Friday, January 24, 2014

ပြည် ၁၉၉ ကြိုးဖုန်းဖြင့် ခေါ်နိုင်ပြီ

Leave a Comment

ပြည်၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့တွင် မြို့တွင်း ဒစ်ဂျစ်တယ် ကြိုးဖုန်းများဖြင့် ဖုန်းနံပါတ် ၁၉၉ သို့ ဆက်သွယ်ကာ ပြည် မြို့မရဲစခန်းသို့ တိုက်ရိုက် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပဲခူးတိုင်း (အနောက်ပိုင်း) မန်နေဂျာရုံးထံမှ သိရသည်။

ပြည်မြို့ပေါ် ဒစ်ဂျစ်တယ် ကြိုးဖုန်းများ ဖြစ်သည့် ဖုန်းနံပါတ် (၀၅၃) ၂၄ မှ ၂၉ အထိ ခေါ်ဆို ရရှိနိုင်ပြီး မိုဘိုင်းလ်ဖုန်းများဖြင့် အဆိုပါ ဖုန်းနံပါတ်ကို ခေါ်ဆိုရနိုင်မည် မဟုတ်ကြောင်း ဆယ်သွယ်ရေး အင်ဂျင်နီယာ ဌာနက ဦးကျင်ဟုတ်က ဆိုသည်။

“ဒီဇင်ဘာ ၃၀ ရက်နေ့က စပြီး ခေါ်လို့ ရနေပြီ။ မြို့တွင်းက ကြိုးဖုန်းတွေကနေ တိုက်ရိုက် ခေါ်နိုင်ပါတယ်။ ၁၉၉ ပဲ ဖြစ်ဖြစ်၊ မြို့မ ရဲစခန်းရဲ့ နဂို ဖုန်းနံပါတ်ကိုပဲ ခေါ်ခေါ် စခန်းကို ရောက်မှာပါ” ဟု ၎င်းက ဆိုသည်။
စခန်းသို့ တိုက်ရိုက် ဝင်လာသည့် ဖုန်းခေါ်ဆိုမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေအလိုက် စခန်းများနှင့် ဆက်သွယ်ကာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြည်မြို့မ ရဲတပ်ဖွဲ့ စခန်းမှူးက ဆိုသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့နှင့် တောင်ငူမြို့များတွင်လည်း သက်ဆိုင်ရာ မြို့မရဲစခန်းများသို့ ဖုန်းနံပါတ် ၁၉၉ ကို ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။

The Voice

0 comments:

Post a Comment

Facebook Like Page