Wednesday, May 7, 2014

ပေါင်းတည်ထောင်ရှေ့တွင် ရဲနှင့် ရုန်းရင်းခန်ဆတ်ဖြစ်ခဲ့သော အမျိုးသမီးဒဏ်ရာ မသက်သာသဖြင့် ဆေးရုံဆက်တက်နေရ

Leave a Comment
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့ရှိ ပေါင်းတည်ထောင်ရှေ့တွင် ရဲနှင့် ရုန်းရင်းခန်ဆတ်ဖြစ်ပွားရာမှ ဒဏ်ရာရရှိခဲ့သော အရပ်သားသုံးဦးအနက် အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်ဝင်းမှာ ဒဏ်ရာမသက်သာ သေးသဖြင့် ဆေးရုံဆက်တက်နေရကြောင်း လယ်သမားအရေးကူညီလှုတ်ရှားသူ ကိုကောင်းထက်ကျော်က ပြောသည်။

မေလ ၆ ရက် က သဲကုန်းတရားရုံးတွင် က ပုဒ်မ ၅၀၅(ခ) ဖြင့် ရုံးထုတ်စစ်ဆေးခံရသော လယ်သမား ကိုပေါက်စကို တရားရုံးက အာမခံမပေးဘဲ ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့သည်။

လယ်သမား(၈)ဦးက ပေါင်းတည်ထောင်ရှေ့တွင် ကိုပေါက်စအား ပြန်တောင်းရန် ကြိုးစားရာမှ ရဲနှင့်အရပ်သား ရုန်းရင်းခန်ဆတ်ဖြစ်ပွားပြီး ဒေါ်ဝင်း ၊ ဒေါ်ညို ကိုမာနော် စသည့် အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။ “ဖြစ်ဖြစ်ချင်း ဒေါ်ဝင်းက အန်တယ်။ ဒီနေ့မနက်ထိ ဒေါ်ဝင်းက အောက်ဆီဂျင် ချိတ်ထားရတယ်။ ခေါင်းတွင်း ဒဏ်ရာရနိုင်တဲ့အခြေအနေ အထိရှိတယ်။ ဆရာဝန်ကတော့ ဓါတ်မှန်ရိုက်ထားတဲ့ အဖြေကိုေ စာင့်ကြည့်နေတယ် လို့ပြောတယ်”ဟု လယ်သမားအရေး ကူညီလှုတ်ရှားသူ ကိုကောင်းထက်ကျော် ကပြောသည်။

ကိုမာနော် နှင့်ဒေါ်ညို တို့နှစ်ဦးသည် ထိုနေ့နေ့လည်(၁၂)နာရီက ဆေးရုံဆင်းသွားကြပြီး ကိုမာနော်၏ ဒဏ်ရာ သက်သာသော်လည်း ဒေါ်ညို၏ ရင်ဘတ်ရိုးအောင့်ဒဏ်ရာမှာ မသက်သာသေးကြောင်း ၄င်းက ဆက်ပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃)လက်ကားသမ၀ါယမအသင်း လိမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

ဧပြီလ ၁၁ရက် တွင် သဲကုန်းမြို့ အပြင်ဘက် ရွှေကြိုးပင်နတ်စင်၌ လယ်ယာမြေ သိမ်းဆည်းရာတွင် ပါဝင်ပါတ်သတ်သူများကို လယ်သမားငါးဆယ်ကျော်က ကျိန်စာတိုက်ပွဲပြုလုပ်သဖြင့် ကိုပေါက်စ အပါအ၀င်လယ်သမားငါးဦးကို ပုဒ်မ၅၀၅(ခ) ဖြင့် လက်ထောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေး တရားလိုပြုလုပ်တရားဆွဲခဲ့သည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page