Wednesday, October 2, 2013

ဒီမိုကရေစီက နုနု မုန်းတိုင်းက ထန်ထန်.................( ငါလိုယောင်္ကျားပြဿဒါးမရှိ )

Leave a Comment


ဒီမိုကရေစီက နုနု မုန်းတိုင်းက ထန်ထန်
======================

ရှေ့ကိုသွားလို့  နောက်ကိုပြန်

ဒို့ တိုင်းမဟန် ဒီမိုလှည်းကြိုး

ရှေ့ကသွားတော့ နောက်ကမလိုက်

မြန်မာတွေရဲ့  ဂွစရီုက်

အရိပ်လို လို့  သစ်ပင်စိုက်

အရင်းကနှုတ် မျိုးပါဖြုတ်

ရှေ့ကလုပ်တော့ နောက်ကအော်

ကိုယ့်ကိုကိုယ်ဖေါ် မသူတော်လူမျိုး

သူကလုပ်တော့ အကောင်းမမြင်

ငါ့ကလုပ်တော့ အရာမထင်

သူလုပ်တော့စား ငါ့မသနား

ခွထိုင်ပြောသူများ

ခေတ်သစ်ဒီမိုကရေစီ လမ်းကိုဖေါက်

လမ်းဖေါက်သူက နှစ်ယောက်လောက်

လျှောက်မဲ့သူက ဖုနဲ့ ဘောက်

ရှေ့ပြောမညီ နောက်ကလီ

ပါတီ ၀ါဒ ဘယ်ကစ

ပြည်သူ ဘ၀ ဘယ်ခါလှ

ပြည်သူလိုတ တောင်းတိုင်းရ

အိမ်မက်ထဲက ပြည်သူ့ ဘဝ

တယောက်ကဆို ရွှေဒီမို

တယောက်ကပြော လူ့ သဘော

လွှတ်လတ်ခွင့်လို့ ပွင့်လင်းဆို

ပြည်သူ့  ဒီမို ဘယ်သူပေးမလည်း

နုပျိုလှတဲ့ ဒီမိုကရေစီ

ပြည်သူတွေဆီ ဘယ်ချိန်ရောက်မလဲ

ရမရတော့ မပြောနိုင် ပြည်သူ့ ဟစ်တိုင်

မျက်ရည်မိုးဘဲ မုန်းတိုင်းထန်လို့ 

မျက်ရည်ဆို ပြည်သူငိုတာ ဘယ်သူမသိ

သွေးနုလှတဲ့ ဒီမိုကရေစီ

အာသမားတွေအောက် နစ်မြှပ်ကုန်ပေါ့

( ငါလိုယောင်္ကျားပြဿဒါးမရှိ )

0 comments:

Post a Comment

Facebook Like Page