Monday, September 30, 2013

Leave a Comment


သတင်းထောက်ကဒ်ပြားအတု ကိုင်ဆောင်ထားပြီး ခြိမ်းခြောက်ငွေတောင်သောလူတစ်စုကို ဖော်ထုတ်ဖမ်းဆီးပေးနိုင်ပါရန် အကူအညီတောင်းခံတင်ပြခြင်း
************************************************
29.9.2013

"ရှုထောင့်" MEDIA GROUP
သတင်းမီဒီယာရုံး(ရုံးချုပ်...ရန်ကုန်မြို့)

၁။   ။မှုခင်းကျဆင်းရေးနှင့် သတင်းထုတ်ပြန်ရေးကော်မတီဆိုသည်မှာ မရှိတော့သဖြင့် မှုခင်းကျဆင်းရေး၊သတင်းထုတ်ပြန်ရေးကော်မတီ၊မှုခင်းကြိုကာ၊မှုခင်းကျဆင်းရေးစီမံချက်ဆိုသည့် စကားလုံးများကို
သတင်းထောက် စိစစ်ရေးကဒ်ပြားပေါ်၊ဆိုင်းဘုတ်ပေါ်၊သတင်းထောက်ဝတ်စုံများပေါ်တွင် တပ်ဆင်အသုံးမပြုရန် သက်ဆိုင်ရာမှ အကြိမ်ကြိမ်ညွှန်ကြားထားပြီးဖြစ်ပါသည်။

၂။   ။"ရှုထောင့်" MEDIA GROUP အဖွဲ့သည် မှုခင်းဂျာနယ်များ၊မှုခင်းမဂ္ဂဇင်းများ၊အထွေထွေသတင်းလွှာစာစောင်များ၊ပဲခူးတိုင်းဒေသကြီး သတင်းမြင်ကွင်းစာစောင်၊ပဲခူးတိုင်းဒေသကြီး လွှတ်တော်စာစောင်များ၊
ထုတ်ဝေဖြန့်ချီနေသော မီဒီယာအဖွဲ့ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ မီဒီယာရုံးခွဲများပြားစွာ ဖွင့်လှစ်ထား၍ မီဒီယာအဖွဲ့ဝင်အင်အား(၁၄၀၀)ကျော်ရှိသော မီဒီယာအဖွဲ့ကြီးတစ်ခုဖြစ်ပါသည်။ "ရှုထောင့်" MEDIA GROUP
၏ မီဒီယာအဖွဲ့ဝင်များကိုလည်း (S.H)တံဆိပ်ပါသော မီဒီယာအဖွဲ့ဝင် အသိအမှတ်ပြုကဒ်ပြားကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။

၃။   ။ယခုအခါ သတင်းထောက်စိစစ်ရေးကဒ်ပြားများပေါ်တွင် အများပြည်သူများအား ခြိမ်းခြောက်ရန်ရည်ရွယ်၍ အသုံးမပြုရန် ညွှန်ကြားထားသော "မှုခင်းကျဆင်းရေးကော်မတီ၊သတင်းထုတ်ပြန်ရေးကော်မတီ" ဟူသော
စကားလုံးများကို ရေးသားထားသောသတင်းကဒ်ပြားအတုများကို ကိုင်ဆောင်ပြီးခြိမ်းခြောက်ငွေတောင်းသော လုပ်ရပ်များကို မသာမာသူလူတစ်စုမှ ပြုလုပ်နေပါကြောင်းသိရပါသည်။

