Friday, May 30, 2014

ထူးကြီးမူးကြီးဆွေးနွေးခန်း ( နှစ်ထောင် တစ်ယောက် လောက်မလောက် ) သရ၀ဏ်(ပြည်)

Leave a Comment


ထူးကြီးမူးကြီးဆွေးနွေးခန်း ( နှစ်ထောင် တစ်ယောက် လောက်မလောက် )

သရ၀ဏ်(ပြည်)

တစ်နေ.သ၌ ထူးကြီးသည် ဗိုက်ဆာဆာရှိသည်နှင်.လမ်းထိပ်သို.ထွက်လာရာ လမ်းထိပ် လက်ဘက်ရည်ဆိုင်၌ ရောက်နှင်.နေသော မူးကြီးနှင်.တွေ.ရာ ရောက်တတ်ရာရာစကားများကိုအောက်ပါအတိုင်းပြောဆိုကြလေသည် ။

ထူးကြီး- မူးကြီးရေ အတော်ပဲကွာ မင်းရောက်နေတာနဲ. ၊ ဒါနဲ.မင်းမှာပိုက်ဆံဘယ်လောက်ပါသလဲကွ

မူးကြီး- ဦးဥာဏ်ထွန်းတစ်ရွက်ပါတယ် ၊ဒါပေမယ်.သမ္မတကြီးတစ်ခွက်ဝယ်သောက်လိုက်လို. သိပ်မကျန်တော.ဘူး

ထူးကြီး- ဘာလဲကွ ရှုပ်နေတာပဲ ၊ ပိုက်ဆံဘယ်လောက်ပါလဲမေးတာ ဘာတွေလျှောက်ပြောနေတာလဲ

မူးကြီး- မင်းတော်တော်ဒုံးဝေးသေးတာပဲထူးကြီး ၊ ဦးဥာဏ်ထွန်းတစ်ရွက်ပါတယ်ဆိုတာ ငွေနှစ်ထောင်ပါလာတာကိုပြောတာဟ

ထူး- သမ္မတကြီးတစ်ခွက် ၀ယ်သောက်လိုက်ပြီဆိုတာရော

မူး- မသိရင်မှတ်ထား သမ္မတကြီးတစ်ခွက်ဆိုတာ နွားနို.တစ်ခွက်ဝယ်သောက်လိုက်တာ

ထူး- အော် အေး ရှင်းပါပြီကွာ မင်းကလဲစကားကိုရှင်းအောင်မပြောဘူး ၊ပြောလိုက်ရင် ဦးရဲထွဋ်ပြောလိုပဲ မရှင်းမရှင်းနဲ. ရှေ.ကပြော နောက်ကလိုက်ဖာ နဲ.လုံးလည်ခြာပါတ်လိုက်နေတယ်

မူး- ဟေ.ကောင် ငါ.ကိုမဝေဖန်နဲ. ဦးအုန်းမြင်.စိတ်ပေါက်နေတဲ.အခိုက်ဆိုမင်း ကို ပါး၇ိုက်မိမယ် ကောင်းကောင်းနေ ၊ ဘရိတ်ဖတ်စားမှာဖြင်.စား ၊ လက်ထဲသေနတ်ရှိလို.ကတော. ဘူးလက်လှဆွေ လို သေနတ်နဲ.မင်းကိုထပစ်မိမယ် ။

ထူး- မိဘပြည်သူများကယ်တော်မူပါ ၊ အဲလေ မြတ်စွာဘုရားကယ်တော်မူပါ ၊ လူတွေလဲ ဘာစိတ်တွေပေါက်ကုန်ကြပြီလဲ မသိတော.ပါဘူး

မူး- ဒါနဲ. ဒို. ဒုသမ္မတကြီးပြောသွားတဲ. လူတစ်ယောက်ဟာတစ်နေ.ကို ငွေနှစ်ထောင်ကျပ်ရှိရင် လောက်တယ်ဆိုတဲ.စကားကိုမင်းဘယ်လို ယူဆလဲ

ထူး- လောက်တာပေါ.ကွာ ၊ တစ်ချို.ဆို ငါးပြားမှမ၀င်ပဲနဲ.တောင် အလှူအိမ်တွေလိုက်စားပြီး နေလို.ရသေးတာပဲ ၊နေတတ်ရင်ရတာပေါ. ၊

မူး- ဟုတ်ရဲ.လားကွာ

ထူး- မယုံရင်ငါလက်တွေ.ပြမယ်ကွာ မင်း မှာ ငွေနှစ်ထောင်ပါလာတယ်မဟုတ်လား

မူး- အေးဟုတ်တယ် နွားနို.ဖိုးရှင်းရဦးမယ်

ထူး- ရတယ်ကွာမရှင်းနဲ.၊ ဟေ.ကောင်တွေစားပွဲထိုးလာဦး ၊ ဒီမှာ နွားနို.တစ်ခွက် ၊ နောက်ထပ် ငါ.ဖို.မုန်.ဟင်းခါးတစ်ပွဲ ၊လက်ဘက်ရည် ရှယ်တစ်ခွက်လုပ် ပြီးတော. ငါတို.စားတာ မှတ်ထားလိုက် နောက်မှရှင်းမယ် ၊ ဆိုင်ရှင်ကိုပြောလိုက် ရာအိမ်မှူး ထူးကြီးတို.အဖွဲ.စားသွားတယ်လို. ဟုတ်ပြီလား

