Tuesday, May 20, 2014
အဖမ်းဆီးခံသဲကုန်းမြို့၊ အောင်ကုန်းကျေးရွာလယ်သမားများ ရုံးချိန်းတွင် ကျေနပ်မရှိ၍ ဗ.က.သ ကျောင်းသားများနှင့် ဒေသခံလယ်သမားများ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်
အဖမ်းဆီးခံသဲကုန်းမြို့၊ အောင်ကုန်းကျေးရွာလယ်သမားများ ရုံးချိန်းတွင် ကျေနပ်မရှိ၍ ဗ.က.သ ကျောင်းသားများနှင့် ဒေသခံလယ်သမားများ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်
*********************************************************
သဲကုန်းမြို့၊ အောင်ကုန်းကျေးရွာ ရှိ အဖမ်းဆီးခံလယသမားများ၏ ရုံးချိန်းတွင် ကျေနပ်မှုမရှိ၍ ဗ.က.သ ဗဟိုအလုပ်ကော်မတီ ကျောင်းသားများနှင့် ဒေသခံလယ်သမားများက သဲကုန်းမြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ပွဲကို မေလ ၂၀ ရက်နေ့ ရုံးချိန်းတွင် သဲကုန်းမြို့နယ်တရားသူကြီးမှ တဘတ်သတ် ကြားနာ စစ်ဆေးရုံးချိန်းပြန်ချိန်းခဲ့မှုအပေါ် ကျေနပ်မှုမရှိခြင်းကြောင့် ရုံးချိန်းအပြီးတွင် မြို့တွင်းသို့ လှည့်လည်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ “ရုံးကိုရောက်တော့ ၁၁ နာရီပါ ရောက်ရောက်ခြင်း ရုံးချိန်းကိုပြန်ချိန်းလိုက်တယ်တဲ့ သက်သေလည်းမလာဘူး ဖမ်းဆီးထားတဲ့လယ်သမားတွေနဲ့လည်းတွေ့ခွင့်မရလိုက်ဘူး။ ဒါမဖြစ်သင့်ပါဘူး။ ရုံးချိန်းဆိုတာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိရှိတယ်။ အဲဒါကို ရှေ့နေမလာလို့ပြန်ချိန်းတယ်ဆိုတာ တဘက်သတ်ဆုံးဖြတ်တာ စစ်အာဏာရှင်စနစ်ကိုပြန်ကျင့်သုံးတာ” ဟု လယ်သမားများ၏အကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ဆိုပါတယ်။ အင်တာဗျုး။ ။ ဦးမြင့်အေး(တရားလွှတ်တော်ရှေ့နေ) “ တရားစွဲဆိုထားတဲ့ လယ်သမားတွေကို ရုံးထုတ်တာမှာလယ်သမား တွေရဲ့ အကျိုးဆောင်ရှေ့နေရောက်ရှိတဲ့အချိန်မှာပဲ ပေါင်းတည်အကျဉ်းထောင်ကိုပြန် ပို့လိုက်တယ်။ တရားသူကြီးကကြားနာစစ်ဆေးခြင်းမလုပ်ဘူး။ ရုံးချိန်းကိုတက်ရောက်လာတဲ့ ကျောင်းသားတွေ လယ်သမားတွေရဲ့ အခြေနေကိုကြည့်ပြီး တပ်ရုပ်သွားတယ်ထင်တယ်လို့- ဗ.က.သ ဗဟိုအလုပ်ကော်မတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်ကဆိုပါတယ်။ ။ ။ကိုရဲရင့်ကျော်(ဗကသ) ဗ.က.သကျောင်းသားကိုကောင်းထက်ကျော် ကိုရိုက်နှက် မတရားစွဲဆိုထားသည့် ပုဒ်မများရုပ်သိမ်းပေးရေး လယ်သမားများအား စွဲဆိုထားသည့်ပုဒ်မများ ရုပ်သိမ်းပြီး အမြန်ဆုံးပြန်လွှတ်ပေးရေး၊ လယ်မြေများ အမြန်ပြန်ပေးရေးတို့အတွက် ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပြီး ဗ.က.သ ကျောင်းသားအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းတာထိ အရှိန်ဟုန်မြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောသည်။ ရုံးချိန်းတွင် အဖမ်းဆီခံလယ်သမားများဖြစ်သည့် ကိုပေါက်စ၊ ဒေါ်ညို တို့မှာမိသားစုများနှင့်တွေ့ခွင့်မရရှိပဲ တရားခွင်နှင့် တရားရုံးတွင်းလုံခြုံရေးရဲဝန်ထမ်း ၄၀ ခန့်မှ ပိတ်ဆို့စောင့်ကျပ်ထားကြောင်း၊ ယခုချိန်းမှာ ပုဒ်မ ၅၀၅(ခ) ဖြင့် ပထမတစ်ကြိမ် တရားစွဲဆိုထားသူများ၏ ဒုတိယမြောက်ရုံးချိန်းဖြစ်ပြီး၊ နောက်ရုံးချိန်းမှာ ဇွန်လ ၃ ရက်နေ့သို့ချိန်းဆိုထားပြီး ပုဒ်မ ၅၀၅(ခ) ဖြင့်ဒုတိယအကြိမ်စွဲဆိုထားသည့် ရုံးချိန်းမှာ မေလ ၂၁ ရက်နေ့တွင် ဆက်လက် အစစ်ဆေးခံရအုံးမည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ဆိုသည်။ ” ရုံးချိန်းသို့ ဗ.က.သ ကျောင်းသားများလည်းတက်ရောက်ခဲ့ပြီး၊ဒေသခံလယ်သမားများ-ပြည်-ပေါင်းတည်။မှနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ-နဲ့စုစုပေါင်းလူ(၁၀၀)ကျော်လောက်-တက်ရောက်လာကြပြီး-ရုံးချိန်းပြီးချိန်တွင်-တရားရုံးနဲ့-သဲကုန်းမြို့ထဲသို့လှည့်လည်-ဆန္ဒပြခဲ့ကြပါတယ်..
သတင်း...ကိုမင်းညို(DVB)
တင်ဆက်မှု...ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment