေးကို အင်္ဂလိပ်တို.ထံမှ နည်းမျိုးစုံဖြင်.တောင်းဆိုခဲ.ကြသည် ။ထိုတောင်းဆိုချက်များကိုနိုင်ငံရေးပရိယာယ်ကြွယ်ဝလှသော ကမ္ဘာပါတ်၍ အရှင်သခင်လုပ်လာသည်.နေမ၀င်အင်ပါယာအရှင် အင်္ဂလိပ်တို.သည် အသာတကြည်နှင်.ပေးအပ်ခဲ.ခြင်းမဟုတ် ၊ နည်းအမျိုးမျိုးနှင်. လွတ်လပ်ရေးမပေးရရန် ကောက်ကျစ်စဉ်းလဲခဲ.ကြသေးသည် ။ သူတို.၏မူဝါဒမှာ မြန်မာအချင်းချင်းမညီမညွတ်ဖြစ်ရန်အမြဲတမ်းသွေးကွဲစေမည်. ကိစ္စများကိုအဆက်မပြတ်ဖန်တီးပေးထားခြင်းဖြစ်သည် ။ထိုမှသာ မြန်မာများသည် အချင်းချင်းငြင်းခုန် ရန်ဖြစ်နေရတာ ၊စိတ်ဝမ်းကွဲနေရတာနှင်. နယ်ချဲ.ဆန်.ကျင်ရေးဘက်သို.လှည်.မလာနိုင်မှာဖြစ်သည်
။ ထိုမဟာဗျူဟာအရ ငါးထောင်စားအမတ်နေရာများတွင် မြန်မာ နိုင်ငံရေးသမားများ
ရာထူးယူ၍ ၀င်ရောက်လုပ်ကိုင်ဖို. ကမ်းလှမ်းခဲ.သည် (ထိုခေတ်က
ငါးထောင်ကျပ်ဟူသောလစာငွေသည် အလွန်များပြား၍မက်လောက်စရာဖြစ်ပါသည် ) ။ ထိုအခါ မျိုးချစ်နိုင်ငံရေးသမားများကြား ရာထူးယူကာ အင်္ဂလိပ်နှင်.ပေါင်းလုပ်လိုသူများနှင်.
ရာထူးမယူလိုသူများဟူ၍ နှစ်ဖွဲ.ကွဲသွားတော.သည် ။ ထို.နောက်တွင် ဟုမ္မရူးတို.
၊ ကိုးဆယ်.တစ်ဌာနအုပ်ချုပ်ရေး ကိုလက်ခံသင်.လက်မခံသင်.ကိစ္စပေါ
်လာကာကွဲကြပြန်သည် ။ ထို.နောက် နယ်ချဲ.အင်္ဂလိပ်က
မြန်မာ.နိုင်ငံရေးနှင်.လူမှုရေးတွင် အကြီးမားဆုံးအငြင်းအခုန်ဖြစ်စေမည်. တွဲရေးခွဲရေးပြသနာကို ပြသနာမဖြစ်ဖြစ်အောင်ရှေ.တန်းတင်ပွဲထုတ်လာလေသည် ။ မြန်မာနိုင်ငံသည်ထိုစဉ်က အင်္ဂလိပ်လက်အောက်ဝယ် အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်သွတ်သွင်းကာအုပ်ချုပ်ခြင်းကိုခံနေရချိန်ဖြစ်သည် ။ အင်္ဂလိပ်သည် မြန်မာနိုင်ငံကို အိန္ဒိယလက်အောက်အဖြစ်သွတ်သွင်းအုပ်ချုပ်တုန်းကမည်သူ.ကိုမျှမတိုင်ပင်ခဲ.ပဲ လုပ်ခဲ.ပါလျက် နဂိုမူလအတိုင်းပြန်ခွဲထုတ်ကာနီးမှ တွဲမလားခွဲမလားဟု ဆန္ဒခံယူစေသည်မှာသဘောရိုးဖြင်.မဟုတ်ချေ ။ မြန်မာ.လူ.ဘောင်တွင် ကြီးမားသောစိတ်ဝမ်းကွဲမှုကြီးဖြစ်ကာ မူလဘုံရန်သူဖြစ်သော နယ်ချဲ.အင်္ဂလိပ် နှင်. အဓိကရည်မှန်းချက်ဖြစ်သောလွတ်လပ်ရေးကိုမြန်မာတို.မျက်ခြေပြတ်သွားစေရန်ဖြစ်သည် ။ ရွာမှာလည်းတွဲရေးနှင်.ခွဲရေးသမားတို.ကွဲကြသည် ။ မြို.မှာလည်းကွဲကြသည် ။ ရဟန်းသံဃာချင်းပင် တွဲရေးကိုယ်တော်နှင်.ခွဲရေးကိုယ်တော်တို.
