Wednesday, October 2, 2013

---- ပုဂံ အလွမ်း---( ငါလိုယောင်္ကျားပြဿဒါးမရှိ )

Leave a Comment


---- ပုဂံ အလွမ်း---
===========

မြို့ ရိုး ပြသဒ် အုတ်ကျိုးလပ်နှင့်

ဘုရား ငုတ်တို ညောင်ပင်အိုနှင့်

စေတီအကျိုး ထီးအကျိုးနှင့်

ထနောင် ရှားပင် ကန္တာရပင်နှင့်

နွေကိုအံတု ဘုရား စုနှင့်

ပုဂံအလှ ပြိုကာကြသည်

နှောင်းလူ မြန်မာ ဥက္ခာနှင့်

ညှိုးနွမ်း ရိုင်းကြွေ ပုဂံမြေ

ထလော ပုဂံ - ပုဂံထလော

သမိုင်းတောမှာ နှစ်မြှပ် ယိုင်နဲ့ 

ပုဂံ ရဲ့ လို့  ဆိုရမလား ပေါက်ကံသားတို့ 

ပုဂံ ပြိုလဲ အိုခြမ်းကွဲက

သမိုင်းကိုဆို ပြလို့  ငိုရ

အို -- ပုဂံထလော ထလောပုဂံ

သမိုင်းနွမ်းနစ် ကျွန် စနစ်မှာ

ပုဂံ ပြိုကွဲ ယိုင်ကာလဲလို့ 

သမိုင်းက ငို ပုဂံပြိုခဲ့

ဒို့ ဘိုး ဒို့ ဖွါး ထားခဲ့ ပုဂံ

မြန်မာ့ဟန်ကို ပေါ်လွန်ထင်းရှား

သမိုင်းများက ရာဇကုမာန်

ကျောက်စာဟန်က

ဘာသာ သုံးမျိုး စာကိုထိုးလို့ 

မနိမ့်ပညာ ပြဟန်ဆိုခဲ့

အို ပုဂံရယ် ပေါက်ကံ ပြည်ကြီး ရှင်မထီးနှင့်

အနော် ရထာ ကျန်းစစ်သား

အလောင်းစည်သူ မင်းလိးမူခဲ့

ဒို့ ခေတ် ဒို့ အချိန် သမိုင်းမှိန်က

ရာဇ၀င်ရှိုင်း ထင်ရာစိုင်းလျှင်

ပုဂံ ပျက်ရ ရိုးပြာကြ

ခေတ်ပြောင်း စနစ် ပညာသစ်ဖြင့်

ရာဇ၀င်ငို သမိုင်းပြိုတဲ့

ငါတို့ ပုဂံ ထပါတော့လား ထလောလား

( ငါလိုယောင်္ကျားပြဿဒါးမရှိ )

0 comments:

Post a Comment

Facebook Like Page