Friday, May 9, 2014

ပြည်မြို့တွင် အမိန့်ရအပေါင်ဆိုင် မီးလောင်အပေါင်ပစ္စည်းများမီးထဲပါ ပြည့်သဲမောင်(ပြည်)

Leave a Comment


ပြည်မြို့တွင် အမိန့်ရအပေါင်ဆိုင် မီးလောင်အပေါင်ပစ္စည်းများမီးထဲပါ

 ပြည့်သဲမောင်(ပြည်)



ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့ ခေတ္တရာမြို့သစ်ရပ်ကွက် တွင် မေလ၈ရက်မနက် က အမိန့်ရအပေါင်ဆိုင်တစ်ခုမီးလောင်ခဲ့ပြီး အပေါင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ခေတ္တရာမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ကပြောသည်။ “အပေါင်ပစ္စည်းတွေ အကုန်လုံး ပါသွားတယ်။ အစုံဘဲ အ၀တ်အထည်များတယ်။ စက်ဘီးများတယ်။ ဆိုင်ကယ်လဲပါတယ်။ သိပ်မများဘူး”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ပြောသည်။ အပေါင်ဘောက်ချာများတွင် ရန်သူမျိုးငါးပါး ဖျက်စီးပါက တာဝန်မယူကြောင်း ပါရှိပြီး မီးလောင်ဆုံးရှုံးသည့် အပေါင်ပစ္စည်းများ နှင့် ပတ်သတ်ပြီး မည်သို့ဆောင်ရွက်ပေးမည်ကို မသိနိုင်သေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ကပြောသည်။ ထိုနေ့နံနက် ၁နာရီ က ခေတ္တရာ မြို့သစ်ရပ်ကွက် (၃/၁၀)လမ်းရှိ ဦးရဲထွန်းပိုင် (၄၀×၆၀×၁၈)ပေ သွပ်မိုး ပျဉ်ကာ မြေစိုက် အမိန့်ရအပေါင်ဆိုင် အဆောက်အဦးတွင် အဲယားကွန်း အပူလွန်ကဲပြီး မီးလောင်ကျွမ်းသဖြင့် အပေါင်ပစ္စည်း အားလုံး ပါသွားခြင်းဖြစ်သည်။ မီးလောင် သည့်နေရာသို့ မီးသတ်ကား(၈) စီးမီးသတ်တပ်ဖွဲ့ဝင် (၁၇၀)ကျော်လာရောက်ခဲ့ပြီး နာရီဝက်ကြာ မီးငြိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦး မီးဘေးဒုက္ခသည်ဖြစ်ခဲ့ရကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးဌါန မှတ်တမ်းတွင်ဖော်ပြထားသည်။ အပေါင်ဆိုင် ပိုင်ရှင်ဦးရဲထွန်းအား မီးလောင်မှု နှင့် ပတ်သတ်ပြီး ပြည်မြို့ မြို့မရဲစခန်းတွင် (ပ)၂၆၅/၂၀၁၄ ပုဒ်မ၂၈၅ ဖြင့်အမှုဖွင့်ထားသည်။ ပြည့်သဲမောင်(ပြည်)

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page