Sunday, August 31, 2014

ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၅ )

Leave a Comment
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၅ )
ကိုဝင်းမြင်.(ခ) ၀င်းမင်းထွေး

ငယ်ငယ်ကချာတိတ်အရွယ်ကျောင်းနေတော.
လူတကာလိုမဟုတ်ဘူးအရမ်းကိုဆိုး
လူလိမ္မာတော.မဖြစ်ချင်ခဲ.
ကဲခုတော.ဘယ်.နှယ်လဲ (ဂျစ်ပစီမိုးတိမ် )

ချစ်သာချစ်ရင်ထဲကရှိတဲ.ဒဏ်ရာ
ကုသဖို. ဒေါသဖြစ်တဲ.စကားများ
ပစ်ပါယ်ဖို.ရာ
ဆန်းပြားလှတယ်အချစ်လေးရယ် (ချစ်ရမ္မက် )

နံရံအားလုံးနားတွေရှိရင်
ဘ၀ကိုသီချင်းလုပ်ဆိုချင်တယ်
အစရဲ.အစဟာအချစ်တဲ.လားဟေ.
အချစ်နဲ.ဆုံးနိုင်ဖွယ်ရာမမြင် ( ကိုယ်တိုင်ရေးပုံတူ )

ဤစကားလုံးများ၏ ပိုင်ရှင် တေးရေးဝင်းမင်းထွေး (သူ.အခေါ်စကားလုံးဝင်းမင်းထွေး) သည် ကျွန်တော်.အစ်မ နံပါတ် (၂) မနီလာဆွေ၏ခင်ပွန်းဖြစ်ပါသည် ။ ကျွန်တော်.တွင်အစ်မသုံးယောက် ညီမတစ်ယောက်ရှိရာ သူတို.နာမည်များမှာ အစဉ်အလိုက်အောက်ပါအတိုင်းဖြစ်ပါသည်

မာလာဝေ
နီလာဆွေ
သီတာမေ
ကြည်ပြာနွေ…….

ဟူ၍ဖြစ်သည် ။ဤနာမည်များကိုကာရန်ကိုက်အောင်ဘယ်ဗေဒင်ဆရာကမှပေးထားခြင်းမဟုတ် ကျွန်တော်၏မိခင်ကြီး ဒေါ်မြင်.မြင်.က သူ.ဘာသာ ဥာဏ်ကွန်.၍ ပေးထားခြင်းဖြစ်ပါသည် ။ သားယောက်ကျားလေးသုံးယောက်၏အမည်များကိုတော.

အောင်ကြည်စိုး
အောင်ရည်မိုး
အောင်ညီမျိုး

ဟူ၍နဘေကိုက်ပေးခဲ.သည် ။ သို.သော် ကျွန်တော်.အဖေသည် ထိုနာမည်များကိုမကြိုက်သည်လား ၊ခေါ်ရခက်၍လား ၊ ရုတ်တရက်မမှတ်မိသည်လားမသိ ကျွန်တော်တို.ကိုကျောင်းသွားအပ်သောအခါ ခပ်လွယ်လွယ်ပင် အောင်အောင် နှင်.ညီညီ ဟုပေးချလိုက်ရာ အမေကဗျာဆန်ဆန်ပေးထားသော အောင်ညီမျိုးနာမည်ပျောက်၍ ကျွန်တော်.နာမည်မှာ ညီညီ ဖြစ်လာခဲ.သည် ။ အောင်ရည်မိုးမှာလည်း အောင်အောင်ဟုသာအမည်တွင်တော.သည် ။ သို.သော် မိန်းကလေးတွေမှာတော. နာမည်လှလှကိုယ်စီရှိကြသည် ။ အနှီ နီလာဆွေအမည်ရသည်. နံပါတ်နှစ်အစ်မသည် ကိုဝင်းမြင်. (ခေါ်) တေးရေးဝင်းမင်းထွေးနှင်.အိမ်ထောင်ကျပါသည် ။ ကိုဝင်းမြင်.သည် မန္တလေးတိုင်း ၊အမရပူရမြို.နယ် ၊ရွှေကြက်ယက်ကျေးရွာမှဖြစ်သည် ။ ကျွန်တော်.အစ်မကပြည်မြို.သူစစ်စစ်ဖြစ်သည် ။ သူတို.နှစ်ဦးတွေ.ပုံကဤသို.ဖြစ်သည် ။ ယခင်အခန်းများတွင်ဖော်ပြခဲ.သလို ကျွန်တော်.ယောက်ဖ နံပါတ်(၁) သည် ကဗျာဆရာ သိဒ္စတ္ထ္စလှိုင်ဖြစ်သည် ။ သိဒ္စတ္ထလှိုင်သည် ကျွန်တော်.အစ်မနှင်. အိမ်ထောင်ကျပြီး ရန်ကုန်တွင် အခြေချကာစာပေလောကသို.တိုးဝင်ရင်းကဗျာများရေးသားနေသောကာလ၀ယ် ကိုဝင်းမြင်.သည် ဆယ်တန်းစာမေးပွဲကိုထူးချွန်စွာအောင်မြင်ကာ ရန်ကုန်စက်မှုတက္ကသိုလ်သို.တက်ရောက်ရန် ရန်ကုန်မြို.သို.ရောက်လာခြင်းဖြစ်သည် ။ ထိုခေတ်ကလူငယ်များထုံးစံအတိုင်း ခေါင်းလောင်းဘောင်းဘီနှင်.ရှပ်အင်္ကျီကိုဝတ်လျက် ခြံထွက်ငှက်ပျောခိုင်ကြီးကို ပုခုံးတွင်ထမ်းလျက် ကိုဝင်းမြင်.ရန်ကုန်သို.ရောက်လာပုံကိုအစ်မတွေပြန်ပြောသဖြင်.စိတ်ထဲတွင်မြင်အောင်ကြည်.မိသည် ။ ရယ်စရာတော. ကောင်းသလိုရှိ၏ ။ယခုပုံနှင်.တော.အတော်ကွာနေပေသည်။ထားတော. ။ ကိုဝင်းမြင်.တွင်လည်းစာပေပိုးရှိသည် ။ ၀င်းမင်းထွေးကလောင်အမည်ဖြင်. ကဗျာများကို စတင်စမ်းသပ်ရေးဖွဲ.နေသောကာလဖြစ်သည် ။ထို.ကြောင်.ရန်ကုန်သို.စက်မှုတက္ကသိုလ် ( R.I.T ) ကျောင်းသားအဖြစ်ရောက်ရှိလာသောအခါ စာပေ၀ါသနာပါသူချင်းပေါင်းသင်းမိကြရာမှ သိဒ္စတ္ထလှိုင် ၏ အိမ်သို.အ၀င်အထွက်ရှိခဲ.သည် ။ ထိုအချိန်တွင်ကျွန်တော်. နံပါတ်(၂) အစ်မ နီလာဆွေသည် နံပါတ်(၁) အစ်မကြီး မာလာဝေ ရှိရာသို.ခေတ္တလာရောက်နေထိုင်နေသော ကာလဖြစ်သည် ။ တိုတိုပြောရလျင် သိဒ္စတ္ထလှိုင် (နောင်တွင်သုခမိန်လှိုင် ) ကိုဗဟိုပြုကာ ကျွန်တော်.အစ်မ နီလာဆွေနှင်. ကိုဝင်းမြင်. (ခေါ်)၀င်းမင်းထွေးတို.တွေ.ဆုံ မေတ္တာမျှခဲ.ခြင်းဖြစ်သည် ။

နည်းမှန်လမ်းမှန်အတိုင်းဆိုလျင် ကိုဝင်းမြင်.သည် နောက်ခြောက်နှစ်ကြာလျင် အင်ဂျင်နီယာဖြစ်မည်ဖြစ်သည် ။ထိုအခါ အရာရှိတစ်ယောက်ဖြစ်မည်။ပြီးတော.သူတို.လက်ထပ်လိုက်ကြမည် ။ သို.သော်လောကကြီးသည် ဘယ်တော.မှ လူတို.ခန်.မှန်းတွက်ချက်သည်.အတိုင်းတသဝေမတိမ်းဖြစ်နေသည်မဟုတ်ချေ ။ နိုင်ငံရေးတွင်တက်ကြွသော ကျွန်တော်.ယောက်ဖလောင်း ကိုဝင်းမြင်.သည် အမျိုးသားခေါင်းဆောင်ကြီးသခင်ကိုယ်တော်မှိုင်း မွေးနေ. နှစ် (၁၀၀ )ပြည်.အခမ်းနားပွဲဖြစ်သည်. မှိုင်းရာပြည်.အရေးတော်ပုံတွင်ပါဝင်ခဲ.သဖြင်. ထောက်လှမ်းရေး၏ဖမ်းဆီးထောင်ချခြင်းကိုခံရပေ၏ ။ ဘွဲ.နှင်းသဘင်သို.ဦးတည်လျောက်လှမ်းခဲ.သောလူငယ်တစ်ယောက်၏ နာဂါတ်မှာ အင်းစိန်နရသိန်တွင် နှစ်ရှည်လများ နိဂုံးချုပ်ရပေတော.၏ ။