ငြင်းခုန်ရန်ဖြစ်ကြသည် ။ မိသားစုထဲမှာစိတ်ဝမ်းကွဲကြသည် ။
တွဲရေးကိုယ်တော်ကိုခွဲရေးဒကာက ဆွမ်းမလောင်းနိုင်ဟုဆန္ဒပြကြသည် ။
ခွဲရေးကိုယ်တော်က တွဲရေးဒကာ၏ သာရေးနာရေးကိုမကြွဟု တင်းခံသည် ။
လွတ်လပ်ရေးတောင်းဖို.ကိုမေ.ကုန်ကြကာမြန်မာတွေရန်ဖြစ်တော.သည် ။ ဘုံရန်သူအင်္ဂလိပ်မှာ မြန်မာတို.ရန်ပွဲကိုပြုံးပြုံးကြီးကြည်.နေသည် ။ သူတို.ဆင်သည်.အကွက်ထဲမှာ အားလုံးမျောပါကုန်သည် ။လွတ်လပ်ရေးပေးရကာနီးတွင် တောင်တန်းနှင်.ပြည်မသားများကိုပင်သွေးခွဲလိုက်သေးသည် ။ စက္ကူဖြူစာတမ်းဆိုတာလုပ်လိုက်သေးသည် ။ လွပ်လပ်ရေးပေးတော.လဲ နိုင်ငံသားအချင်ချင်းရန်တိုက်ထားခဲ.သေးသည် ။နောက်တော.အင်္ဂလိပ်တို.၏အကောက်ဥာဏ်ကိုမြန်မာ.နိုင်ငံရေးခေါင်းဆောင်များနားလည်သွားခဲ.ကြ ပြီး ကွန်မြူနစ် ၊ဆိုရှယ်လစ် ၊ သခင် ၊ ကျောင်းသား ၊ မြေပေါ် မြေအောက်ဝါရင်.နိုင်ငံရေးသမားများအားလုံးပါဝင်သော
ဗမာ.ထွက်ရပ်ဂိုဏ်း ကိုဖွဲ.စည်းလိုက်ကြသည် ။ လွတ်လပ်ရေးသည်
အဓိကရည်မှန်းချက် ၊ ဘုံရန်သူသည် နယ်ချဲ.၀ါဒ ။
မြန်မာ.နိုင်ငံရေးတွင်အဖွဲ.အစည်းပေါင်းစုံ ပထမဆုံးညီညွတ်ခဲ.ကြခြင်းဖြစ်သည် ။
မြန်မာပြည်သူတွေမှာသနားဖို.ကောင်းသည် လွပ်လပ်ရေးရီးသည် ရှည်လျားခဲ.ပြီး ၊ ကိုယ်.မင်းကိုယ်.ချင်းနှင်.လွတ်လပ်သောခေတ်မှာလည်း
ကြာရှည်အေးချမ်းစွာမနေရ ။ပြည်တွင်းစစ်ဖြစ်သည် ။ ရောင်စုံသူပုန်ထသည် ။
စစ်အာဏာအသိမ်းခံရသည် ။ ဆင်းရဲမွဲတေမှုကတစ်နိုင်ငံလုံးဆီသို.ကူးစက်ရောဂါလိုပျံ.နှံ.သွားသည် ။ မြန်မာသည်ကမ္ဘာ.အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံဖြစ်သွားသည် ။ ထိုအချိန်တွင် အာဏာရှင်များ ၊ အာဏာရှင်ကိုစီးပွားဖြစ်အောင်လုပ်ပေးနိုင်သော လုပ်ငန်းရှင် ခေတ်ပျက်သူဌေးများအဆမတန်ကြွယ်ဝချမ်းသာလာကြသည် ။ အာဏာရှင်အဆက်ဆက်သည် တိုင်းပြည်အရေးထက် ပုဂ္ဂလိက အကျိုးစီးပွားကိုပဲကြည်.ကြသည် ။ဘယ်သူသေသေငတေမာပြီးရောလုပ်ကြသည် ။ စစ်အစိုးရသည်စီးပွားရေးမူဝါဒလေးတစ်ချက်ပြင်လိုက်ရုံနှင်. တိုင်းသူပြည်သားများ ကောင်းကျိုးချမ်းသာရသွားမည်.ကိစ္စမှန်သမျှကိုဆန်.ကျင်ကန်.ကွက်ကာကိုယ်ကျိုးစီးပွားကိုအသေဆုပ်ကိုင်ထားသည် ။ သိသာထင်ရှားသောကိစ္စနှစ်ခုမှာ ကားပါမစ်ကိစ္စ နှင်.တယ်လီဖုန်းမူဝါဒများဖြစ်သည်
။ဈေးကွက်ကိုဖွင်.ချလိုက်ပါက မြန်မာနိုင်ငံသား လုပ်သားပြည်သူအားလုံး
ဖုန်းသုံးနိုင်မည် ၊ကားစီးနိုင်မည်ကိုသိပါလျက် ပြည်သူ.မျက်နှာကိုမကြည်.ပဲ
မိမိနှင်. မိမိနီးစပ်ရာ အာဏာရှင်တစ်စုချမ်းသာရေးကိုပဲကြည်.ခဲ.ကြသည် ။ မှောင်ခိုဈေးကွက်အတွင်း၌လက်ကိုင်တယ်လီဖုန်းတစ်လုံးကိုကမ္ဘာပေါ်တွင်မကြားဖူးသော ဂင်းနစ်စံချိန်တင်ဈေးနှုန်းဖြစ်သည် . ဆင်းကဒ်တစ်ခု ကျပ်သိန်း(၄၀) ပေါက်ဈေးဖြင်.ကြောက်ခမန်းလိလိစတင်ဖွင်.လှစ်ခဲ.သည်
။တရားဝင် ကောက်ယူသောဈေးက (၁၅ )သိန်း ။ သို.သော်တယ်လီဖုန်းတစ်လုံး
တရားဝင်လမ်းကြောင်းမှ သာမန်ပြည်သူလူထုထံရောက်ဖို.ဆိုတာ လူ.ပြည်ကအပ်တစ်စင်းနှင်. ဗြဟ္မာ.ပြည်ကအပ်တစင်းဆုံမိဖို.ထက်ခက်ခဲသည် ။ ထို.ကြောင်. သုံးချင်သူများမှောင်ခိုမှဝယ်ရသည် ။ မှောင်ခိုဆိုသော်လည်း ဖုန်းကတ်များကို ဗုန်းပေါလအောကိုင်ပြီးပြန်ရောင်းစားနေသည်မှာ အာဏာရှင်အသိုင်းအ၀ိုင်းပဲဖြစ်သည် ။ နောက်တော. အပြင်ပေါက်ဈေးမှာ (၃၅) သိန်း ၊ ထိုမှတဖန် သိန်း (၃၀ )ဖြစ်သည် ။ ၂၀၀၃ တွင် ကျွန်တော် အလုပ်အတွက်မရှိမဖြစ်လိုအပ်လွန်းသဖြင်.
