Saturday, November 23, 2013

သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများနှင့်ပတ်သက်၍ တိုင်း/ဦးမှူး မှရှင်းလင်းဆွေးနွေး

1 comment
သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများနှင့်ပတ်သက်၍ တိုင်း/ဦးမှူး မှရှင်းလင်းဆွေးနွေး
     .......................................................................................................................

 ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ဥသျှစ်ပင်မြို့၊ရွှေပင်ရပ်ကွက်၊နာဂမုနိ  ဘုရားဓမ္မာရုံတွင်
၂၀၁၄ ခုနှစ် လူဦးရည် နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ များကိုဆောင်ရွက်
မည့် အချိန်သန်းခေါင်းစာရင်းကောက်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ၊သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများ
ကို ၂၁.၁၁.၂၀၁၃ ရက်နေ့ နေ့လည်(၂း၀၀)နာရီမှ (၃း၃၀)မိနစ်အချိန်ခန့်အထိ (၂၀၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အသိ
ပညာ ဗဟုသုတ)မျာကို  လ.၀.က မှ ဦးကိုကိုသော်(ဒုတိယ ညွှန်ကြားရေးမှုး) မှ တက်ရောက်လာ ပြည်သူများနှင့် အသင်းအဖွဲ့
များ ဌာနဆိုင်ရာများသို့ ရှင်းလင်းတင်ပြခဲ့ပြီး (စာဖတ်ခြင်းအကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက်)မြို့နယ်ဦးစီး(
ပြန်/ဆက်) ဦးသိန်းထွန်းမြင့် မှလည်း တက်ရောက်လာပြည်သူများ အသင်းအဖွဲ့များ ဌာနဆိုင်ရာများသို့ ဆွေးနွေးဟောပြောခဲ့
ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါ ပြည်သူများသို့ ဆွေးနွေးတင်ပြ ရှင်းလင်းပွဲကို ပန်းတောင်းမြို့နယ် သန်းခေါင်စာရင်ကော်မတီ
အဖွဲ့ဝင်များ၊ဥသျှစ်ပင်မြို့ ရွှေပင်ရပ်ကွက်၊ရတနာပုံရပ်ကွက်၊ပြည်တော်သာရပ်ကွက်အဆိုပါရပ်ကွက်များရှိ ရပ်ကွက်သန်းခေါင်စာရင်း
ကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေမိဘပြည်သူများ၊အသင်းအဖွဲ့အစည်းများ၊ဌာနဆိုင်ရာများနှင့် အဆိုပါပွဲသို့ စိတ်ပါ
ဝင်စားသူပေါင်းအင်အား(၁၅၀)ကျော်ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာမိဘပြည်သူများနှင့် အသင်းအဖွဲ့များမှ သိရှိလိုသော၊မရှင်း
လင်းသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဦးစီးဌာနမှုးမှ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့သည်။ အဆိုပါ
သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများနှင့် ရှင်းလင်းဆွေးနွေးပွဲကို ညနေ (၄း၀၀)မိနစ်အချိန်ခန့်တွင်အောင်မြင်စွာပြီးမြောက်သွားကြောင်း
သတင်းရရှိခဲ့ပါသည်။....(မှတ်ချက်...ဓါတ်ပုံအခက်အခဲဖြစ်သွားပါသဖြင့်မဖော်ပြနိုင်ခဲ့ပါ )

ပြည်သတင်း

https://www.facebook.com/pyaynews

1 comment:

  1. သတင်းပေးလို့ရမယ့်email လိပ်စာလေးပေးပါလား

    ReplyDelete

Facebook Like Page