Tuesday, February 10, 2015

တရုတ်ပြေးမင်း ၊ ကုလားကျမင်း၊နဂါးနိုင်မင်းတို.ရှိခဲ.ဖူးသောမြန်မာပြည် သရ၀ဏ်(ပြည်)

Leave a Comment
တရုတ်ပြေးမင်း ၊ ကုလားကျမင်း၊နဂါးနိုင်မင်းတို.ရှိခဲ.ဖူးသောမြန်မာပြည်

သရ၀ဏ်(ပြည်)

မြန်မာ.ရာဇ၀င်ကိုလေ.လာသောအခါ ရာဇ၀င်တွင်စာတင်ရလောက်သည်. ဘုရင်သုံးပါးကိုကျွန်တော်သတိထားမိလေသည် ။ ထိုဘုရင်သုံးပါးမှာ တရုတ်စစ်တပ်ကြီးရောက်လာသည်ကိုကြောက်ရွံ.သဖြင်.နေပြည်တော်ပေါက္ကံမြို.မှထွက်ပြေးတိမ်းရှောင်သွားသည်ဆိုသော တရုတ်ပြေးမင်း (အမည်ရင်းနရသီဟပတေ.မင်း) ၊ သီဟိုမှကျေးကုလားတို.ပုဏားယောင်ဆောင်ပြီးလာရောက်လုပ်ကြံသတ်ဖြတ်သဖြင်.ကျဆုံးခဲ.ရသော ကုလားကျမင်း ( အမည်ရင်း နရသူမင်း) ၊ တစ်ညတစ်ယောက် ကိုက်သတ်စားနေသောနဂါးကြီးကို ဥပါယ်တမျဉ်ဖြင်. အောင်တော်မူပြီး သာမာန်အရပ်သားအဖြစ်မှဘုရင်ဖြစ်လာသော နဂါးနိုင်မင်း (အမည်ရင်းမောင်ပေါက်ကျိုင်း) တို.ဖြစ်ကြသည် ။ ထိုဘုရင်သုံးပါး တွင် နရသူဘုရင်နှင်. နရသီဟပတေ.မင်းများမှာ ပုဂံခေတ်မှမင်းများဖြစ်ကြပြီး သူတို.အကြောင်း သမိုင်းအထောက်အထားမှတ်တမ်းမှတ်ရာပြည်.စုံစွာကျန်ရစ်သည် ။ နဂါးနိုင်မင်းကြီးမောင်ပေါက်ကျိုင်းအကြောင်းမှာတော. ဒုတိယတကောင်းမင်းဆက် ၁၇ ဆက်တွင်ပါဝင်သောမင်းတစ်ပါးဖြစ်သည် ဆိုသည်မှလွဲ၍ ထူးခြားခိုင်မာသောမှတ်တမ်းမှတ်ရာတိတိကျကျရှာမတွေ.ပေ ။ အရပ်ပြောစကား၊ ပုံပြင်ဒဏ္ဍာရီများကိုသာအားကိုးရပေတော.သည် ။ မည်သို.ပင်ရှိစေ ။ဒဏ္ဍာရီပုံပြင်ဆိုသည်ကား တကယ်သက်ရှိထင်ရှားဖြစ်ခဲ.သောလူပုဂ္ဂိုလ် ။အကြောင်းအရာများကိုအခြေခံ၍ ဆင်.ပွားပြောဆိုရာမှပေါ်ပေါက်လာစမြဲမဟုတ်ပါလား ။ အားလုံးအတိအကျမဟုတ်သည်.တိုင် ၅၀ ရာခိုင်နှုန်းလောက်တော.အဖြစ်မှန်များပါဝင်နေတတ်စမြဲပင် ။ ကျွန်တော်သည်ထိုဘုရင်သုံးပါးအကြောင်းကိုစိတ်ဝင်စားသည်မှာ ထူးခြားသောအမည်များကြောင်.ဖြစ်သည် ။ ပုဂံသို.ရောက်သောအခါ မင်းနန်သူရွာ အနီး၊ဖွားစောရွာအနီးသို.ကျွန်တော်မကြာခနရောက်သည် ။ ထိုနေရာသို.ရောက်တိုင်း ဘုရားသုံးဆူ စေတီတော် ၊ တရုတ်ပြေးဘုရားများသို.ရောက်ဖြစ်သည် ။ နိုင်ငံခြားသားများကိုလိုက်လံပို.ဆောင်ပြသဖြစ်သည် ။ တရုတ်ပြေး၊ ဘုရားသုံးဆူတို.နှင်.သမိုင်းကြောင်းခြင်းဆက်နေသော မင်္ဂလာစေတီ သို.လည်း ဦးစွာဝင်လည်တတ်စမြဲဖြစ်သည် ။ မင်္ဂလာစေတီကိုတည်ထားစဉ် ဘုရားလည်းပြီး ပြည်ကြီးလည်းပျက်လတံ.ဟူသောနိမိတ်တဘောင်ပေါ်လာသဖြင်. နရသီဟပတေ.