ကိုဝင်းမြင်.နှင်.ချစ်ဇာတ်လမ်းတစ်ဝက်တစ်ပျက်ဖြင်.အိပ်မက်မှလန်.နိုးသလိုရှိလာသောကျွန်တော်.အစ်မသည်မိဘများရှိရာ ပြည်မြို.သို.ပြန်လည်ရောက်ရှိလာ၏ ။ ထို.နောက်အစ်မသည်ရွှေတောင်ချည်မျှင်နှင်.အထည်စက်ရုံတွင် ၀န်ထမ်းအဖြစ်ဝင်ရောက်လုပ်ကိုင်၏ ။ တစ်နေ.တွင် ပြည်မြို.တစ်ဖက်ကမ်း ရွာတစ်ရွာတွင် တွဲဘက်ကျောင်းဆရာမတစ်ဦး အလိုရှိကြောင်း ကြော်ငြာကပ်ထားသည်ကို တွေ.ရှိရာမှ အစ်မကသွားရောက်လျောက်ထားရာ အလုပ်ခန်.ခြင်းခံရသဖြင်. ထိုကျေးရွာသို.တစ်ဦးတည်းသွားရောက်နေထိုင်ရင်းကျောင်းဆရာမအလုပ်ကိုလုပ်ကိုင်နေခဲ.သည် ။ နှစ်များစွာကုန်လွန်သွားလေသည် ။ တစ်နေ.တွင်မြန်မာ.နိုင်ငံရေး၌ ထူးခြားသောအဖြစ်တစ်ခုဖြစ်ခဲ.၏ ။၎င်းမှာမြန်မာနိုင်ငံအတွင်းရှိ ဗုဒ္စဘာသာ ဂိုဏ်းကွဲများသည် အကြေအလည်ဆွေးနွေးညှိနှိုင်းပြီး ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေးပွဲကြီးကျင်းပကာ ညီညွတ်ရေးတည်ဆောက်နိုင်ခဲ.၏ ။ ထိုဂိုဏ်းပေါင်းစုံသံဃညီညွတ်ရေးအထိန်းအမှတ်အဖြစ် မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီးဦးနေ၀င်းက တစ်နိုင်ငံလုံးရှိအကျဉ်းသားများကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင်.ကြေငြာလေရာ နိုင်ငံရေးအကျဉ်းသားဖြစ်သောကိုဝင်းမြင်.လည်းပြန်လည်လွတ်မြောက်လာခဲ.၏ ။ ကိုဝင်းမြင်.သည်အင်းစိန်တောရမှ လွတ်မြောက်လာလာခြင်းပင် စုံစမ်း၍ ပြည်မြို.သို.လိုက်လာ၏ ။ ကျွန်တော်တို.အိမ်သို.ရောက်လာသောအခါ မိဘများကလမ်းညွှန်လိုက်သောကြောင်. အစ်မဆရာမလုပ်နေသောရွာကလေးသို.မဆိုင်းမတွ လိုက်သွားတော.၏ ။ ရွာတွင်သူတို.နှစ်ယောက်ပြန်ဆုံသည် ။ နှစ်ဦးသဘောတူအိမ်ထောင်တစ်ခုကိုတည်ထောင်သည် ။ အစ်မသည် အလုပ်ထွက်၍ ကိုဝင်းမြင်.နှင်.ရန်ကုန်သို.လိုက်သွား၏ ။

