Tuesday, October 15, 2013

ပြည်မြို့တွင် မိုင်းသတိ/မိုင်းအသိရှိရေး ပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ

Leave a Comment

ပြည် အောက်တိုဘာ (၁၅) ရက်

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူးမြင့်ဦး ၊ပြည်အမှတ်(၃)ရဲစခန်းစခန်းမှူး ရဲအုပ်စိုးလှိုင်ဦးတို့
ဦးဆောင်သောအဖွဲ့ သည် လတ်တလောဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများနဲ့ပတ်သက်၍
အသိပညာပေးဟောပြောပွဲကိုအောက်တိုဘာ(၁၅)ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်က
ခေတ္တရာမြို့သစ်ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးမြင့်ဦးက
ရန်ကုန်တိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီးတို့တွင်ယခုအခါဗုံးပေါက်ကွဲမှု များဖြစ်ပေါ်နေ
သည်ကိုသတင်းစာ ၊ဂျာနယ်များနှင့်သတင်းဌာနများက ပြည်သူများသိရှိအောင်
ချပြဆောင်ရွက်လျှက်ရှိပြီးဖြစ်ပါသည်။ထိုကြောင့်မိမိတို့ ရပ်ကွက်
ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာအထုပ် ၊ကဒ်ထူပုံး ၊နာရီ ၊ပုလင်း စသည့်ပစ္စည်းများတွေ့ရှိပါက
ဆွဲယူထိကိုင်ခြင်းများမပြုလုပ်ရန် ၊ထိုသို့သောမသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါကနီးစပ်ရာရဲစခန်း
အုပ်ချူပ်ရေးအဖွဲ့များထံ ချက်ခြင်း ဆက်သွယ်အကြောင်းကြားရန် ၊
၎င်းတွေ့ရှိမသင်္ကာပစ္စည်းမှပေါက်ကွဲမှုဖြစ်ပွားလာမည်ဆိုပါက ပတ်ဝန်းကျင်သို့ထိခိုက်
ပျက်စီးမှုမရှိစေရေး သဲအိတ် ၊သံပုံး ၊
ပေပါခွံ စသည့်ပစ္စည်းများနှင့်ဖုံးအုပ်ကာရံ ထားရှိရန် မသင်္ကာဖွယ်တွေ့ ရှိပစ္စည်းနေရာသို့
လူအများဝိုင်းအုံကြည့်ရှုခြင်းများ မပြုလုပ်နိုင်စေရေး နှင့်အန္တရာယ်ကင်းရှင်းစေရေး
အတွက်ကာကွယ်မှုများချက်ခြင်းပြုလုပ်ရန်စသည့် မိုင်းသတိ/မိုင်းအသိ ရှိရေးပညာပေးဟောပြောခဲ့ပြီးဟောပြောပွဲသို့တက်ရောက်လာသူများအား
မှုခင်းကျဆင်းရေး ၊ယာဉ်စည်းကမ်းလမ်းစည်းကမ်းလက်ကမ်းစာစောင်များဝေငှခဲ့
ကြောင်းသိရသည်။
ထိုဟောပြောပွဲသို့ ခေတ္တရာရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့် အဖွဲ့များ ၊ရပ်မိ ရပ်ဖများ ၊ဆိုင်ကယ်
ကယ်ရီအဖွဲ့များ ၊ကားလေး အမြန်ယာဉ် အဖွဲ့များ ၊ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား(၅၃)ဦးခန့်တက်ရောက်ကြောင်း သိရသည်။

ပြည့်သဲမောင်( ပြည် )


ပြည်သတင်း
https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364



0 comments:

Post a Comment

Facebook Like Page