မင်းသည် ဘုရားကိုဆက်မတည်တော.ပဲ ရပ်နားထားလိုက်သည်မှာခြောက်နှစ်တိတိကြာသွား၏။ ဤသည်ကိုပံ.သကူမထေရ်ဟုခေါ်သော သီလသမာဓိနှင်.ပြည်.စုံသောရဟန်းတော်မြတ်ကဘုရင်ကိုဆုံးမသည် ။ “ မင်းဟူလျက်..လောဘနိုင်ငံ ၊ဒေါသနိုင်ငံသို.လိုက်၍ ၊ အနိစ္စကမ္မဌာန်းကိုမရှု ။ အလှူကောင်းမှုကိုပြုပြီးမှ ပြည်ပျက်အံ.ဟုမလုပ်ပဲစိုး၇ိမ်၍နေသော် ဤပြည်နှင်.မင်း မသေလျင်းပဲနေတုံအံ.လော “ ဟုဆုံးမစကား ပြောကြားသည်တွင်မှသံဝေဂရကာ ဘုရားကိုပြီးအောင်ဆက်လက်တည်ဆောက်ပေ၏ ။ ထိုမင်းလက်ထက်တွင် တရုတ်ပြည်မှ သံအမတ် တစ်ကျိပ် နှင်.မြင်းသည်တော်တထောင် ပုဂံသို.ရောက်လာရာ နရသီဟ ပတေ.ဘုရင်ကြီးအားရှေ.တော်ဝင်ရာ၌ မလေးမစားလုပ်သဖြင်. ဘုရင်က သံတမန်များနှင်.တကွ မြင်းသည်တော်တထောင်အားလုံးကို တယောက်မကျန်သတ်ဖြတ်သုတ်သင်ပစ်လိုက်သည်ဆို၏ ။ ထို.ကြောင်.တရုတ်ဧကရာဇ်ဥတည်ဘွားသည်အမျက်ပြင်းစွာထွက်၍ မြင်းသည်ခြောက်သန်း၊ ခြေသည်နှစ်ကုဋေ မျှလောက်သောစစ်တပ်ကိုမြန်မာပြည်သို.လွှတ်ပြီးတိုက်ခိုက်စေသည်ဆို၏ ( မာကိုပိုလို၏မှတ်တမ်းထဲဝယ် မြန်မာပြည်သို.ချီလာသည်မှာ တရုတ်တပ်များမဟုတ် ၊ ကူဗလိုင်ခန်၏ မွန်ဂိုတပ်များဖြစ်သည် ဟုအတိအကျရေးထားပေသည် ) ။မည်သို.ဆိုစေ တရုတ်(သို.မဟုတ် ) မွန်ဂိုတပ်များဝင်ေ၇ာက်လာသောကြောင်. ထွက်ပြေးရာမှ တရုတ်ပြေးမင်းဟု သမုတ်ခံရသည်ကားအဖြစ်မှန်ဖြစ်သည် ။ တရုတ်ကိုကြောက်၍ပြေးလိုက်သည်မှာ ပုဂံမြို.မှသည် ပုသိမ်မြို.အထိရောက်သည်ဟူ၏ ။ ထိုမင်းသည် မည်မျှရက်စက်သနည်းဟူမူ သူထွက်ပြေးရာတွင် လှေမဆန်.သဖြင်.မခေါ်နိုင်တော.သော နန်းတွင်း မောင်းမမိဿံ ၃၀၀ခန်.ကို တရုတ်တို.မရစေလိုသဖြင်. ရေချ၍သတ်ပစ်ရန်ပင်ကြံစည်ခဲ.လေ၏ ။ ဆရာတော်က ထားခဲ.ပါ ၊ ယူလိုသူယူပါစေ ဇီဝိတဒါနလှူခဲ.ပါဟုပြောမှထားခဲ.သည်ဆို၏ ။ ထိုမင်းလက်ထက်တွင် မိဖုရားစောလုံ သူ.ကိုအဆိပ်ခပ်သတ်ရန်အားထုတ်မှုဖြင်.အရှင်လတ်လတ် သံကျပ်စင်ဝယ်မီးမြှိုက်၍သတ်၏ ။ သူသတ်ခဲ.သောသူများမှာလည်းမနည်းချေ ။နောက်ဆုံးတွင် သူသည် တရုတ်တို.ဘေးမှစစ်ပြေးတိမ်းရှောင်ရင်း သားတော် ပြည်စား သီဟသူ အဆိပ်ခတ်လုပ်ကြံသဖြင်. အနိစ္စရောက်ရရှာ၏ ။ အမတ်ကြီးရာဇသင်္ကြန် ၊မိဖုရားဖွားစော စသည်.ပညာရှိတို.အနီးအပါးတွင်ရှိသောကြောင်. ဘုရင်အဖြစ်သို.ရလာသူဖြစ်သည် ။ သူ.တွင် အနန္တပစ္စည်း ၊ ရန္တပစ္စည်းဟူသော အားထားရသည်. စစ်သူကြီးနှစ်ဦးရှိသည် ။ ထိုစစ်သူကြီးတို.သည် အင်အားကြီးမားလှသောတရုတ်တပ်တို.