စာရေးဆရာ သရ၀ဏ်(ပြည်)၏ ဟာသ၀တ္ထုတိုပေါင်းချုပ်လက်မှတ်ထိုးဖြန့်ချီမိတ်ဆက်ပွဲကျင်းပခဲ့
******************************************
စာရေးဆရာ သရ၀ဏ်(ပြည်)၏ ဟာသ၀တ္ထုတိုပေါင်းချုပ်လက်မှတ်ထိုးဖြန့်ချီမိတ်ဆက်ပွဲအခမ်းအနားကို (၈.၁၂.၂၀၁၃)ရက်နေ့ နံနက်(၉း၀၀)န...ာရီအချိန်တွင် ပြည်မြို့ တော်ဝင်ရတနာ ခန်းမ တပ်လမ်းတွင် စာရေးဆရာ သရ၀ဏ်(ပြည်)၏ ဟာသ၀တ္ထုတိုပေါင်းချုပ်လက်မှတ်ထိုးဖြန့်ချီမိတ်ဆက်ပွဲကျင်းပခဲ့ကြောင်းသတင်းရရှိခဲ့ပါသည် အဆိုပါအခမ်းအနာတွင် စာရေးဆရာ သရ၀ဏ်(ပြည်)အား ပြည်သတင်းမှမေးမြန်းသည်များကို ယခုလိုပြန်လည်ဖြေကြားခဲ့....
ပြည်မြို့မှာ ကျွန်တော် ဒီပွဲကိုပထမဦးဆုံးအကြိမ်စတင်ကျင်းပခဲ့တာပါ ရန်ကုန်မှာကတော့ မကြာခဏဆိုသလို ဒီလိုပွဲတွေလုပ်နေကြပါ ကျွန်တော်ကပြည်သားပါ ကျွန်တော်ရေးတဲ့ ၀တ္ထူ (၁၀)လောက်ရေးရင် (၉)အုပ်လောက်ကပြည်ကအကြောင်းတွေ ပြည်ကဇာက်ကောင်တွေနဲ့ပဲ ရေးသားတာများပါတယ် စာရေးဆရာလောကကို ကျွန်တော် (၁၉၈၉)ခုနှစ်လောက်ကစတင်ဝင်ရောက်လာခဲ့ပါတယ် ၁၉၈၉ခုနှစ် ဧပြီလထုတ် ရုပ်ရှင်သစ္စာ မဂ္ဂဇင်းစာအုပ်မှာ (မီးခိုးနဲ့ပြာ)ဆိုတဲ့ကဗျာကိုစတင်ရေးသားခဲ့ပါတယ်ဒီနေ့ (၈.၁၂.၂၀၁၃)ရက်နေ့မှာ ရန်ကုန်မှာ ကျွန်တော်ရေးထားတဲ့ (ကျွန်တော်တို့ ဟိုကား ကြည့်ခဲ့စဉ်က)ဆိုတဲ့ ဟာသ၀တ္ထူတိုပေါင်းချုပ်ကိုဖြန့်ချီပေးနေပါပြီ ကျွန်တော်တို့ ပြည်မှာတော့ မိတ်ဆက်ဖြန့်ချီပွဲကိုပြုလုပ်ပေးခဲ့တာပါ လုံးချင်းဝတ္ထူပေါင်း(၁၅)အုပ် ရေးသားခဲ့ပြီးပါပြီ ဂျာနယ်ပေါင်းစုံမှ ဆောင်းပါးပေါင်းချုပ် စုစည်းမှုကို(၂)အုပ်ရေးသားခဲ့ပြီးပါပြီ နောက်ထပ် ဆောင်းပါးနဲ့ ၀တ္ထူတွေရေးဖို့ ထုတ်ဝေဖို့တွေကျန်ပါသေးတယ် တချိန်တုန်းကတော့ စာပေစစ်ဆေးရေးအဖွဲ့တွေရဲ့ စာစစ်ဆေးမှု့တွေကြောင့် ပေးပို့ထားတဲ့စာမှုတွေပြည်သူတွေကို ပြန်ပေးပို့လို့လို့မရခဲ့ပါဘူး ဦးသိန်းစိန် အစိုးရမတက်မှီကလောက်ပါ အခုဦးသိန်းစိန်အစိုးရတက်ချိန်မှာ မိမိရေးသားချင်တာတွေရေးသားပြီး စာချစ်ပရိတ်သတ်တွေဆီကိုအရောက်ပို့ဆောင်နိုင်ပါပြီ ဘာပြောစရာကျန်မလည်းဆိုရင်တော့ ကျွန်တော်ဟာ ပြည်သားတစ်ဦးဖြစ်ပါတယ် ပြည်မြို့က မြို့သေးငယ်ပေမဲ့ ကလောင်လက်နက်တွေမသေးကြပါဘူး အနုပညာရှင်တွေအများကြီး ပြည်ကနေပေါက်ပွားခဲ့သူတွေများပါတယ် အဲဒိအတွက် ပြည်သားဖြစ်ရတာ ဂုဏ်ယူပါတယ် ဟု ပြည်လည်ဖြေကြားသွားခဲ့ပါသည်။
ပြည်သတင်း https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ် https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ https://www.facebook.com/groups/670687089615364
www.pyaynews.blogspot.comSee More

0 comments:
Post a Comment