GSM ဆင်းကဒ်တစ်ကဒ်ဝယ်လိုက်ရာ ၂၉ သိန်းပေးရပါသည် ။ ဒါတောင်အပိုင်မရ
စာချုပ်တွင် တယ်လီဖုန်းကို အငှားချထားလိုက်သည်ဆိုသော
မောက်မာလွန်းသည်.စာချုပ်တစ်ခုကိုလက်မှတ်ထိုးလိုက်ရသေးသည် (မငှားချင်တော.၍ ပြန်အပ်မည်ဆိုတော.လည်းရူးချင်ယောင်ဆောင်ကာငွေပြန်မပေးတော.ပေ)
။ လူတွေသည် ကိုယ်ပိုင်ဖုန်းလဲမကိုင်နိုင် ၊ ကိုယ်ပိုင်ကားလဲ မစီးနိုင် ။
ထမင်းနပ်မှန်ဖို.ကိုသာ ကျန်တာတွေကိုအသာထား၍ ကြိုးစားကြရလေသည် ။ ထိုသို.
ဒုက္ခပေါင်းစုံကိုနှစ်ပေါင်းမျာစွာ ( ၁၉၆၂ မှ ၂၀၁၄ အထိ ၅၂ နှစ် ) ခါးစီးခံခဲ.ရသည် ။
ယခုအခါ ဆက်သွယ်ရေးကဏ္ဍ၌ ဆင်းရဲသားပြည်သူများအသက်ရှူချောင်တော.မည်.
အရိပ်အယောင်များပေါ်လာသည် ။ MPT ခေါ်မြန်မာဆက်သွယ်ရေး လုပ်ငန်းမှ
တယ်လီဖုန်း Sim ကတ်များကို (၁၅၀၀ )ကျပ်ဖြင်.မဲဖောက်ရောင်းချပေးလာသည် (လိုချင်သူလိုသလောက်မရသေး) ၊ အော်ရီဒူးနှင်.တယ်လီနောဖုန်းကုမ္မဏီကြီးများမှ ၁၅၀၀ ကျပ်ဖြင်. ဆင်းကဒ်များရောင်းချပေးမည်ဟုအပြိုင်ကြော်ငြာကြသည် ။ အော်ရီဒူးကပို၍လက်သွက်ကာ ၁.၈.၂၀၁၄ မှစကာ ဖုန်းကဒ်များ တစ်ကဒ်လျင် ၁၅၀၀ ကျပ်ဈေးဖြင်.စတင်ရောင်းချပေးခဲ.သည် ။
သို.သော်မြန်မာလူမျိုးတို.ကား နိုင်ငံရေး ၊ ဘာသာရေးတိုက်ကွက် တစ်ခုမရှိလျင်မနေတတ်သောလူမျိုးပေလောမသိ ၊ တစ်မျိုးထွင်လာကြပြန်ပေ၏ ။ တွဲရေးဂိုဏ်းနှင်.ခွဲရေးဂိုဏ်းကွဲကြသလို
အော်ရီဒူးဂိုဏ်းနှင်. တယ်လီနောဂိုဏ်းကွဲကြပြန်သည် ။ အစ္စလမ်နိုင်ငံမှ
လာရောက်စီးပွားရှာသော အော်ရီဒူးကိုအမျိုးဘာသာ
သာသနာရှုထောင်.မှဆန်.ကျင်သည်.အနေဖြင်.ဖုန်းများမ၀ယ်ကြနှင်.ဟုကြွေးကြော်သူကကြွေးကြော်သည် ။ အော်ရီဒူးဖုန်းကဒ်တစ်ခုဝယ်သုံးမိသည်နှင်. အမျိုးသားသစ္စာဖောက်လိုလို ၊ သာသနာဖျက်လိုလို ။အမျိုးမစောင်.သူတစ်ယောက်လိုလို ။အဆင်.နိမ်.သူတစ်ယောက်လိုလို အလိုလိုသမုတ်ခံရတော.သည် ။
အနှစ်ငါးဆယ်ကျော်ခန်.အစိုးရအဆက်ဆက်၏လူရာမသွင်းမှုကြောင်.
ခေတ်ပေါ်ပစ္စည်းတစ်ခုနှင်. နီးစပ်ခွင်.မရခဲ.သော ဆင်းရဲသား
သာမန်ပြည်သူများသည် ကံအကြောင်းသင်.၍ အများသူငါလို ဖုန်းကလေးဝယ်သုံးမိကာမှ
အမျိုးသားသစ္စာဖောက်သဖွယ်ရှုမြင်ခံရသည်ကား မည်သည်. အချက်ကိုအရင်းတည်၍ပြောသည်ဖြစ်စေ တရားမျှတမှုမရှိချေ ။ မေးစရာရှိသည်မှာအားလုံးကမ၀ယ်၍ အော်ရီဒူးကုမ္မဏီ ပြုတ်သွားပါ.မလား ။ အော်ရီဒူးမရှိတာနှင်.ပဲမြန်မာနိုင်ငံမှာ အစ္စလမ်ဝါဒမရှိတော.ဘူးလား ။ မူဆလင်တွေ အားလုံးကုန်သွားမလား ။ အော်ရီဒူးသို.ပေးလိုက်သောငွေများသည် ဗလီတည်ဆောက်ရေးလုပ်ငန်းတွေမှာသုံးလိမ်.မည်ဆိုတာရော
ယုတ္တိယုတ္တာရှိပါ.မလား ။ အော်ရီဒူးမလာခင်ကတည်းက အရှေ.အလယ်ပိုင်းမှ
ရေနံသူဌေးနိုင်ငံများ နှင်. OIC တို.က ပြည်တွင်းမှ ဘာသာရေးသမားအချို.ကို
ထောက်ပံ.နေခဲ.သည်မဟုတ်ပါလား ။အော်ရီဒူးရှိရှိမရှိရှိ
ဗလီကတော.ရှိနေခဲ.ပြီးသားမဟုတ်လား ။ စဉ်းစားစရာတို.များလှသည် ။
တကယ်တော.ကျွန်တော်သည် အော်ရီဒူး တန်းတန်းစွဲပုဂ္ဂိုလ်တစ်ယောက်မဟုတ်ပါပေ ။သို.သော် နည်းမှန်လမ်းမှန်စဉ်းစားကြဖို.ကိုသာလိုလားပါသည် ။ တကယ်တန်းမြန်မာပြည်သူများ ဖုန်းကိုငန်းငန်းတက်လိုချင်လာအောင်လုပ်ခဲ.သူမှာ
ယခင်ကအုပ်ချုပ်ခဲ.သော မ.ဆ.လ ၊ န.၀.တ ၊ န.အ.ဖ စစ်အစိုးရများဖြစ်သည် ။
သူတို.သာ အများပြည်သူ သုံးဖုန်းကို အိမ်နီးချင်းနိုင်ငံများလို
တစ်ဆင်.ချင်းဖြေလျှော.ပေးခဲ.လျင် အော်ရီဒူးထံမှလည်းမည်သူကမျှယခုလိုတိုးကြိတ်ဝယ်ယူနေမည်မဟုတ်ချေ ။ တစ်ဖန်မြန်မာနိုင်ငံသည် ဘာသာရေးနှင်.ပါတ်သက်လာလျင် အထိအခိုက်မခံမှန်းသိပါလျက်နှင်.