ကိုငဆောင်ချမ်းဒေသတွင် သုံးလတိတိ အနိုင်ယူထိမ်းထားနိုင်သည် ။ နောက်ဆုံးတွင် တရုတ်ဥတည်ဘွားတပ်က ကျဆုံးလေသမျှလူ တစ်သိန်းကုန်လျင်နှစ်သိန်း စသည်ဖြင်.ဖိ၍တက်လာသောကြောင်.မြန်မာတို.မခံနိုင်ပဲစစ်ရှုံးရသည်ဟူ၏ ။စစ်သူကြီးပုဂံသို.တပ်ဆုတ်လာသောအခါဘုရင်ကထွက်ပြေးလေပြီ။ထိုအခါ ပတင်းရွာ မှတည်.တည်.သွား၍ ရွာသာမြို.မှ မြို.ရိုးခတ်၍ ခုခံမည်အကြံဖြင်.မြို.ရိုးဆောက်ရန်အုတ်ခဲအမြန်အလိုရှိသဖြင်. နရသီဟပတေ.မင်းသည် လုပ်မိလုပ်ရာ ဘုရားကျောင်းကန်များကိုဖျက်၍ အုတ်ကျောက်တို.ရယူလေရာ ဂူကြီးတစ်ထောင် ၊ ဂူငယ်တစ်သောင်း၊ကုလားကျောင်းသုံးထောင်ဖျက်သောဟူ၏ ။ နောက်တော.ခုခံမည်.အစီအစဉ်ကိုဖျက်ပြီးထွက်ပြေးတော.သည် ။ ထို.ကြောင်.တရုတ်ပြေးမင်းဟုရာဇ၀င်တွင်အမည်တွင်ခဲ.ပေ၏ ။တရုတ်ပြေးမင်းကံတော်ကုန်သောအခါ သက်တော် ၅၁ နှစ်သာရှိသေး၏ ။
နရသူဆိုသောဘုရင်သည် နရသီဟပတေ.ထက်များစွာစောသည် ။ ပုဂံရာဇ၀င်တွင် စလေငခွေး၊ နရသူခေါ်ကုလားကျမင်း၊ နရသီဟပတေ.ခေါ်တရုတ်ပြေးမင်း ဤမင်းသုံးပါးသည် တစ်ယောက်တည်း သုံးကြိမ်မင်းအဖြစ်ဝင်စားသည်ဟုပြောစမှတ်ပြုကြသည် ။ သုံးယောက်စလုံးသူများသတ်၍အသေဆိုးနှင်.သေပုံကားတူညီကြ၏ ။ နရသူသည် သူ၏ဖခင် အလောင်းစည်သူမင်းကြီးသက်တော် ၁၀၁ နှစ်အရောက်တွင်နာမကျန်းသည်ကို ရွှေဂူကြီးဘုရားထဲဝယ် ခေါင်းအုံးအ၀တ်ပုဆိုးတိုးဖြင်.ဖိသတ်၍ လုပ်ကြံခဲ.သည် ။ ထို.နောက်အစ်ကိုဖြစ်သူကို ဥပါယ်တမျဉ်ဖြင်. နန်းတင်ပေးမည် အမြန်လာပါဟု ပံ.သကူမဟာထေရ် (ခေါ်) သာသနာပိုင်ဆရာတော်မှတဆင်.ခေါ်ခိုင်း၍ နန်းတော်သို.ရောက်သောအခါ အဆိပ်ခပ်သတ်ပစ်လိုက်သည် ။ ဆရာတော်ကိုသူ.အစ်ကိုတော်အားခေါ်ခိုင်းစဉ်က မင်းမြှောက်ပါ.မည်ဟုကတိစကားထားခဲ.ပြီးခေါ်ခိုင်းခြင်းဖြစ်သည် ။ နန်းတော်သို.ရောက်သောအခါ ကတိအတိုင်းချက်ခြင်းမင်းမြှောက်ပြီး တစ်ညအိပ်ကာနောက်နေ.တွင်အစာထဲအဆိပ်ထည်.ကာလုပ်ကြံခဲခြင်းဖြစ်သည် ။ ပံ.သကူမဟာထေရ်ကအပြစ်တင်သောအခါ အစ်ကိုတော်ကို နန်းတင်ပါမယ်လို. အရှင်ဘုရားထံမှာသစ္စာဆိုခဲ.သလို အခုလဲ ဘိသိတ်သွန်းနန်းတင်ခဲ.ပါသည်ဟု လှီးလွှဲပြီးပြောသည် ။ ထိုဘုရင်ကို အော.နှလုံးနာ၍ ပံသကူမဟာထေရ်သည် သီဟိုကျွန်းသို.ထွက်ခွာသွား၏ ။ ထိုနရသူမင်းလက်ထက် သီဟို ဘုရင်မှဆက်သထားသော သီဟိုမင်းသမီးရှိ၏ ။ ထိုမင်းသမီးသည် တနေ.တွင်အိမ်သာတက်ရာ၊ သူ.ရှေ.မှအိမ်သာတက်သွားသောာနရသူမင်းကြီး သန်.သက်ရေ မဆောင်ပဲ (ရေမဆေးပဲ) အိမ်သာမှဆင်းသွားသည်ကို သိသဖြင်.