Sunday, July 6, 2014

ပြည်မြို့ ဗုဒ္ဓံ ၊ ဓမံ္မ၊ သံဃာ ၀ါတွင်းနိဗာန်ဆော်အဖွဲ့(၄၃)ကြိမ်မြောက် လှည့်လည်အပူဇော်ခံယူရာတွင် သဒ္ဓါရွှန်းစို ရှေးထက်ပိုပြီး ကြည်ညို လှူဒါန်းကြပါရန် နိဗ္ဗာန်ကိုယ်ရည်မျှော်မှန်းကာအကျိုးမျှော်၍နှိုးဆော် ပြည့်သဲမောင်(ပြည်)

Leave a Comment




ပြည်မြို့ ဗုဒ္ဓံ ၊ ဓမံ္မ၊ သံဃာ ၀ါတွင်းနိဗာန်ဆော်အဖွဲ့(၄၃)ကြိမ်မြောက် လှည့်လည်အပူဇော်ခံယူရာတွင် သဒ္ဓါရွှန်းစို ရှေးထက်ပိုပြီး ကြည်ညို လှူဒါန်းကြပါရန် နိဗ္ဗာန်ကိုယ်ရည်မျှော်မှန်းကာအကျိုးမျှော်၍နှိုးဆော်
  ပြည့်သဲမောင်(ပြည်)
ဘုရားချစ်ခင်သူတော်စင်အပေါင်းတို့ခင်ဗျာပြည်မြို့ လေးဆူဓာတ်ပျော်ေ
ရွှဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓံ ၊ ဓမံ္မ၊ သံဃာ ၀ါတွင်းနိဗာန်ဆော်အဖွဲ့
သည် နစ်စဉ် ၀ါတိုလတန်း( ၁၄ )ရက်နေ့မှစ၍“ဆံတော်ဗျာဒိတ်ပေးဘုရား”
ကိုပင့်ဆောင်၍နရည်းဖြင့်မြို့တွင်းသို့လှည့်လည်အပူဇော်ခံခဲ့ရာ(၄၂)ကြိမ်ရှိ
ခဲ့ပြီဖြစ်ပါသည်။
ယခုနှစ်တွင်လည်း၁၃၇၆ခုနှစ်၊ဝါဆိုလဆန်း(၁၄)ရက်၊(၁၀.၇.၂၀၁၄)ရက်မှစ၍မြို့
တွင်းသို့လှည့်လည်အပူဇော်ခံမည်ဖြစ်ပါသည်။ထိုသို့လှည့်လည်အပူဇော်ခံရာတွင် လပြည့်လကွယ်နေ့များတွင် နေ့(၂း၀၀)နာရီတစ်ကြိမ်၊နံနက်အရုဏ်တက်တစ်ကြိမ်
၊နှစ်ကြိမ်ကြွရောက်အလှူခံမည်ဖြစ်ပြီး ကျန်သီတင်းရက်များတွင် နေ့(၂း၀၀)နာရီတ
စ်ကြိမ်သာကြွရောက်အပူဇော်ခံမည်ဖြစ်ပါသည်။
(၄၂)ကြိမ်မြောက်လှည့်လည်အပူဇော်ခံရာတွင် စေတီတော်မြတ်ကြီး ရွှေသ
င်္ကန်းကပ်လှူရန်ပြည်မြို့သူ ပြည်မြို့သားစေတနာရှင်များကအလှူတော်ငွေ(၂၇၀၂၈၉၀၀) (သိန်းနှစ်ရာ့ခုနှစ်ဆယ်နှစ်သောင်းရှစ်ထောင်ကိုးရာကျပ်)လှူဒါန်းခဲ့ကြပါသည်။(၄၂)ကြိ
မ်မြောက်အထိစေတနာရှင်များလှူဒါန်းခဲ့ကြသော အလှူငွေပေါင်းမှာ(၁၈၇၁၄၇၈၉၁)
(တစ်ထောင်ရှစ်ရာခုနှစ်ဆယ့်တစ်သိန်းလေးသောင်းခုနှစ်ထောင်ရှစ်ရာကိုးဆယ့်တစ်ကျပ်)ရှိသွားပြီဖြစ်ပါသည်။
သို့ပါသောကြောင့် ယခုနှစ်(၄၃)ကြိမ်မြောက် လှည့်လည်အပူဇော်ခံယူရာတွင် သဒ္ဓါရွှန်းစို ရှေးထက်ပို၍ ကြည်ညိုလှူဒါန်းကြပါရန်နိဗ္ဗာန်ကိုယ်ရည်မျှော်မှန်းကာအကျိုးေ
မျှာ်၍နှိုးဆော်လိုက်ရပါတယ်ဘုရားချစ်ခင်သူတော်စင်အပေါင်းတို့ခင်ဗျာ………….
အထူးကြွရောက်မည့် ရက်ကွက်နှင့်နေ့ရက်များ
ခေတ္တရာမြို့သစ် -ဝါဆိုလပြည့်ကျော်(၁၁)ရက်။
နဝင်းကွက်သစ် -ဝါခေါင်လဆန်း(၇)ရက်နှင့်
-တော်သလင်းလဆန်း(၇)ရက်
ဆင်စုနယ်မြေနှင့် -တော်သလင်းလပြည့်(၇)ရက်နေ့။
ပလကဝန်း
အောင်ဆန်းပြည်သာယာ -သီတင်းကျွတ်လဆန်း(၁၁)ရက်။
နေ့များတွင် လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း နိဗ္ဗာန်ရောက်ကြောင်းသတိပေး ထပ်လောင်းနှိုးဆော်လိုက်ရပါသည်။
နိဗ္ဗာန်ရောက်ကြောင်းသတိပေး နှင့် ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)



0 comments:

Post a Comment

Facebook Like Page