Digicel လို စင်္ကာပူမှSing Tel တို.လို ၊ ပြင်သစ်မှ Orange လို ၊ ဂျပန်မှ
Maruneni တို.လိုတင်ဒါလျောက်ထားခဲ.သော ကမ္ဘာကျော်ဆက်သွယ်ရေးကုမ္မဏီကြီးများကိုကျော်လွန်၍ အော်ရီဒူးလို အရှေ.အလယ်ပိုင်းနိုင်ငံမှကုမ္မဏီ ကို လိုင်စင်ချထားပေးလိုက်သူများကိုသာ အပြစ်တင်ဖို.သင်.သည် ။ ထိုသို.မဟုတ်ပါပဲ အောက်ချေမှနင်းပြားများကိုသာ မူဆလင်နိုင်ငံမှပစ္စည်းမို.၀ယ်မသုံးကြနှင်. ၀ယ်သုံးသူသည် အမျိုးဘာသာကိုမစောင်.သူဖြစ်သည်ဆိုသည်.လေသံမျိုးပြောလာကြခြင်းမှာပြည်သူလူထုကိုမစာနာရာကျပေ
သည်။ တယ်လီဖုန်းဆိုသည်မှာ သိပ္ဖံပညာ၏အသီးအပွင်.တစ်ခု
၊လူတို.၏အသုံးအဆောင်ဖြစ်သည် ။ လျှပ်စစ်ကိုစတင်တွေ.ရှိခဲ.သူ ဖာရာဒေးသည်
အစ္စလမ်ဘာသာဝင်လား ၊ခရစ်ယန်လား ကျွန်တော်တို.စိတ်မ၀င်စားပါ ။ အဓိကက
သင်၏အိမ်မှာမီးလင်းဖို.ဖြစ်သည် ။ တယ်လီဖုန်းကိုတီထွင်သူ ဂရေဟမ်ဘဲလ်မှာ
ဗုဒ္စဘာသာဖြစ်နေလဲ မူဆလင်တွေကသုံးကြမည်ဖြစ်သည် ။ လေယာဉ်ပျံကိုတီထွင်သူ
ရိုက်ညီနောင် သည် ခရစ်ယန်ဖြစ်သဖြင်. မူဆလင်တို.လေယာဉ်မစီးကြနှင်.ဟုပြောနေလဲ မည်သူကမျှလိုက်နာကြမည်မဟုတ် ။ လူတို.သည် မိမိဘာသာကိုချစ်ခင်လေးစား ကာကွယ်စောင်.ရှောက်ရန်တာဝန်ရှိသော်လည်း မိမိနှင်.ဘာသာမတူတာနှင်.စီးပွားရေးပိတ်ဆို.မှုလုပ်ရန်ကားမလိုအပ်လှပေ ။ ကိုယ်မကြိုက်၍ ကိုယ်မ၀ယ်တာကိုတော.အပြစ်ပြောစရာမရှိပေ ။ သူတစ်ပါးဝယ်သည်ကို ကန်.ကွက်ရှုတ်ချသူများကိုသာဆိုလိုပါသည် ။
ကျွန်တော်လည်းဗုဒ္စဘာသာဖြစ်ပါသည် ။ မိမိဘာသာကိုအသက်ထက်ချစ်မြတ်နိုးပါသည်
။သို.သော်မယောင်ယာဆီမလူးသင်.ပါ ။အကယ်၍အချို. လူများဟောပြောပို.ချနေသလို
မူဆလင်ဆိုင် ၊ မူဆလင်ကုမ္မဏီ ထံမှ အားမပေးကြဖို. ကပ်သီးကပ်သပ်ပြောနေကြလျင်
ကျွန်တော်တို.သည် မလေးရှားနိုင်ငံမှ တင်သွင်းသော
စားအုန်းဆီများကိုလည်းမစားကြဖို.သာရှိသည်
။ ဆော်ဒီ ၊ ကာတာ ၊ ယူအေအီး ၊ ဘရူနိုင်းဒါရုဆလမ်
နိုင်ငံများမှတင်သွင်းလာသော ဓါတ်ဆီ ၊ဒီဇယ်ဆီ ၊လေယာဉ်ဆီ ၊
အင်ဂျင်ဝိုင်များဖြင်. ပြေးဆွဲခုတ်မောင်းသော မော်တော်ကား ၊ မီးရထား ၊လေယာဉ်