မင်းသမီးသည်ရွံရှာသဖြင်. ဘုရင်ကြီးအပါးတော်သို.မကပ်ပဲနေ၏ ။ ထိုအဖြစ်ကို ဘုရင်သိသော် ဒေါသအမျက်ချောင်းချောင်းထွက်ပြီး ကုလားမင်းသမီး (သီဟိုမင်းသမီး) ကိုသံလျက်ဖြင်. ပိုင်း၍သတ်လိုက်၏ ။ ထိုသတင်းကို သီဟိုကျွန်းနေမင်းသမီး၏ခမည်းတော်သိလျင် လက်စားချေလိုခြင်းငှာ လက်ရွေးစင်သူရဲကောင်းရှစ်ယောက်ကို နရသူဘုရင်ထံသို.ပုဏားယောင်ဆောင်၍စေလွှတ်လိုက်၏ ။ နရသူကိုတွေတာနှင်. သံလျက်နှင်.ခုတ်ကာသတ်ကြ ၊ ပြီးနောက် ကိုယ်.ကိုယ်ကိုယ် သံလျက်နှင်.ပိုင်းကာ ကိုယ်.ကိုယ်ကိုယ်သတ်သေကြ ။သင်တို.၏ ကျန်ရစ်ခဲ.သောသားမယားများကိုတစ်သက်တာလံလောက်စွာထောက်ပံ.မည် ဟုသီဟိုဘုရင်ကြီးက မှာကြားလိုက်သည်.အတိုင်း သီဟိုသူရဲကောင်းများက နရသူဘုရင်ကို ပုဂံတွင်လုပ်ကြံခဲ.ပေ၏ ။ ကုလားသူရဲကောင်းတို.သတ်၍သေသောကြောင်.နရသူဘုရင်ကို ကုလားကျမင်းဟုခေါ်တွင်လေ၏ ။ ရက်စက်သောမင်းတပါးဖြစ်သည် ။သူ.လက်ထက် ကောင်းမှုအဖြစ် ဓမ္မရံကြီး ဘုရားကိုတည်ခဲ.သော်လည်း ဘုရားတည်စဉ်ရက်စက်ကြမ်းကြုပ်လွန်းသဖြင်.လူမုန်းများသူဖြစ်သည် ။အနိစ္စရောက်သောအခါ နန်းသက် ၄ နှစ် ။ သက်တော် ၄၉ နှစ်သာရှိသေး၏ ။
အထက်ပါမင်းနှစ်ပါးမှာတိုင်းတပါးမှလုပ်ကြံသဖြင်. အသက်နှင်.ကိုယ်အိုးစားကွဲရသောအရှုံးသမားများသာဖြစ်သည် ။ တစ်ယောက်ကတရုတ်လာသဖြင်.ပြေးသည် ။ တယောက်က ကုလား (သီရိလင်္ကာ ) သတ်၍သေသည် ။ မောင်ပေါက်ကျိုင်းကတော. ဤဘုရင်နှစ်ပါးလိုမဟုတ် ။ နဂါးကြီးကိုနိုင်သူဖြစ်သည် ။ သူသည် တကောင်းပြည်ကြီးနှင်.မနီးမဝေးရှိရွာလေးတရွာမှ ဗဟုသုတရှာဖွေရန်မြို.သို.တက်လာခဲ.သည် ။ သူ.ကိုပညာသင်ပေးသောရွာဦးဆရာတော်က သူခရီးထွက်ကာနီးတွင် ဆုံးမစကား သုံးခွန်းပြောလိုက်သည် ။ဆရာတော်မှာလိုက်သောစကားများကတော. (၁) သွားပါများခရီးရောက် (၂) မေးပါများစကားရ (၃) မအိပ်မနေအသက်ရှာ်ဖြစ်သည် ။ ထိုသို.သွားရင်းဘုရင်.ဥယျာဉ်တော်ထဲတွင်မောမောနှင်.အိပ်ပျော်သွားသည် ။ သူနိုးလာသောအခါ မင်းချင်းများကသူ.ကိုခေါ်ကာ ဖုတ်သွင်းရထားပေါ်တင်ခေါ်လာကာမင်းမြှောက်ကြသည် ။ တကောင်းနေပြည်တော်ကြီးတွင် နဂါးမိစ္ဆာများသောင်းကျန်းလွန်းသဖြင်. ဘုရင်အဖြစ်ဘိသိတ်သွန်းခံရသူတိုင်း မိဖုရားခေါင်ကြီးနှင်.ရွှေလက်တွဲအိပ်စက်ပျော်ပါးရင်း မနက်ရောက်သောအခါ နဂါးကြီးလက်ချက်ဖြင်.အသက်ပျောက်နေကြကြောင်း မေးပါများသဖြင်.သိရလေသည် ။ ထို.ကြောင်.