Friday, January 24, 2014

(၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျောက်ကွင်းတွင် ကျင်းပမည်

Leave a Comment
ဇော်မင်းထိုက်၊ ပြည်၊ ဇန်န၀ါရီ- ၁၉

(၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ပြည်မြို့နယ်၊ ၀က်ထီးကန်တိုက်နယ်အတွင်းရှိ ကျောက်ကွင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ စာပေဟောပြောပွဲတွင် စာရေးဆရာမောင်သာချို၊ ကာတွန်းဆရာ အော်ပီကျယ်တို့က စာပေ ဗဟုသုတဆိုင်ရာများ ဟောပြောမည်ဖြစ်သည်။ ၀က်ထီးကန်တိုက်နယ် အတွင်းတွင် အရှို ချင်းတိုင်းရင်းသားကျေးရွာ ၁၁ ရွာရှိရာ ယင်းရွာများမှ ချင်းတိုင်းရင်းသားများ၏ ရိုးရာ အကများနှင့်လည်း ဖော်ဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီခန့်မှစတင်ကာ ဖျော်ဖြေမည်ဖြစ်သည်။ အရှိုချင်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေ အစရှိသည်တို့ကို သိမြင်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ကျောက်ကွင်းကျေးရွာတွင် ၂၀၁၂ ခုနှစ် ခန့်ကစပြီး မေတ္တာမွန်စာကြည့်တိုက်ကို တည်ထောင်ကာ ဒေသအတွင်း စာပေဗဟုသုတ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Pyay City

0 comments:

Post a Comment

Facebook Like Page