Wednesday, October 2, 2013

ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး အသိပေးနှိုးဆော်စာ

Leave a Comment
ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး အသိပေးနှိုးဆော်စာ
***************************************************

၁။ ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ တောင်ဘက် စောင်းတန်းတော်ကြီးသည် စောင်းတန်းတိုင်များအတွင်းရှိ သံချောင်းများ သံချေးတက်၍ သံပွတက်လာပြီး အင်္ဂတေများ ကွဲအက်လာခြင်း၊ အမိုးသွပ်ပြားများ ဟောင်းနွမ်းပေါက်ပြဲလာခြင်း၊ အမိုးသွပ်ပန်းများ ဆွေးမြေ့ပျက်စီးလာခြင်းတို့ကြောင့် ပြုပြင်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။
၂။ ဂေါပကအဖွဲ့သည် သြဝါဒါစရိယဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် တောင်ဘက်စောင်းတန်းကြီးကို ပြန်လည်ပြုပြင်တော့မည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ မူလကုသိုလ်ရှင်များသည် တောင်ဘက်စောင်းတန်းကြီး ပြုပြင်ရန် စွမ်းနိုင်သမျှ ကုသိုလ် ဆက်လှူဒါန်းနိုင်ကြရန် အသိပေး နှိုးဆော်အပ်ပါသည်။
၎။ ကုသိုလ်ဆက်လှူဒါန်းမည်ဆိုပါက ၁ဝ-၁ဝ-၂ဝ၁၃ရက် နောက်ဆုံးထား၍ ဂေါပကအဖွဲ့ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် ဖုန်း-ဝ၅၃-၂၅၁၈ဝ၊ ဝ၅၃-၂၅ဝ၃၅

ဂေါပကအဖွဲ့၊ ပြည်မြို့။
Pyay City

0 comments:

Post a Comment

Facebook Like Page