ညဘက်တွင်မောင်ပေါက်ကျိုင်းသည် မအိပ်စက်ပဲ ငှက်ပျောတုံးတတုံးကို သလွန်ပေါ်တွင်ချထားကာစောင်ခြုံပေးလျက်လူသဏ္ဍန်တူအောင်ပြုလုပ်ထားပြီး တိုင်လုံးနောက်တွင်ပုန်းအောင်းစောင်.စားနေလိုက်သည် ။ ညလယ်ယံတွင် တရှူးရှူးတရှဲရှဲနှင်.နဂါးကြီးရောက်လာပြီး ငှက်ပျောတုံးကိုမောင်ပေါက်ကျိုင်းမှတ်၍ပေါက်တော.သည် ။ လူမဟုတ်သဖြင်. နဂါးကြီး၏အစွယ်သည် ငှက်ပျောတုံး၌ ငြိ၍နေသည်ဆို၏ ။ ထိုအခါမောင်ပေါက်ကျိုင်းသည် ပုန်းနေရာမှထွက်၍နဂါးကြီးကို သံလျက်ဖြင်.ပိုင်းချလိုက်ရာ နဂါးကြီးခေါင်းပြတ်ပြီးသေပွဲဝင်လေ၏ ။ ထိုအချိန်မှစကာ တကောင်းပြည်ကြီးတွင်နဂါးမိစ္ဆာရန်မှကင်းဝေးကာ မောင်ပေါက်ကျိုင်းလည်းနဂါးနိုင်မင်းအမည်ခံကာ အသက်ထက်ဆုံး အုပ်ချုပ်စိုးစံသွားပါလေသတဲ. ။ မိဖုရားကြီးက “ ထောင်ပေးလို.ဆုတ် ၊ ရာပေးလို.ချုပ် ၊ ချစ်တဲ.သူအရိုးဆံထိုးလုပ် “ ဟူသောစကားထာကိုဖွက်ရာတွင်လည်း မောင်ပေါက်ကျိုင်းသည် မေးပါများစကားရဆိုသည်.အတိုင်း ငီက်ကလေးများပြောကြားသောစကားမှတဆင်.အဖြေမှန်ကိုသိကာ ဖြေကြားနိုင်သဖြင်. ဖိဖုရားကြီးနှင်.အသက်ထက်ဆုံးပေါင်းဖက်ရပါသတဲ. ။ ပျော်ရွှင်ဖွယ် ဇာတ်သိမ်းခန်းလေးဖြင်.ပုံပြင်ကိုနိဂုံးချုပ်ထားပါသည် ။
တကောင်းမင်းဆက်များမှသော်လည်းကောင်း ၊ သရေခေတ္တရာ ပျူမင်းဆက်များမှသော်လည်းကောင်း၊ ပုဂံမင်းဆက်များမှသော်လည်းကောင်း ၊ ပင်းယ၊အင်းဝ ၊စစ်ကိုင်း ၊ ကုန်းဘောင်မင်းဆက်များမှသော်လည်ကောင်း ၊ ကိုလိုနီခေတ်၊ဂျပန်ခေတ် ၊ ကက်(စ်)ဘီခေတ် ၊ ဖ.ဆ.ပ.လ ခေတ် ၊မ.ဆ.လ ခေတ် ၊ န.၀တ. ၊ န.အ.ဖ ခေတ် ၊ အရပ်သားတပိုင်းအစိုးရခေတ်စသည်ဖြင်.မြန်မာနိုင်ငံသည် ခေတ်ပေါင်းမျာစွာကိုဖြတ်ကျော်ရောက်ရှိလာသော်လည်း ကျွန်တော်.ရင်ထဲမှစွဲကပ်နေသည်. ဘုရင်သုံးပါးသည်ပျောက်ကွယ်မသွားပဲ မကြာခနအတွေးထဲဝယ်ပေါ်လာတတ်ပါသည် ။ကုလားကျမင်းနှင်.တရုတ်ပြေးမင်းသည် ကွယ်လွန်သွားပြီးသည်.အခါ ငရဲမှာဖြစ်သည်လား ။ယခုလောက်ဆိုငရဲမှပြန်လွတ်လာပြီလား ။ လွတ်လာပြီဆိုလျှင် လူပြန်ဖြစ်နေသလား ။ လူဖြစ်လျင် ငါတို.မြန်မာနိုင်ငံမှာပဲပြန်ဖြစ်နေသလား ။ မြန်မာပြည်မှာ လူဝင်စားပြန်ဖြစ်နေလျှင် လူငယ်လား ၊ လူကြီးလား ။ သာမန်လူပဲလား ၊ နိုင်ငံ.ခေါင်းဆောင်များဖြစ်နေသလား စသည်ဖြင်.တွေးမိပါသည် ။ ဟိုလူ.မြင်တိုင်း ကုလားကျမင်းလား ၊ သည်လူ.မြင်တိုင်းတရုတ်ပြေးမင်းလားစသည်ဖြင်. ကျွန်တော်သည် အရာရာကိုသင်္ကာမကင်းယိုးစွပ်နေမိပါတော.သည် ။ ဟိုတနေ.ကလည်းသတင်းထဲတွင်ဖတ်ရသည်မှာ မြန်မာနိုင်ငံမှသစ်များကိုတရုတ်တို.က ကားကြီးကားငယ်အသွယ်သွယ်ဖြင်. တရားဝင်လိုင်စင်ရလုပ်ငန်းကြီးသဖွယ် မှောင်ခို (ဗြောင်ခို )ခိုးထုတ်နေကြသည်ကိုတပ်မတော်က လေကြောင်းကင်းထောက်ရာမှ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို.တွင်လက်ပူးလက်ကြပ်ဖမ်းဆီးလိုက်ပါသတဲ. ။ ထို အဖမ်းအဆီးခံတရုတ်သစ်သူခိုးအယောက် ၁၀၀ ကျော်ကိုကူညီရန် တရုတ်ကောင်စစ်ဝန်ကိုယ်စားလှယ်သံတမန်များသည် မြစ်ကြီးနားသို.ရောက်လာပြီးလိုအပ်သောအကူအညီမျာပေးခြင်း၊ ဥပဒေအကာအကွယ်ကိုတောင်းဆိုခြင်းများပြုခဲ.ကြသည်ဆို၏ ။ ဥပဒေ၏အကာအကွယ်ကိုတရုတ်တို.တောင်းဆိုရမှန်းသိလာသည်ကိုဝမ်မြောက်မိပေသည် ။ မကြာခင်က မြန်မာနိုင်ငံ လားရှိုးမြို.မှ မြန်မာနိုင်ငံသား ဦးကျော်မြင်.ဆိုသူ ကိုတရုတ်တို. (မြန်မာ.မြေအတွင်းဝင်ကာ )ပြန်ပေးဆွဲ ၊ဖမ်းဆီး ၊သတ်ဖြတ် ပစ်လိုက်သည်.အမှုတွင်လဲတရုတ်တို. ဥပဒေ၏အကာအကွယ်ကိုမြန်မာတို.အားပေးမည်ဟု ယူဆရပေ၏ ။ မြန်မာဝမ်ပေါင်ကုမ္မဏီခြံစည်းရိုးခတ်ခြင်းအားဆန်.ကျင်ကန်.ကွက်ရာမှသေဆုံးခဲ.သောလက်ပန်းတောင်းဒေသခံ တောင်သူဒေါ်ခင်ခင်ဝင်းအတွက်ဥပဒေနှင်.တရားမျှတမှုကိုလည်း တရုတ်တို.ဆောင်ကျဉ်းပေးနိုင်မည်ဟုမျှော်လင်.မိပေသည် ။ ယခင်နှစ်အနှည်းငယ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကိုသတ်ဖြတ်သည်ဟုစွပ်စွဲခံရစဉ်က မြန်မာနိုင်ငံသား စိုင်းနော်ခမ်းလည်း တရုတ်ပြည်တွင်သေဒဏ်ပေးသတ်ဖြတ်ခြင်းခံခဲ.ရရာ လူတယောက်ကိုသတ်ဖြတ်ပုံအသေးစိတ်ကိုပင်တရုတ်ရုပ်မြင်သံကြားမှတိုက်ရိုက်ထုတ်လွင်.ပြသသည်အထိ မြန်မာတို.ဘက်မှဥပဒေကြောင်း ၊ လူသားခြင်းစာနာမှု အခွင်.အရေးလမ်းကြောင်းများကျဉ်းမြောင်းခဲ.ပေ၏ ။မြန်မာနိုင်ငံမှ ကျား၊ဆင် ၊ ၀က်ဝံ ၊ကြယ်လိပ် ၊ စပါးကြီးမြွေ စသည်.တောသတ္တ၀ါများမှာ အတောမသတ်ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီ်းနယ်စပ်မိုင်းလားမြို.မှတဆင်. တရုတ်ပြည်ထဲသို. ၀င်လာမစဲတသဲသဲဖြစ်နေသည်မှာကြာလျင်မြန်မာပြည်၌ ကျားနှင်.ဆင်ကို အရုပ်ရေးပြရဖွယ်ရှိသည် ။ သတင်းစာထဲတွင်ဖတ်ရသည်မှာ ရွှေသဘာဝဓါတ်ငွေ.နှင်.ရေနံပိုက်လိုင်းကို တရုတ်-မြန်မာခေါင်းဆောင်များဖွင်.လှစ်ပေးလိုက်ကြပြီး မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ.နှင်.ရေနံများကိုပိုက်လိုင်းများမှတဆင်. ရခိုင်ပြည်နယ် ကျောက်ဖြူမြို.နယ်မဒေးကျွန်းမှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို.ပို.