၊သင်္ဘော ၊ဆိုင်ကယ် စသည်တို.ကို မစီးရုံပဲရှိတော.သည်
။ပြည်တွင်းဖြစ်သဘာဝဓါတ်ငွေ.ဖြင်.သော်လည်းကောင်း ၊ န.အ.ဖ အစိုးရ၏ မဟာစီမံကိန်းကြီးမှထွက်ရှိသော ကြက်ဆူဆီဖြင်.သော်လည်းကောင်း ယာဉ်ရထားများကိုပြေးလွှားခုတ်မောင်းစေရုံသာရှိတော.၏ ။ သို.မဟုတ် စက်ဘီးသော်လည်းကောင်းခြေလျင်သော်လည်းကောင်း ၊နွားလှည်းဖြင်.သော်လည်းကောင်းခရီးသွားကြဖို.သာရှိပေ၏ ။
ကျွန်တော်.အမြင်ပြောရလျင်မြန်မာနိုင်ငံတွင်အချို. နိုင်ငံရေးပါတီကြီးများသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မနိုင်မှာကိုစိုးရိမ်စိတ်တွေဝင်နေ၏ ။ ထို.ကြောင်.မြန်မာ.လူ.အဖွဲ.အစည်းတွင်အကွဲအပြဲတွေဖြစ်စေချင်သဖြင်. ထိလွယ်ရှလွယ်သော ဘာသာရေးဖြင်. စိတ်ဝမ်းကွဲအောင် (ကိုးဆယ်.တစ်ဌာနအုပ်ချုပ်ရေးတို.
၊ တွဲရေးခွဲရေးတို. ၊ ရာထူးယူရေးမယူရေးတို. အင်္ဂလိပ်တို.လုပ်သလို )
လုပ်ချင်နေပုံရ၏ ။ အော်ရီဒူးဂိုဏ်းနှင်. တယ်လီနောဂိုဏ်းကွဲသောအခါ
တောမီးလောင်လျင်တောကြောင်အကြိုက်ဖြစ်ပေ၏ ။ထို.နောက်ရွေးကောက်ပွဲကာလသို.ရောက်သောအခါ လူကြိုက်နည်းသဖြင်.ရှံးလုလုဖြစ်နေသောပါတီများသည် အမျိုးဘာသာကိုကာကွယ်စောင်.ရှောက်လိုကသူတို.ပါတီသို.မဲပေးကြရန်ဟူသောလုပ်ပေါက်မျိုးဖြင်.စည်းရုံးလာကြမည်ကိုမြင်ယောင်သေးသည် ။
တကယ်တော.မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီကိုအပြည်.အ၀မရသေးပါ ။ မြန်မာတို.အတွက်ရည်မှန်းချက်ပန်းတိုင်သည် ဒီမိုကရေစီဖြစ်ပြီး ၊ အားလုံးဆန်.ကျင်ရမည်.ဘုံရန်သူသည် အာဏာရှင်စနစ်ဖြစ်ပါသည် ။ ထို အာဏာရှင်စနစ်ကြောင်.သာလျင်မြန်မာသည် အရှေ.တောင်အာရှတွင်အချမ်းသာဆုံးမှအဆင်းရဲဆုံးနိုင်ငံဘ၀သို.ရောက်ခဲ.ရပေသည် ။ ထိုအာဏာရှင်စနစ်ကြောင်.သာလျင် ဒီမိုကရေစီနှင်.လူ.အခွင်.အရေးများဆိတ်သုဉ်းခဲ.ရသည် ။ အာဏာရှင်စနစ်ကြောင်.သာလျင် မြန်မာသည် သခင်မျိုးဟေ.ဒို.ဗမာ မှ အိမ်ဖော်တင်ပို.သောနိုင်ငံအဖြစ်သို.ရောက်ခဲ.ရသည် ။ ထိုအာဏာရှင်စနစ်ဆိုးကြောင်.သာလျင်
တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို ဒိုင်းနမိုက်ဖြင်. ဗုံးခွဲခြင်းခံခဲ.ရသည် ။
ထိုအာဏာရှင် စနစ်ကြောင်.သာလျင် နိုင်ငံရပ်ခြား၌ မြန်မာလူငယ်များ
မျက်နှာမွဲမျက်နှာပြာဖြင်. အလုပ်ကြမ်းများလုပ်နေကြရသည်
။ထိုစနစ်ဆိုးကြောင်.သာလျင် နိုင်ငံရေးအကျဉ်းသားဟူသည် ရှိလာခဲ.သည်
။ထိုစနစ်ဆိုးကြောင်.သာလျင် စတုတ္ထမဏ္ဍိုင်ကို လှဲဖြိုခြင်းခံခဲ.ရသည် ။
ထိုစနစ်ဆိုးကြောင်.သာလျင် စစ်ဘေးရှောင်ပြည်သူများများဒုက္ခသည်စခန်းသို.ရောက်နေကြရသည်
။ ထိုစနစ်ဆိုးကြောင်.သာလျင် လူတစ်စုကျိကျိတက်ချမ်းသာပြီး
တိုင်းသူပြည်သားမိဘပြည်သူများ လူလုံးမလှဖြစ်နေခဲ.ကြသည်
။ထိုစနစ်ဆိုးကြောင်သာလျင်မြန်မာနိုင်ငံ၏်ပညာရေးနှင်.ကျန်းမာရေးသည် အဘက်ဘက်ကနိမ်.ကျခဲ.၏ ။ ထိုစနစ်ကြောင်.သာလျင် တရားစီရင်ရေးသည် ပြည်သူလူထုဘက်မှာမရှိတော.ပဲပြိုကျပျက်စီးခဲ.ရပါသည် ။အမှောင်လွှမ်းသောခေတ်ကိုရောက်ခဲ.ရခြင်းဖြစ်သည် ။ ထိုခေတ်မှ ရုန်းထွက်ဖို.ဆိုတာ အားလုံးညီညွတ်မှဖြစ်မည် ။ တစ်ယောက်ကိုတစ်ယောက်အပြစ်တင်နေခြင်းဖြင်.ဘာမှကောင်းမလာနိုင် ။
ကျောင်းသား ၊ နိုင်ငံရေးသမား ၊ပြည်သူလူထု ၊ တတ်သိပညာရှင်များ ရည်ရွယ်ချက်တစ်ခုထဲရှိဖို.လိုသည် ။ တကယ်အပြစ်တင် တိုက်ခိုက်ရမည်.သူကိုမမြင်ပဲ တိုင်းသူပြည်သားနင်းပြားအချင်းချင်းရန်ရှာနေခြင်းသည်
သားသတ်ရုံသို. သွားနေရင်း အချင်းချင်းထိုးဆိတ်နေသောကြက်ခြင်းထဲမှကြက်တွေနှင်.အလားသဏ္ဍန်တူပေ၏ ။တိုက်ချင်ခိုက်ချင်စိတ်သာရှိ၍ရန်သူကိုမြင်အောင်မကြည်.နိုင်သောအခါ
ကြက်ခြင်းနိုင်ငံရေးဖြစ်သွားတတ်ပါသည် ။ ဒီမိုကရေစီ ဒင်ပြည်.ကျပ်ပြည်.ရဖို.သွားရမည်.ခရီးသည်
အတော်ဝေးသေး၏ ။ It’s a long way ဟုပြောသော်ရနိုင်ပါ၏ ။ အစ်စလောင်းဝေး မှ
သည် အီစလံဝေမဖြစ်ဖို.ကတော. ကျွန်တော်တို. ပြည်သူအချင်းချင်းညီညွတ်ဖို.လိုပါသည် ။ ပါးနပ်ဖို.လိုပါလိမ်.မည် ။ကြက်ခြင်းထဲကကြက်တွေလိုအချင်းချင်း ခွပ်မနေကြဖို.လိုပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၁၉.၈.၂၀၁၄
0 comments:
Post a Comment