၎။   ။နိုင်ငံတော်ပိုင် ကျွန်းသစ်များကို ခိုးယူခုတ်ပိုင်း သယ်ဆောင်ပါကြောင်း တိုင်ကြားခြင်းခံရသော သတင်းထောက်များ၊ဌာနဆိုင်ရာအဖွဲ့အစည်းများကို မဟုတ်မမှန်လုပ်ကြံတိုင်ကြားသူ သတင်းထောက်များ၊ ပညာအရည်
အချင်း (၅)တန်းသာရှိပြီး သတင်းမရေးတတ်ဘဲ(စာမတတ်ဘဲ)သတင်းထောက်ကဒ်ပြားများနှင့် ဆက်သွယ်ရေးစက်(စကားပြောစက်)များကိုင်ဆောင်ပြီး အနိုင့်ကျင့်သူ သတင်းထောက်များ၊ပြည်သူလူထု နှင့် ဌာနဆိုင်ရာအဖွဲ့
အစည်းများကို ခြိမ်းခြောက်ငွေတောင်းသော သတင်းထောက်များ၊ရဲအယောင်ဆောင်၊S.P အယောင်ဆောင်သဖြင့် ထောင်ကျသူများ "ရှုထောင့်" MEDIA GROUP မှစိစစ်ဖော်ထုတ်ပြီး အပြီးအပိုင်ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။

၅။   ။"ရှုထောင့်" MEDIA GROUP အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သော ပညာအရည်အချင်း ၅/တန်း ၆/တန်းသာရှိသူတစ်ဦးသည် တရားမ၀င် ဆက်သွယ်ရေးစက်ကိုင်ဆောင်၍ ပဲခူးတိုင်းဒေသကြီး(နောက်)အတွင်း လှည့်လည်
သွားလာပြီး  "ရှုထောင့်" MEDIA GROUP အဖွဲ့မှ ထုတ်ပယ်ခဲ့သူများကို လိုက်လံစည်းရုံး၍ မီဒီယာအဖွဲ့ ဖွဲ့ရန် ကြိုးစားနေကြောင်း ကြားသိရပါသဖြင့် တရားမ၀င် ဆက်သွယ်ရေးစက်ကိုင်ဆောင်မှုဖြင့် အရေးယူနိုင်ပါရန် အသိ
ပေးတင်ပြအပ်ပါသည်။

၆။   ။"ရှုထောင့်" MEDIA GROUP မှ မီဒီယာအဖွဲ့ဝင်(သတင်းထောက်အဖွဲ့)များအားလုံးသည် (S.H)တံဆိပ်ပါသော "ရှုထောင့်" MEDIA GROUP  ၏သတင်းထောက်ကဒ်ပြားများကိုသာ  ကိုင်ဆောင်၍ မီဒီယာလုပ်ငန်းများကို
ကျယ်ပြန့်စွာ ဆောင်ရွက်လျှက်ရှိပါသည်။

၇။   ။သို့ဖြစ်ပါ၍ သတင်းထောက်ကဒ်ပြား အတုများကို ကိုင်ဆောင်ထားပြီး ခြိမ်းခြောက်ငွေတောင်းသောလုပ်ရပ်များကို ကျူးလွန်သော မသမာသူလူတစ်စုမှာ "ရှုထောင့်" MEDIA GROUP အဖွဲ့မှ လုံးဝမဟုတ်ပါကြောင်း နှင့် သ
တင်းထောက်ကဒ်ပြားအတု ကိုင်ဆောင်ထားသူများကိုလည်း ဖော်ထုတ်ဖမ်းစီးပေးနိုင်ပါရန် အကူအညီတောင်းခံတင်ပြအပ်ပါသည်။  

                                                                                                                                                                                       ဦးသက်နိုင်ဦး(အယ်ဒီတာချုပ်)  MANGING DIRECTOR
                     "ရှုထောင့်" MEDIA GROUP

ယခုတင်ပြပါ မိတ္ထူကို ...

သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး
"ရှုထောင့်" MEDIA GROUP ၏အနယ်နယ်အရပ်ရပ်ရှိ ရုံးခွဲများအားလုံး
ရုံးလက်ခံ

များပေးပို့ထားပါကြောင်း သတင်းရရှိခဲ့ပါသည်။    ။ပြည်သတင်း....

0 comments:

Post a Comment

Facebook Like Page