လွှတ်မည်ဖြစ်ကြောင်းဖော်ပြထားပါသည် ။ ထို.အတွက်မြန်မာတို.ရရှိမည်.ငွေပမာဏမှာ ရေနံစိမ်းတန်ချိန်တစ်တန်လျင် ပို.လွှတ်မှုအခကြေးငွေ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ( တန်ချိန် ၂၂ သန်းအတွက် ဒေါ်လာ ၂၂ သန်း )သာဖြစ်ပေသည် ။ ရေနံတန်ချိန်တတန်တပြည်လုံးကိုဖြတ်သွားမှမြန်မာငွေ တစ်ထောင်ကျော်ပဲရမည်ဆိုတာကတော. အတော်ကိုချိုသာသောအဖိုးနှုန်းဖြစ်ပေသည် ။ အကယ်၍သာ တရုတ်ပြည်ကိုဖြတ်ကျော်၍ မြန်မာနိုင်ငံထဲသို. ရေနံ ၊ သဘာဝဓါတ်ငွေ. ၊ အခြားသယံဇာတများပိုက်လိုင်းဖြင်.ပို.ခွင်.ရခဲ.လျှင် တရုတ်တို.သည်ငွေကြေးမည်မျှတောင်းခံမလဲ သိလိုစိတ်ဖြစ်မိပေသည် ။ မြန်မာသည်တရုတ်အတွက်ဈေးပေါလွန်းသောပန်းတပွင်.ဖြစ်နေတာကြာပေပြီ ။ထိုအကြောင်းကို အမေရိကန်ပြည်ထောင်စုတွင်ထုတ်ဝေသော New York Times သတင်းစာကြီးက တရုတ်နိုင်ငံသည်မြန်မာ.သဘာဝသယံဇာတများကိုအလုအယက်ရယူနေကြောင်း ဇန်န၀ါရီ ၂၃ ရက်နေ.က သတင်းတပုဒ်ရေးသားခဲ.ပါသည် ။ထိုသတင်းထဲတွင်တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ကျားသတ္တ၀ါမှသည် ကြေးနီသတ္တုအဆုံး အရာမှန်သမျှလိုချင်နေခြင်းသည် မြန်မာနိုင်ငံ၏သဘာဝပါတ်ဝန်းကျင်နှင်. နိုင်ငံရေးတည်ငြိမ်မှုအားခြိမ်းချောက်နေကြောင်းရေးသားခဲ.ရာထိုသတင်းကိုသဘောမတူကြောင်းတရုတ်နိုင်ငံခြားရေးဌာနပြောခွင်.ရအမျိုးသမီးက ပြောကြားသွားပေသည် ။ သေသေချာချာပြန်စဉ်းစားကြည်.လျင် သမ္မကြီးဦးသိန်းစိန်အစိုးရ ၀န်ကြီးအဖွဲ.ထဲမှာပင် မိမိတို.သည်တရုတ်ကိုလည်းကြောက်ရကြောင်းဝန်ခံပြောကြားထားပြီးသားဖြစ်လေသည် ။ တရုတ်သံရုံးရှေ.တွင်ဆန္ဒဖော်ထုတ်မိသောဗိုလ်ကြီးနေမျိုးဇင်တို.၊ ဒေါ်နော်အုန်းလှတို.အဖွဲ.မှာလည်း ယနေ.တိုင်အကျဉ်းထောင်အတွင်းချုပ်နှောင်ခံနေရဆဲဖြစ်သည် ။ တရုတ်သံရုံးရှေ.တွင် တရုတ်အလံမီးရှို.ခဲ.စဉ်ကလည်း ဆတ်ဆတ်ထိမခံတုန်.ပြန်ခဲကာ မြန်မာနိုင်ငံသားများအဖမ်းခံခဲ.ရပေသည် ။ လွန်ခဲ.သောနှစ်များက ဘင်္ဂလားဒစ်ရှ်နိုင်ငံတွင် သမ္မကြီးဦးသိန်းစိန်ဓါတ်ပုံနှင်. မြန်မာနိုင်ငံအလံ မီးရှို.ဆန္ဒပြမှုမှာ မည်သို.အရေးယူကြသလဲ သတင်းဆက်လက်မထုတ်ပြန်တော. ကျွန်တော်တို.မှာမသိရပေ ။ မြန်မာနိုင်ငံသားထောင်ပေါင်းများစွာ တရုတ်နိုင်ငံအတွင်းတရားမ၀င်လူမှောင်ခိုကုန်ကူးခံနေကြရခြင်းတွင်လည်း အရေးယူခံရသူများမှာ မြန်မာနိုင်ငံထဲမှလူမှောင်ခိုသမားများသာဖြစ်ပြီး ၊ တကယ်.၀ယ်လက်အစစ်ဖြစ်သော တရုတ်များမှာ ပြစ်ဒဏ်မှအမြဲကင်းလွတ်ခွင်.