ထိုအချိန်တွင်ရန်ကုန်၌ သိဒ္စိတ္ထလှိုင်သည် ကော်ပီတေးရေးဆရာတစ်ယောက်အနေနှင်.အလွန်အောင်မြင်နေ၏ ။ ကိုဝင်းမြင်.သည် မိတ်ဆွေဟောင်းဖြစ်သောသိဒ္စတ္ထလှိုင်ဆီသို.သွားကာ သူလည်းကော်ပီသီချင်းများရေးချင်သဖြင်. အဆိုတော်များနှင်.ဆက်သွယ်ပေးဖို.အကူအညီတောင်းသည်ကို သိဒ္စတ္ထလှိုင်ကငြင်းလိုက်သည် ။ သို.သော်ကံကောင်းထောက်မစွာပင်အဆိုတော်မင်းမင်းလတ်က ကိုဝင်းမြင်.ကို အဆိုတော် ပလေးဘွိုင်သန်းနိုင်နှင်.မိတ်ဆက်ပေးသည် ။ ထိုအချိန်တွင် ကံကြမ္မာ၏မျက်သာပေးမှုကိုကြံကြံဖန်ဖန်ကြုံရသည် မှာ ပလေးဘွိုင်သန်းနိုင်သည် နောက်ထွက်မည်.သူ၏စီးရီးခွေအတွက် သီချင်းများစုဆောင်းရာ ကက်ဆက်ခွေတစ်ခြမ်းစာပဲရပြီး ကက်ဆက်ခွေတစ်ခြမ်းစာ သီချင်းများကြံကြံဖန်ဖန်လိုနေသည် ။ ကိုဝင်းမြင်.ကရွှေကြက်ယက်ခြံထဲတွင်သူကြိတ်ရေးထားသော ချစ်ရမ္မက်ဆိုသည်.သီချင်းစာသားလေးကိုပလေးဘွိုင်သန်းနိုင်ကိုပြသည် ။သီချင်းတစ်ပုဒ်မှမထွက်ဖူးသေးသော ကိုဝင်းမြင်.လက်ရာကို ပလေးဘွိုင်သန်းနိုင်သဘောကျသွားကာချက်ခြင်း အလုပ်အပ်လိုက်သည် ။ တေးရေးဆရာအမည်ကိုတော.ထွေထွေထူးထူးစဉ်းစားမနေပဲ ကဗျာရေးစဉ်ကကလောင်အမည်ဝင်းမင်းထွေးဟုပင်အမည်ပေးလိုက်သည် ။ ထွေးဟူသည်မှာ သူ.ဖခင်ဦးခင်မောင်ထွေး၏ နောက်ဆုံးနာမည်ဖြစ်သဖြင်.အမှတ်တရထည်.လိုက်ခြင်းဖြစ်သည် ။သီချင်းများရေးပြီးသောအခါ ပလေးဘွိုင်သန်းနိုင်ကအလွန်ကြိုက်သဖြင်. တေးစီးရီးခေါင်းစဉ် ( Title Song )ကိုပင် ချစ်ရမ္မက် ဟုအမည်ပေးခဲ.သည် ။ ထိုစီးရီးခွေထဲမှချစ်ရမ္မက်ဟူသောသီချင်းနှင်. လေယာဉ်ခရီးစဉ်အမှတ် UB 403 သည်အလွန်ရေပန်းစားခဲ.သည်။

လေယာဉ်ပျံလက်မှတ်ရပြီ ငပလီကိုကွယ်
သွားကြစို.ဒို.နှစ်ယောက်တည်းပဲဟန်းနီးမွန်းခရီး
မင်္ဂလာဒုံကွင်းကအထွက်မှာညနေစောင်းလေး
အချိန်မှန်တဲ.ဖလိုက် ယူဘီ 403

ထိုစီးရီးသည် လူကြိုက်များခဲ.ပြီးဂီတလောကတွင် ၀င်းမင်းထွေးဆိုသောတေးရေးဆရာကိုသတိထားမိသွားသည် ။ နောက်တော.ပလေးဘွိုင်သန်းနိုင် နှင်.၀င်းမင်းထွေးသည်အတွဲတွဲညီညီ သီချင်းခွေများတစ်ခွေပြီးတစ်ခွေထွက်တော.သည် ။
တစ်နေ.တွင်ကျွန်တော်သည်နွေကျောင်းပိတ်ရက်တစ်ခုဝယ် ရန်ကုန်တောင်ဥက္ကလာမြင်သာရပ်ကွက်ရှိ ကျွန်တော်.အစ်မ နီလာဆွေ နှင်.၀င်းမင်းထွေးတို.အိမ်သို.ရောက်နေ၏ ။ ၁၉၈၇ ခုမတ်လထဲမှာဖြစ်သည် ။ ကျွန်တော် ဆယ်တန်းဖြေထားကာစဖြစ်သည် ။ ၀င်းမင်းထွေးသည်တေးရေးဆရာလောကတွင်နာမည်ရကာစဖြစ်သည် ။ သိပ်တော.အရမ်းနာမည်မကြီးသေး ။ အိမ်ခန်းလေးတစ်ခန်းငှားနေရသည် ။ တစ်နေ.တွင်နံနက်စောစောအိမ်သို. လူတစ်ယောက်ယောက်လာ၏ ။ သူ၏အသားမှာအတော်မည်းသည် ။စီးလာသောကားမှာ ဘောက်(စ်)၀က်ဂွန်အစိမ်းေ၇ာင်တောက်တောက်ဖြစ်သည် ။သူကကျွန်တော်.ယောက်ဖကို ဆရာဆရာနှင်.ခေါ်သည် ။ကျွန်တော်.ယောက်ဖကိုအတော်လေးစားသည် ။ လူကမည်းမည်း ကားကစိမ်းစိမ်း အသက်အစိတ်ခန်.လူတစ်ယောက်နှင်.ယောက်ဖတော်ဝင်းမင်းထွေးသည် အတူလိုက်ပါသွား၏ ။ သူတို.ထွက်သွားမှအစ်မကိုကျွန်တော်ကမေးရသည် ။

