လယ်ယာမြေ
သိမ်းဆည်းမှုတွင် ပါဝင်ပတ်သတ် နေသူများ၊ သိမ်းဆည်းခံရမှူအတွက်
တာဝန်ရှိသူများ အား ကြိမ်စာတိုက်သဖြင့် ပဲခူးတိုင်း ပြည်ခရိုင်
သဲကုန်းမြို့နယ်တရားရုံးတွင် မေလ(၆)ရက်နေ့၌ လယ်သမားငါးဦးကို နိုင်ငံတော်
ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင် လှုံ့ဆော်မှု ပုဒ်မ၅၀၅(ခ)ဖြင့်
ရုံးတင်စစ်ဆေးခဲ့ကြောင်း တရားဆွဲခံရသူများကပြောသည်။
“ အသေဆိုးနဲ့ သေပါစေ သားမယားကွဲပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်။ ပါဖောမန့်တစ်ခု အနေနဲလုပ်လိုက်တာ။ ဒါမှကမ္ဘာကသိမယ်” ဟုတရားဆွဲခံရသူ ကိုသန့်ဇင်ထက်က ပြောသည်။ ဧပြီလ(၁၁)ရက်နေ့တွင် သဲကုန်းမြို့အပြင်ဘက် ရွှေကြိုးပင်နတ်စင်၌ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တာဝန်ရှိသူ သဲကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ လယ်ယာမြေများတွင် ငါးကန်လုပ်ငန်းများလုပ်ကိုင်နေသူ
စီးပွားရေးလုပ်ငန်းရှင် ဦးထိုင်ထိုင်၊ သဲကုန်း မြို့နယ်အုပ်ချုပ်ရေးမှူး၊
သဲကုန်းမြို့နယ် သမဦးစီးမှူးတို့အား လယ်ယာမြေသိမ်းဆည်းခံရသူ
လယ်သမားငါးဆယ်ကျော်က ကြိမ်စာတိုက်ခဲ့ကြောင်း ၄င်းကပြောသည်။
ထိုသို့ကြိမ်စာတိုက်သဖြင့် သန့်ဇင်ထက် ၊ဒေါ်ညို ၊ ဒေါ်မုန်း ၊ ကိုပေါက်စ ၊ ကိုအောင်သူ တို့ငါးဦးကို သဲကုန်းမြို့နယ် လက်ထောက် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေး တရားလိုဆွဲဆိုခဲ့သည်။ အမှုကို မြို့နယ်အထူးအာဏာရ တရားသူကြီးဦးဝင်းမြင့်က တာဝန်ယူစစ်ဆေးမည်ဖြစ်ပြီး လယ်သမားများ ဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက လိုက်ပါဆောင်ရွက်မည်ဟုလည်း တရားဆွဲခံရသူများကပြောသည်။
တရားဆွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက “ဗမာ့ ဓလေ့ထုံးတမ်းမှာလဲ မကျေနပ်တဲ့လူကို ကြိမ်စာ တိုက်တယ်ဆိုတာ ရှိတာဘဲ။ အဲဒါနိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို မထိခိုက်ဘူး။ ဒီလိုတရားဆွဲတာမမှန်ကြောင်း ဥပဒေနဲ့ မညီကြောင်း ရုံးတော်ကို လျှောက်လဲသွားမယ်” ဟုပြောသည်။
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃)လက်ကားသမ၀ါယမအသင်း လိမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။ ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် တောင်သူများက သဲကုန်းမြို့ပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီ(၁၄)ရက်နေ့တွင် ရဲတပ်ဖွဲ့၏ ဖြိုခွဲခြင်းခံခဲ့ရပြီး ယခုလက်ရှိ အောင်ကုန်း ကျေးရွာ ဒေါ်မုန်း၏ နေအိမ်တွင် ယာယီသပိတ်စခန်းဖွင့် ဆန္ဒပြလျှက်ရှိသည်။ ကြိမ်စာတိုက်ပွဲအား သပိတ်စခန်း(၂)လပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဧပြီလ(၂၂)ရက်နေ့ကလည်း အောင်ကုန်းရွာ သုသာန်တွင် လယ်သိမ်းသူ အင်းမစစ်တပ်၊ လယ်ယာမြေအား လက်ရှိလုပ်ကိုင်နေသူ ၊ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့အား ရည်စူးပြီး မီးရှို့မှုများ ပြုလုပ်ခဲ့ကြောင်း တရားဆွဲခံရသူများကပြောသည်။
ပြည့်သဲမောင်(ပြည်)
“ အသေဆိုးနဲ့ သေပါစေ သားမယားကွဲပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်။ ပါဖောမန့်တစ်ခု အနေနဲလုပ်လိုက်တာ။ ဒါမှကမ္ဘာကသိမယ်” ဟုတရားဆွဲခံရသူ ကိုသန့်ဇင်ထက်က ပြောသည်။ ဧပြီလ(၁၁)ရက်နေ့တွင် သဲကုန်းမြို့အပြင်ဘက် ရွှေကြိုးပင်နတ်စင်၌ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တာဝန်ရှိသူ သဲကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ လယ်ယာမြေများတွင် ငါးကန်လုပ်ငန်းများလုပ်ကိုင်နေသ
ထိုသို့ကြိမ်စာတိုက်သဖြင့် သန့်ဇင်ထက် ၊ဒေါ်ညို ၊ ဒေါ်မုန်း ၊ ကိုပေါက်စ ၊ ကိုအောင်သူ တို့ငါးဦးကို သဲကုန်းမြို့နယ် လက်ထောက် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေး တရားလိုဆွဲဆိုခဲ့သည်။ အမှုကို မြို့နယ်အထူးအာဏာရ တရားသူကြီးဦးဝင်းမြင့်က တာဝန်ယူစစ်ဆေးမည်ဖြစ်ပြီး လယ်သမားများ ဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက လိုက်ပါဆောင်ရွက်မည်ဟုလည်း တရားဆွဲခံရသူများကပြောသည်။
တရားဆွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက “ဗမာ့ ဓလေ့ထုံးတမ်းမှာလဲ မကျေနပ်တဲ့လူကို ကြိမ်စာ တိုက်တယ်ဆိုတာ ရှိတာဘဲ။ အဲဒါနိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို မထိခိုက်ဘူး။ ဒီလိုတရားဆွဲတာမမှန်ကြောင်း ဥပဒေနဲ့ မညီကြောင်း ရုံးတော်ကို လျှောက်လဲသွားမယ်” ဟုပြောသည်။
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃)လက်ကားသမ၀ါယမအသင်း လိမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။ ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် တောင်သူများက သဲကုန်းမြို့ပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီ(၁၄)ရက်နေ့တွင် ရဲတပ်ဖွဲ့၏ ဖြိုခွဲခြင်းခံခဲ့ရပြီး ယခုလက်ရှိ အောင်ကုန်း ကျေးရွာ ဒေါ်မုန်း၏ နေအိမ်တွင် ယာယီသပိတ်စခန်းဖွင့် ဆန္ဒပြလျှက်ရှိသည်။ ကြိမ်စာတိုက်ပွဲအား သပိတ်စခန်း(၂)လပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဧပြီလ(၂၂)ရက်နေ့ကလည်း အောင်ကုန်းရွာ သုသာန်တွင် လယ်သိမ်းသူ အင်းမစစ်တပ်၊ လယ်ယာမြေအား လက်ရှိလုပ်ကိုင်နေသူ ၊ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့အား ရည်စူးပြီး မီးရှို့မှုများ ပြုလုပ်ခဲ့ကြောင်း တရားဆွဲခံရသူများကပြောသည်။
ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment