Saturday, November 23, 2013

ဟီးနိုးကား လမ်းဘေးထိုးကျပြီး တိုက်မိသဖြင့် ဈေးဆိုင်အဆောက်အအုံ ပျက်စီး

Leave a Comment

ဇီးကုန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြောက်ဘက်သုံးမိုင်အကွာရှိ ၀က်စာပိုးကျေးရွာအုပ်စု ညောင်ဇင်ရွာထိပ် ရန်ကုန် - ပြည် ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) အကြားတွင် နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ပြည်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမြင့် (၂၈ နှစ်) သရက်တောလမ်း နတ်တလင်းမြို့နေသူ မောင်းနှင်လာသော ၂ဂ/... ဟီးနိုးမော်တော်ယာဉ်သည် အရှိန်မထိမ်းနိုင်ပဲ လမ်း ဘေး ထိုးကျသွားရာ ဇီးကုန်းမြို့နယ် ၀က်စာပိုးကျေးရွာအုပ်စု ညောင်ဇင်ရွာနေ ဈေးရောင်းသူ ဦးအောင်သိန်း (၆၂) နှစ်ကို ဝင်တိုက်မိသဖြင့် ဒဏ်ရာများရရှိသွား၍ ပြည်မြို့ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ်ပို့ထားပြီး ဈေးဆိုင်အဆောက်အအုံမှာလည်း ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဇီးကုန်းရဲစခန်းက အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MAL2411
Pyay City

0 comments:

Post a Comment

Facebook Like Page