Tuesday, September 10, 2013

ပြည်မြို့ ပရဟိတအသင်းသားများမှ ဦးကျော်သူ၏ပုံတူရုပ်ထု အား ကြိုဆိုဂုဏ်ပြုခဲ့ကြ

Leave a Comment

ပြည်မြို့ ပရဟိတအသင်းသားများမှ ဦးကျော်သူ၏ပုံတူရုပ်ထု အား ကြိုဆိုဂုဏ်ပြုခဲ့ကြ
******************************************************
စက်တင်ဘာ(၅)ရက် နေ့တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာမှ သယ်ဆောင်လာသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဌ ဦးကျော်သူ ၏ ပုံတူစကျင်ကျောက်ရုပ်တုသည် ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့သို့
စက်တင်ဘာ(၅)ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ အဆိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဌ ဦးကျော်သူ ၏ ပုံတူစကျင်ကျောက်ရုပ်တုကို ပြည်မြို့ထဲသို့သယ်ဆောင်လာရာလမ်းကြောင်းမှာ ပြည်မြို့ အ၀င်
မှ သံတစ်ချောင်းလမ်း၊လမ်းမတော်လမ်း၊ဗိုလ်ချုပ်လမ်း၊မှ ရွှေပေါက်ပင်ဘုန်းကြီးကျောင်းသို့သွားရောက်ခါ အဆိုပါရွှေပေါက်ပင်ဘုန်းတော်ကြီးကျောင်းတွင် (၁)ညတာတည်းခိုခဲ့ပြီးကြောင်းသတင်းရရှိခဲ့ပါသည်။အဆိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဌ
ဦးကျော်သူ ၏ ပုံတူစကျင်ကျောက်ရုပ်တု ကို သွားရောက်ကြိုဆိုသော ပြည်ခရိုင်အတွင်း မှ မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်းများအသင်း (ပြည်)၊ ပရဟိတအဖွဲ့ နှင့် ပဒေသာလူငယ်အဖွဲ့(တီတွဒ်)၊နာရေးကူညီမှုအသင်း(ပေါင်းတလည်)တို့က အင်အား
(၅၀)ကျော် ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။၎င်းပုံတူရုပ်တု မှာအမြင့်(၃၁)လက်မ၊အကျယ်(၃၀)လက်မ ရှိပြီးအလေးချိန်ကို မခန့်မှန်းတတ်ကြောင်း အဆိုပါရုပ်တုကို နေ့ရော ညပါမပျက်ထုတ်လုပ်ခဲ့ရာကို (၂)လကျော်ကြာခဲ့ကြောင်း ပရဟိတအလှုရှင်များ၏ ဆန္ဒဖြင့်
ထုလုပ်ခဲ့ကြောင်း စကျင်ကျေးရွာရှိ အမေ့အိမ် ပန်းတမော့၊ပန်းပုလုပ်ငန်းရှင်မှ ပြည်သတင်းသို့ဖြေကြားခဲ့ပြီး ၄င်းရုပ်တုပုံတူကို စက်တင်ဘာ(၆)ရက်နေ့ မနက်(၆း၃၀)အချိန်တွင် ပြည်မြို့ မှ ပြန်လည်ထွက်ခွာသွားမှာဖြစ်ပြီး ပြည်/ရန်ကုန် ကားလမ်းမကြီးအတိုင်း
ထွက်ခွာသွားမည်ဟုလည်းသိရှိခဲ့ပါသည်။ အဆိုပါ ပြည်/ရန်ကုန် ကားလမ်းမကြီးတစ်လျှေက်တွင်လည်း မြို့နယ်တိုင်း ရှိပရဟိတ လှုမှုရေးအသင်းများမှာလည်းဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း မှော်ဘီ တွင်ညအိမ်ရပ်နားပြီး စက်တင်ဘာ(၇)ရက်နေ့တွင်တော့
ရန်ကုန်မြို့သို့ သယ်ဆောင်သွားပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးသို့သယ်ဆောင်သွားမည်ဟုသတင်းရရှိခဲ့ပါသည်။အဆိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဌ ဦးကျော်သူ ၏ ပုံတူစကျင်ကျောက်ရုပ်တု ကိုလည်း ဂုဏ်ပြုထားသော စကျင်ကျောက်ပြား
တစ်ချပ်လည်းပါလာခဲ့ပါသည် အဆိုပါစကျင်ကျောက်စာချပ်တွင် ရေးသားထားသော စာသားများမှာ...(ပရဟိတ ဇာနည်ဘွား....ဒို့များရင်ဝယ်၊ကြာလည်းမမေ့၊ရှာလည်းမတွေ့၊ငါလည်းတနေ့....(စော်ရဲ)...)ဟူသောစာများရေးသားထားကြောင်းသတင်းရရှိခဲ့ပါသည်။
ပြည်သတင်း.....နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဌ ဦးကျော်သူ ၏ ပုံကိုတုလုပ်ခဲ့သောပန်းပုဆရာပုံ(ယာဘက် ဒေါင့်)

0 comments:

Post a Comment

Facebook Like Page