စားပွဲထိုး- အရင်အကြွေးတွေကော မဆပ်သေးဘူးလားဆရာ

ထူး- စကားမရှည်နဲ. ဦးအုန်းမြင်. နဲ.တွေ.သွားမယ် ၊လွှတ်တော်က ဖွဲ.စည်းပုံပြင်တဲ.နေ.ကြရင် ငါလာဆပ်မယ်ကြားလား

စားပွဲထိုး- ဒါဆိုဆုံးပြီပေါ.ဆရာရယ်

ထူး- စကားးမရှည်နဲ.ကွာ ၊ လာမူးကြီး

မူး- ဘယ်လဲကွ

ထူး- ဟိုဘက်ရပ်ကွက်မှာ ကိုနိုင်ဦးအဖေဆုံးလို.အသုဘရက်လည်ဆွမ်းကျွေးတာ သွားစားကြမယ် ။ ကြက်သားဟင်းနဲ. ပဲကုလားဟင်းတဲ.ကွ ၊ ငွေတစ်ပြားမှမကုန်ပဲ နေ.လည်စာတစ်နပ်ကြိတ်ရမှာ အပိုင်ပဲ

မူး- အဟီး ငါတို. ဒုသမ္မတကြီးက ငွေနှစ်ထောင်နဲ.လောက်တယ်ဆိုတာဒါ.ကြောင်.ပြောတာနေမှာ သူငယ်ငယ်တုန်းကလဲငါတို.လို အလှူအတန်းလိုက်စားပုံရတယ်အဟေး

ထူး- မနက်စာနဲ.နေ.လည်စာတော. ဟန်ကျပြီ ၊ နေ.လည်ဘက်လက်ဘက်ရည်သောက်ရအောင်ကြံပါဦးဟ

မူး- ဒီအချိန် ဆရာသစ္စာနီ အိမ်မှာရှိလောက်တယ်ကွ ၊ နေ.ခင်းဘက် အလည်လာသလိုလို ၊ စာပေဆွေးနွေးသလိုလို ၊ ဘာလိုလိုနဲ. သူ.အိမ်သွားလည်ရင်လက်ဘက်ရည် တိုက်မှာသေချာတယ်

ထူး- ဖြစ်ပါ.မလားကွာ

မူး- ဖြစ်ပါတယ်ဟ မောင်ကျော်သာ (ပဲခူး )တို. ၊ ပဉ္စမံဒီရိုင်းတို. ၊ နေဦးကျော်ခေါင်တို.တောင် အဲဒိလိုကပ်သောက်နေကြပဲဖြစ်ပါတယ် ၊ ဆရာသစ္စာနီက သဘောကောင်းပါတယ် ၊ နောက်ပြီးလူပျိုကြီးဆိုတော.အမြဲငွေပိုငွေလျှံ လက်ထဲမှာ ဆုပ်ဆုပ်ခဲခဲကိုင်မိတယ်မောင် ၊ ဘာမှမပူနဲ.လာ သွားကြမယ် ။ ငွေနှစ်ထောင်လောက်အောင်သုံးဖို.ဆိုရင် ဒီလိုလုပ်မှအကုန်အကျသက်သာပေမပေါ. ။

ထူးကြီးနှင်.မူးကြီးသည် ထိုသို.တစ်နေ.လုံး ဟိုအိမ်ဝင်ဒီအိမ်ထွက်ဖြင်. ထမင်း ၊လက်ဘက်ရည် ၊ မုန်.စသည်တို.ကို အရှက်မရှိဝင်ရောက်စားသောက်ကြရာ အတော်ပင် ဟန်ကျလျက် ရှိနေကြချေ၏ ။

ထူး- မူးကြီးရေ ဒီနည်းကအတော်ဟန်တယ်နော် ၊

မူး- ဟုတ်တယ်ကွ ဒုသမ္မတကြီးပြောတာသွေးထွက်အောင်မှန်တာပဲ ၊ တကယ်ဆိုရင် ဒို.လူမျိုးဟာ အလကားနေရင်းမာနကြီးပြီးတလွဲဆံပင်ကောင်းနေလို.ကွ ၊အခုလိုသာ အကွက်အကွင်းကျကျ လိုက်ပြီး စားသောက်တတ်မယ်ဆိုရင် စားဝတ်နေရေး ဘာပူစရာလိုတော.မလဲကွာ ကိုယ်အလုပ်လုပ်လို.ရလာမဲ. တစ်နေ.နှစ်ထောင်ကို အသားတင်စုရုံပဲပေါ.