နေပါဦး သူက ဘယ်သူတုန်းဟ
အဆိုတော်လုပ်မလို.တဲ.ဟ နာမည်ကခင်မောင်ညွန်.တဲ.

အင်းနာမည်ကလဲခပ်ရိုးရိုး လူပုံကလဲ ကုလားလိုလို ဘာလိုလို နှင်.ဆိုတော.ဒီလူသည် ဘာသီချင်းတွေဆိုမှာပါလိမ်.ဆိုတော.အစ်မက ထိုကောင်လေး၏သွင်းလက်စ သီချင်းခွေကြမ်းကိုကျွန်တော်.ကိုဖွင်.ပြသည် ။ ပထမတစ်ပုဒ်နားထောင်လိုက်တာနှင်.ကျွန်တော်ကြက်သီးမွှေးညင်းတွေထသွားသည် ။
ကောင်းလှချည်လား
ကောင်းလှချည်လား
နောက်တစ်ပုဒ်ထပ်နားထောင်သည် ။ကောင်းသည် ။ နောက်တော. ခင်မောင်ညွန်.သီချင်းသွင်းပြီးပြန်လာတိုင်း သူ.သီချင်းခွေအကြမ်းကိုကျွန်တော်တို.နားထောင်ကြည်.သည် ။ကျွန်တော်ကတော.ကြိုက်နေပြီ ။ပရိသတ်ကဘယ်လိုဆုံးဖြတ်မလဲ ။ မကြာမီစပယ်ဦးတေးသံသွင်းမှခွေထွက်လာသည်။ဝင်းမင်းထွေးသည်သူ.တပည်.ကိုနာမည်ပြောင်းလိုက်သည် ။ခင်မောင်ညွန်.မဟုတ်တော. ။ ချစ်ကောင်းတဲ. ။ကော်ဖီခါးခါး တဲ. ။ မည်ရွေ.မည်မျှအောင်မြင်ခဲ.သည်ကိုတော. ထိုခေတ်ကိုမီလိုက်သောအသက်လေးဆယ်ကျော်ပုဂ္ဂိုလ်တိုင်းသိကြမည်ဖြစ်သဖြင်.အထူးမပြောလိုတော.ပါ ။ လက်ဘက်ရည်ဆိုင်မှာ ကော်ဖီမှာလျင်ပင် ချစ်ကောင်းတစ်ခွက်ဆိုတာတွေ ဖြစ်ကုန်သည် ။ ၀င်းမင်းထွေးကြောင်.ချစ်ကောင်းဆိုတာဖြစ်ခဲ.သလို ချစ်ကောင်းကြောင်. ၀င်းမင်းထွေးသည် ထိပ်တန်းတေးရေးဆရာဘ၀သို.ရောက်လာခဲ.ခြင်းဖြစ်သည် ။ကော်ဖီခါးခါးပေါက်ပြီးတော. ၀င်းမင်းထွေး ချစ်ကောင်းအတွဲ ဆက်တိုက်ထွက်လာသည်
ဘာအကောင်းဆုံးလဲ
မာယာ
ယန္တယား
နောက်တော.ချစ်ကောင်းသာမက ၀င်းမင်းထွေးသည် တူးတူး ၊ဟေမာနေ၀င်း၊ဇော်ဝင်းထွဋ်တို.အတွက်ပါ သီချင်းများရေးပေးသည် ။ ထူးအိမ်သင်အတွက်လည်း အရင်အတိုင်း ဆိုသောခွေကိုရေးခဲ.သည် ။
( ဆက်ရန် )

0 comments:

Post a Comment

Facebook Like Page