ရနေတာလဲ နားမလည်နိုင်စရာကိစ္စဖြစ်သည် ။ မြန်မာသံရုံးကောင်စစ်ဝန်အရာရှိများသည် မြန်မာများတရုတ်အကျဉ်းထောင် ၊ရဲစခန်းများတွင်အဖမ်းခံနေရလျင်ရော တရုတ်သံတမန်တွေ သစ်သူခိုးတွေအတွက် စွမ်းစွမ်းတမံလိုက်ပါဆောင်ရွက်သလိုဆောင်ရွက်ကြပါသလားဟုတွေးမိပါသည် ။ အားရစရာအကွက်ကားသိပ်မရှိလှပေ ။ မန္တလေးတွင်တရားမ၀င်လိင်ကိစ္စတွေကြော်ငြာကာဆေးခန်းဖွင်.ခဲ.သောတရုတ်များမှာလည်း ရဲကဖမ်းမိပြီးကာမှ လေယာဉ်ဖြင်.ပင် သူ.နိုင်ငံသို.ပြန်ပြေးသွားနိုင်သည်မှာ အံ.သြမကုန် ၊ ၀တို.ဘုံဟုသာပြောရပေတော.မည် ။ တရုတ်၏သြဇာလွမ်းမိုးမှုကိုအလွန်အမင်းခံနေရသောအဖြစ်မှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို သေးသိမ်စေပါသည် ။ ပုဂံခေတ်က တရုတ်ပြေးမင်းကိုသတိရမိပါသည် ။ ဘင်္ဂလားဒစ်ရှ်ဘက်မှ ၀င်ရောက်ဖမ်းဆီးသွားသော မြန်မာနိုင်ငံသား တပ်မတော်သားများ ၊ ရခိုင်ပြည်နယ်တွင်တာဝန်ထမ်းဆောင်ရင်းပျောက်ဆုံးနေသောရဲတပ်ကြပ်ကြီးတစ်ဦးအမှုသည်လည်းယခုထက်တိုင်အဖြေမရှိသောပုစ္ဆာဖြစ်နေပါသည် ။R.S.O သင်တန်းဆင်း ဘင်္ဂလီများ၏သောင်းကျန်းမှုကိုကာကွယ်တိုက်ထုတ်ရန် ယခုထက်တိုင်တိကျရေရာသော ရေတိုရေရှည်စီမံချက်များချပြနိုင်ခြင်းမရှိသေးပါ ။ အနောက်တံခါးသည် ခပ်ယဲ.ယဲ.သာရှိပါတော.သည် ။မြန်မာသည် အရှေ.နှင်.အနောက်မှ တအိအိနှင်.ဖိလာခြင်းကိုခံနေရချိန်ဖြစ်ပါသည် ။ အထူးသဖြင်.တရုတ်သည် တစတစနှင်. မြေကိုလည်းကောင်း ၊ လူကိုလည်းကောင်း၊သယံဇာတကိုလည်း ၊အချုပ်အခြာအာဏာကိုလည်းကောင်း ထိပါးလာလျက်ရှိပါသည် ။ မြန်မာ.ရာဇ၀င်တွင်ဇာတ်သိမ်းမကောင်းခဲ.သောကုလားကျမင်းနှင်.တရုတ်ပြေးမင်း ၊ ဘုရင်နှစ်ပါး ယနေ.ခေတ်မြန်မာနိုင်ငံရေးဦးဆောင်မှူအခန်းကဏ္ဍတွင်ပြန်ဝင်စားလာမည်ကိုတော .ကြောက်မိပါသည် ။ နိုင်ငံအတွက်ဆိုလျှင် ဂန္စာလရာဇ် နဂါးကြီးကိုသံလျက်နှင်.ပိုင်းဝံ.သောမောင်ပေါက်ကျိုင်းလိုနဂါးနိုင်မင်း တွေပေါ်ထွက်လာတာကိုတိုင်းပြည်ကမျှော်လင်.နေကြပါသည် ။ သောင်းကြမ်းလွန်းသောနဂါးကြီးကိုငှက်ပျောတုံးဖြင်.မျှားခေါ်ကာသံလျက်ဖြင်. တအားပိုင်းမည်. မင်းလောင်းတယောက်တော.ပေါ်စေချင်ပါသည် ။ နဂါးကိုခုတ်ဝံ.သူသည် မည်သူပဲဖြစ်ဖြစ် ကျွန်တော်တို.တနိုင်ငံလုံး၏ မင်းလောင်းဖြစ်ပါစေသတည်း ။

သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၀.၂.၂၀၁၅

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page