Wednesday, October 2, 2013

ပြည်မြို့ ၊ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ဗုဒ္ဓ ပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲကျင်းပမည်

Leave a Comment
ပြည်မြို့ ၊ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ဗုဒ္ဓ ပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲကျင်းပမည်
*******************************************

၁။ ၁၃၇၅ ခုနှစ်၊ ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဗုဒ္ဓပူဇနိယ
တန်ဆောင်တိုင်ပွဲတော်နှင့် (၁၄၄)ကြိမ်မြောက် မြတ်စွယ်တော်အပူဇော်ခံပွဲကို (၁၃၇၅
ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်) ၁ဝ-၁၁-၂ဝ၁၃ ရက်မှ (တန်ဆောင်မုန်းလပြည့်
ကျော် ၂ရက်) ၁၉-၁၁-၂ဝ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။
၂။ ပွဲတော်ဆိုင်ထွက်လိုသူ မိတ်ဟောင်းများသည် ယမန်နှစ်ဖြတ်ပိုင်းနှင့် သတ်မှတ်သည့်
ဆိုင်ခန်းခငွေများကို (သီတင်းကျွတ်လပြည့်ကျော် ၈ ရက်) ၂၇-၁ဝ-၂ဝ၁၃ရက် မှစ၍ရောင်းချ
မည်ဖြစ်ပြီး(သီတင်းကျွတ်လပြည့်ကျော် ၁၄ရက်) ၂-၁၁-၂ဝ၁၃ရက် နောက်ဆုံးထား၍
ပေးသွင်းရန်နှင့် မိတ်သစ်များအား (တန်ဆောင်မုန်းလဆန်း ၁ရက်) ၃-၁၁-၂ဝ၁၃ရက်မှ
စ၍ နေရာချထားပေးထားမည်ဖြစ်ပါသည်။

အသေးစိတ်သိလိုသူများ ဂေါပကအဖွဲ့ရုံး၊ အောက်ဖော်ပြပါဖုန်းသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန် ဖုန်း-ဝ၅၃-၂၅၁၈ဝ၊ ဝ၅၃-၂၅ဝ၃၅

[အခြားမြို့နယ်များသို့ အလှူခံ မစေလွှတ်ပါ။]

ဂေါပကအဖွဲ့၊ ပြည်မြို့။

Pyay City

0 comments:

Post a Comment

Facebook Like Page