ထူး- ညနေစာအတွက်စဉ်းစားပါဦး မူးကြီး

မူး- “ အကြံရပြီကွ ၊ ဟစ်တိုင်ဂျာနယ် ပိုင်ရှင် ဦးကိုလေး (၇၄ )ဆိုလား (၄၇ )ဆိုလား အဲဒိလူကြီးဟာသိပ်သဘောကောင်းတာကွ ၊ သတင်းထောက်တွေဆိုရင်လဲ သတင်းတစ်ပုဒ် တစ်သောင်းခွဲတောင်ပေးတာ ၊ ဆောင်းပါးခတွေဘာတွေဆိုရင်လဲ လေးငါးသောင်း ပက်ကနဲပဲတဲ. ၊ အေး အဲဒိ ဦးကိုလေးက သူ.မွေးနေ.အထိမ်းအမှတ် ဒီနေ. ပေါက်စေတီ ဘုန်းကြီးကျောင်းမှာ စတုဒီသာကြွေးမှာတဲ. ၀က်သားဟင်းနဲ. ဒညင်းခွက်ဆီပြန်တဲ.ကွ ၊ အယုတ်အလတ် အမြတ်မရွေး လာသမျှလူကို ဧည်.ခံနေသတဲ. ဒီနားလေးတင် ရှစ်မိုင် တင်ကွာ လာလာ အမြန်သွားရင်မီသေးတယ် “

ထူးကြီးနှင်.မူးကြီးသည် ဒိုင်နာမော်တော်ယာဉ်ကို ပိုက်ဆံမပေးပဲ ပေးပြီးယောင်ဆောင်၍ ခိုးစီးကာ ရှစ်မိုင်လမ်းဆုံသို.ရောက်သွားကြလေ၏ ။ ပေါက်စေတီကျောင်းရှေ.တွင်စတုဒီသာလာသောလူအများစုပြုံတိုးခွေ.နေကြရာ သူတို.နှစ်ယောက်လည်းဝင်ရောက်တန်းစီလေ၏ ။

အလှူရှင်- မတိုးကြပါနဲ. ၊ အားလုံးစားရမှာပါ ၊ အားလုံး ဘုန်းကြီးကျောင်းပေါ်ကြွကြပါ ။

ထူးကြီး/မူးကြီး - အိမ်ကိုပါဆယ်ထုတ်သွားလို.မရဘူးလားဗျို.

အလှူရှင်- ရပါတယ် ရပါတယ် ကြွပါကြွပါ

ထူးကြီးနှင်. မူးကြီးသည် စတုဒီသာအလှူမှကျွေးသမျှကို ပါးဖြဲနားဖြဲစားသောက်ပြီး ဒုတိယသမ္မတကြီး၏လမ်းညွှန်ချက်အောင်မြင်ပုံ ၊ မြန်မာတို.၏ အလှူအတန်းရက်ရောပုံ ၊ ဘာသာရေးကိုင်းရှိုင်းပုံတို.ကို ချီးမွမ်းပြောဆိုနေကြရင်း ဘုန်းကြီးကျောင်းပေါ်မှ ဆင်းလာကြပေ၏ ။

ထူးကြီး- တကယ်ပါကွာ တစ်နေ.နှစ်ထောင်ရှိရင်လောက်ပါတယ်ကွ ၊ သုံးတတ်ရင်ပိုတောင်ပိုပါသေးတယ်

မူးကြီး- ဟုတ်တယ်ကွ ငါတို.မြန်မာလူမျိုးတွေဟာ ရိုးသားကြပြီး ဘာသာရေးကိုင်းရှိုင်း ၊ ဟင် ငါ.ဖိနပ်မရှိတော.ဘူးဟ

ထူး- ငါ.ဖိနပ်လဲ မတွေ.တော.ဘူးပျောက်ပြီဟ ၊အမလေးလုပ်ရက်ကြပါပေ. ၊ ငါ.ဖိနပ်အသစ်ကြီးခြောက်ထောင်တောင်ပေးရတယ် ၊ မနေ.ကမှဝယ်ထားတာ

မူး- ငါ.ဖိနပ်လဲ အလပ်ကြီးရှိသေးတယ် အကောင်းစား မြမာလာဖိနပ်ပါဟ ၊အမလေးကောင်းကြသေးရဲ.လား ၊

ထူး- အမလေး ဒုသမ္မတကြီးရဲ. ကျွန်တော်တို.တစ်နေ.နှစ်ထောင်နဲ.လောက်အောင်အလှူအိမ်မှာဝင်စားကာမှ ဖိနပ်ေ လူခိုးလို.ပျောက်ကုန်ပြီဗျ

မူး- သေချင်းဆိုးသူခိုးတွေ မြန်မြန် သေပါစေဟယ်

သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page