Sunday, June 8, 2014

သိန်း (၉၀) ကျော်ပိုင်ရှင်မဲ့တွေ့သည်ကို ပြန်ပေးသည့် ဆိုက်ကားဆရာ ဦးစန်းဝင်းအား စာရိတ္တဂုဏ်ရည် ဆုချီးမြှင့် ဂုဏ်ပြု

Leave a Comment


ပြည်သတင်း၊ ဦးဇင်သိန်း၊ ကိုတင်အောင်ဖြူ နှင့် ဖြိုးမင်းဇော် (Photographer) တို့မှ တစ်သိန်းကျပ် စတင်မတည်ပြီး ပြည်မြို့သူ မြို့သားများစုပေါင်းကာ ခုနှစ်သိန်းငါးထောင် (၇၀၀၅၀၀ိ/) ကို ရွှေဘုန်းပွင့်စာကြည့်တိုက်တွင် ၈.၆.၂၀၁၄ နံနက် ၉ နာရီအချိန်တွင် စာရိတ္တဂုဏ် ရည် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ပါသည်။


အဆိုပါပွဲတွင် ဆရာ မြဝင်း ( ဒဿ      န) နှင့် ဆရာ သရဝဏ် (ပြည်) မှ စာရိတ္တဂုဏ်ရည်နှင့် ပတ်သက်ပြီး မှတ်သားဖွယ်ရာများနှင့် ဦးစန်းဝင်းအတွက် ဂုဏ်ပြုစကားများကို ပြောကြားချီးမြှင့်ခဲ့ပါသည်။


ဆရာ သရဝဏ် (ပြည်) က ကိုယ် တွေ့ ကြုံ ဘူး တဲ့ (တဒင်္ဂ ဆောင်းပါး ထဲက လို ) ကောက် ရ တာ ခြင်းအတူတူ တုန့် ပြန် တာ ခြင်း မ တူဘဲ အ ခြောင် မ ယူ ဘူး ဆို တဲ့ ဦး စန်း ဝင်း ရဲ့စိတ် ဓါတ် ကို ပြည် မြို့ သား တစ် ဦး အ နေ နဲ့
ဂုဏ် ယူ စ ရာ ဖြစ် ကြောင်း ဂုဏ် ပြု စ ကား ချီး မြှင့် ခဲ့ ပါ သည်။

ဆရာ မြဝင်း ( ဒဿ      န) မှ ဦးစန်းဝင်း ဟာ ကောက်တွေ့တဲ့ သိန်း ကိုးဆယ်ကို ပိုင် ရှင် ထံပြန် ပေးရ မယ် ဆို တဲ့ အ သိ နဲ့ လုပ် ရပ်ဟာ စာအုပ်ပေါင်းများစွာ ဖတ် လို့ ရ တဲ့ အ သိတရားထက် စိတ် နှလုံး မှာသ ဘော ပေါက် စေတယ် လို့မှတ်ချက်ပြုမှု နဲ့ အတူ မှတ်သားစရာ ကဗျာ စာ များစွာ ဖြင့် ဂုဏ်ပြုစကား ချီးမြှင့်ခဲ့ပါသည်။



ပြည်သတင်းမှ (admin)  ပြည်ဖြိုးမောင် (Pyae Phyo Pyay) မှ စာရိတ္တဂုဏ်ရည်ဆုကို ချီးမြှင့်ဂုဏ်ပြုပေးခဲ့ပါသည်။



ဆရာ မြ၀င်း (ဒဿ     န) နှင့် သရဝဏ် (ပြည်) မှ ပြည်မြို့သူ မြို့သားများစုပေါင်းဂုဏ်ပြုငွေ စုစုပေါင်းငွေကျပ် ၇ သိန်း ၅ ထောင်ကျပ်ကို ချီးမြှင့်ဂုဏ်ပြုပေးခဲ့ပါသည်။ ဂုဏ်ပြုပွဲသို့ တက်ရောက်သူဦးရေ ၅၀ခန့် ကျော်တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။




ဦးစန်းဝင်း၊ နဝင်းရပ်၊ ကမ်းနားလမ်း၊ အမှတ် ၃၆၄

0 comments:

Post a Comment

Facebook Like Page