ရွေးကောက်ပွဲတွင် ထူးခြားဖြစ်စဉ် နှင့် တိုင်ကြားစာများပေးပို့စောင့်ကြည့်၍ ရသည့်ဆော့ဝဲ့လ်မိတ်ဆက်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် လွတ်လပ် မျှတ စိတ်ချ ရဖို့ရွေးကောက်ပွဲစောင့်ကြည့်စို့ ဆိုသည့် ရွေးကောက်ပွဲတွင် ထူးခြားဖြစ်စဉ် နှင့် တိုင်ကြားစာများပေးပို့စောင့်ကြည့်၍ ရသည့်ဆော့ဝဲ့လ်မိတ်ဆက်ရည်ရွယ်ချက်နဲ့၊ပြုလုပ်ထားတဲ့ ကြည့် (အပလီ ကေးရှင်း)ဆော့ဝဲလ်၊မိတ်ဆက်ရှင်းလင်းပြသပွဲတစ်ခုကိုအောက်တိုဘာ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်မြို့၊တရုတ်စုရပ်ကွပ်မှာဖွင့်လှစ်ထားတဲ့ Light House (ရပ်ရွာအခြေပြုအင်တာနက်စင်တာ)မှာ၊ MIDO အဖွဲ့က ဖုန်းကိုင်ဆောင်နိုင်သူတိုင်း၊ ရွေးကောက်ပွဲ ကိုစောင့်ကြည့် နိုင်စေရမဲ့၊ဖုံး (အပလီကေးရှင်း)တခုကို မိတ်ဆက် သရုပ်ပြသခဲ့ကြောင်းသိရသည်။
ယင်းပွဲသို့တက်ရောက်လာသူတွေကတော့ အပလီကေးရှင်းနဲ့ပတ်သတ်ပြီးအခုလို အကြံပြုပေးကြပါတယ်။“ တော်တော်ကိုပြည့်စုံတဲ့ဆော့ဖ်ဝဲတခုပါ၊ကျယ်ပြန်ပြန့်လုပ်နိုင်ရင်အရမ်းကောင်းမှာပါ။” ဟု ကိုသိန်းဇော် နိုင်ငံရေးအကျဉ်းသားဟောင်းများရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၊ပြည်ခရိုင် ကပဲခူးက၀ိဂျာနယ်သို့ပြောသည်။
“ အရမ်းကောင်းတဲ့ စံနစ်တခုပါ၊ကျွန်တော်အနေနဲ့တော့ (Comfirm)လုပ်တဲ့ တခုပဲ နဲနဲအစဉ်မပြေတာပါ။ ” ဟု ရန်လင်းကျော် (မိုးမေတ္တာပရဟိတအဖွဲ့) ကပဲခူးက၀ိဂျာနယ်သို့ ပြောသည်။
အဆိုပါ အပလီကေးရှင်းမှာ၊အသုံးဝင်အချက်အလက်များ၊အရေးကြီးနေ့စွဲများ၊တိုင်ကြားချက်များ၊ကြည့်ရဲ့စာတိုများ ဆိုတဲ့ ခေါင်းစဉ်၊စာမျက်နှာ(၄)ခု ပါဝင်ပြီး အရေးကြီးနေ့စွဲတွေကတော့ နေ့စဉ် ရုပ်မြင်သံကြားတွေမှာ၊ဟောပြောလွှင့်ထုပ်မည့် နိုင်ငံရေးပါတီတွေရဲ့စာရင်းတွေနဲ့ (တိုင်)ဆိုတဲ့နေ ရာတခုပါရှိကြောင်းသိရသည်။
ထိုအပလီကေးရှင်း ဆော့ဝဲလ်၏ အသုံးဝင်အချက်အလက် စာမျက်နှာမှာတော့၊မဲဆန္ဒရှင်တွေ၊စောင့်ကြည့်လေလာသူတွေ၊နိုင်ငံရေးပါတီတွေ အခမ်းကဏ္ဍ တခုခြင်းစီအတွက်၊(တိုင်)ဆိုတဲ့နေ ရာတခုပါကြောင်း နှင့် တိုင်ကြားချက်များဆိုသည့် နေရာမှာလဲ တည်နေရာမြေပုံ နှင့် တကွ ဖေါ်ပြတိုင်ကြားနိုင်အောင်ပြုလုပ်ပေးထားကြောင်းသိရသည်။
ပြည်တွင်း ပြည်ပရှိ လူတိုင်း ရွေးကောက်ပွဲ နဲ့ပတ်သတ်ပြီး၊မကျေနပ်ချက်တွေ သတင်းထူးတွေ၊ တိုင်ကြားချင်တာတွေ၊ အားလုံးကို ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ၊မရှိလို့ဖြစ်ဖြစ်မသိလို့ဖြစ်ဖြစ်၊ မကျန်နေခဲ့ရအောင်၊၊ဖုန်းဆော့ဝဲတခုအနေနဲ့ဒီအပလီကေးရှင်းကို ပြီးခဲ့တဲ့အောက်တိုဘာလ(၂၀)ရက်နေ့ကစတင်ပြုလုပ်လိုက်ပြီး၊မြန်မာနိုင်ငံအနှံအပြားကို လိုက်လံဖြန့်ဝေနေခဲ့တာဖြစ်ကြောင်းသိရသည်။အဆိုပါ အပလီကေးရှင်းကို (ဂူဂဲ) ပလေးစတိုး မှာ သွားရောက်ပြီး ပြီးတော့လဲ ဒေါင်းလုပ် လုပ်ယူလို့ရကြောင်း လာမဲ့(၂၄)ရက် နေ့မှာ ကြို့ပင်ကောက်မြို့တွင် ပြုလုပ်မဲ့ Youth Forum မှာသွားပြီးပြသဖြန့်ဝေသွားဖို့လဲစီစဉ်ထားကြောင်းသိရသည်။
ခေတ္တရာမောင်(ပြည်)
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment