Thursday, June 5, 2014

ပြည်ခရိုင် သစ်တောဦးစီးဌာနမှဖမ်းဆီးရမိသောသစ်များအားလုံးလိုလို ပိုင်ရှင်မဲ့ဖြစ်နေကြောင်းဒေသခံကပြော

Leave a Comment
ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်သစ်တောဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦးနှင့်
ရွှေတောင်မြို့နယ်၊ပန်းတောင်းမြို့နယ်၊ပေါက်ခေါင်းမြို့နယ်တို့မှသစ်တော ဦးစီးမှူးများအဖွဲ့သည်
၆.၅.၂၀၁၄ရက်နှင့် ၇.၅.၂၀၁၄ ရက်နေ့တို့၌် ပြည်ခရိုင်ဥသျှစ်ပင်မြို့ပေါ်ရှိ တရားမဝင်သစ်များကို
လိုက်လံဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ကျသည်။
ဖမ်းဆီးရာတွင် ဥသျှစ်ပင်မြို့ပေါ်ရှိ တရားမဝင်သစ်များ ၊ဘုန်းကြီးကျောင်း
ဝန်းရှိတရားမဝင်သစ်စက်နှင့်သစ်များ လိုက်လံဖမ်းဆီးခဲ့ကျ ကြောင်း မြို့ခံပြည်သူတစ်ဦးမှပြောသည်။

ထိုသို့လိုက်လံ ဖမ်းဆီးရာ ရွှာပုလဲဘုန်းကြီးကျောင်းမှကျွန်းသစ်များ ၊မီးရထားလမ်းဘေး လယ်ကွင်း
ပြင်မှ ကျွန်းနှင့်အခြားသား သစ်များ ဖမ်းဆီးခဲ့ကျပြီး စုစုပေါင်း ခန့်မှန်း တန် (၅၀)ခန့်အား ဥသျှစ်ပင်သစ်တောဝန်းအတွင်းသယ်ယူထားပြီး ယနေ့တိုင်ပိုင်ရှင်အား ဖမ်းဆီးရမိခြင်း၊ပိုင်ရှင်
အမည်ဖေါ်ပြနိုင်ခြင်းမရှိသေးကြောင်းဒေသခံ ပြည်သူမှပြောပြသိရသည်။
ထို တရားမဝင်သစ်များသည် ယခင် မဖမ်းဆီး ခင်အချိန်ထဲကပိုင်ရှင်ရှိသောသစ်များဖြစ်သော်လည်း
ယခုဖမ်းဆီးချိန်တွင် ပိုင်ရှင်မဲ့ဖြစ်နေခြင်း ၊ပိုင်ရှင်အမည်စာရင်းအား စုံစမ်းဖော်ထုတ်ခြင်း ၊ပွင့်လင်မြင်သာစွာ ကြော်ငြာခြင်းလုပ်ငန်းများ ကို ဒီနေ့ထိ ပြည်ခရိုင်သစ်တောဦးစီးဌာနမှ မပြုလုပ်သေးကြောင်း
ဖမ်းဆီးထားသောသစ်စက်နှင့်သစ်များ၏ ပိုင်ရှင်များကိုလဲ စုံစမ်းပေးမည်ဖြစ်ဥသျှစ်ပင်ဒေသခံတစ်ဦး
ကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ပြည်မြို့နယ်သစ်တောဦးစီးဌာနမှလည်း ၂၆.၄.၂၀၁၄ ရက်နေ့မနက်(၉း၀၀)အချိန်ခန့်က ပြည်မြို့ ဆင်စုနယ်မြေစကားတောင်ရပ် ၊ပုထိုးကြီးလမ်းဘေး မှာရှိတဲ့ရပ်ကွက် အိမ်ကုန်စုံဈေးအရောင်းဆိုင်မှာမီးသွေး တွေဖမ်းသွားခဲ့ပါသည်။ထိုကဲ့သို့ ဖမ်းဆီးသွားသည့်အတွက် သတင်းထောက်တစ်ဦးမှ မည်သို့အရေးယူဆောင်ရွက်ခြင်းထားရှိသည်ကိုသွားရောက် သတင်းယူရာတွင် ပြည်မြို့နယ်သစ်တောဦးစီးဌာနရုံှး ဝန်ထမ်းအိမ်ယာတွင်နေထိုင်သော ဝန်ထမ်းတစ်ဦးမှ
ဘာလဲ ဘာကိစ္စလဲ အဲဒီမီးသွေးဖမ်းတာငါမဟုတ်ဘူး ငါ့တပည့်ဖမ်းတာသိချင်သူသွားမေး ဆိုပြီး ခြေထောက်ကိုချိတ် ဂျာနယ်ကိုဖတ် ခက်ထန်မောက်မာသော မျက်နှာအမူအရာ နှင့်ဆက်ဆံခြင်းခံခဲ့ရပါသည်

ယခုကဲ့သို့ ဥသျှစ်ပင်မြို့ရှိ သစ်များ သစ်စက်များဖမ်းဆီးခြင်းကိုသာပိုင်ရှင် မိအောင် ပိုင်ရှင်သိအောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသော်လည်း ပေါက်ခေါင်းမြို့နယ်တွင် သက်ကယ်ပြစ် ဈေးသက်သာ၍
အင်ပင်လှကျေးရွှာမှ ပေါက်ခေါင်းမြို့သို့အိမ်မိုးရန် ထော်လာဂျီဖြင့် သက်ကယ်ပြစ်(၂၀၀၀ ) သွားရောက်ဝယ်ယူသော ကိုအုံးဟန်အား ပေါက်ခေါင်းမြို့သစ်တောဦးစီးမှူး ၏အောက်လက်ငယ်သား တောခေါင်းက ဖမ်းဆီးကာ ဒဏ်ငွေ (၁၀၀၀၀)ကျပ်ဒဏ်ရိုက်ခဲ့ကြောင်းကိုလဲသိရပါသည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page