Wednesday, July 16, 2014

ကြောင်ကြာကြာရေငုတ်နိုင်သလား သရ၀ဏ်(ပြည်)

Leave a Comment
ကြောင်ကြာကြာရေငုတ်နိုင်သလား

သရ၀ဏ်(ပြည်)

ယခုတလော ကြားရမြင်ရတာတွေကနိုင်ငံတော်အတွက်အားရစရာမရှိ ။ ငါ.စကားနွားရ ၊ငါ.မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက် ၊ငါ.လှေငါထိုးပဲခူးရောက်ရောက် ၊ စကားစကားပြောပါများစကားထဲကဇာတိပြ ၊ မင်းသားခေါင်းဆောင်းထားတဲ.ဘီလူး၊ ဘယ်သူသေသေ ငတေမာပြီးရော၊ မျက်နှာကြီးရာဟင်းဖတ်ပါ ၊ မြေနိမ်.ရာလှံစိုက် ၊ လက်သင်.ရာစားတော်ခေါ် ၊ ဒီပုတ်ထဲကဒီပဲ၊ အပြောတစ်မျိုးအလုပ်တစ်မျိုး ၊အပြောရွှေမန်း အကချိုမိုင်မိုင် စသည်.မြန်မာစကားပုံများ အသက်ဝင်လာသော ကာလဖြစ်သည် ။ သမ္မတကြီးဦးသိန်းစိန် သမ္မတတာဝန်စတင်တာဝန်ယူစဉ်က တိုင်းပြည်သို.ပြောခဲ.သော မိန်.ခွန်းများ ၊ ပေးခဲ.သောကတိများကြောင်. တာဝတိံသာသို.တက်ခဲ.သော အစိုးရ၏ ဂုဏ်သိက္ခာသည် ယခုအခါ အ၀ီစိ အထိကျဆင်းသွားပေပြီ ။ မြန်မာနိုင်ငံသားတော်တော်များများသည် သမ္မတကြီး၏ မိန်.ခွန်းများကိုမည်သူကမျှအလေးအနက်ထားကာနားမထောင်ကြတော. ။ နားရှိ၍ ကြားရပါလျင်လည်း မည်သူကမျှ ယခင်လိုမျှော်လင်.ချက်ကြီးကြီးမားမားမထားကြတော. ။ Gone with the wind ဆိုသော စာအုပ်လို ၊ရုပ်ရှင်လို လေနှင်.လာ၍ လေမှာပျောက်ကွယ်သွားတော.မှာကိုသဘောပေါက်နေကြပြီဖြစ်သည် ။ ကျွန်တော်အပါအ၀င်အချို.အကောင်းမြင်စိတ်တော်တော်ရှိသူများသည် သမ္မတကြီးဦးသိန်းစိန်အစိုးရတက်လာပြီး (၂) နှစ်လောက်ကြာသည်အထိ အကောင်းမြင်စိတ်နှင်.ဘာတွေများပြုပြင်ပြောင်းလဲတော.မလဲဟု မျှော်တလင်.လင်.နှင်.စောင်.စားနေခဲ.မိပါသည် ။ အဆိုတော်စိုးပိုင်၏ “ တစ်နေ.တော.ဖြစ်လာမှာပါ “ ဆိုသည်.သီချင်းထဲကလို တစ်နေ.သော်ပေါ်လာနိုးနှင်.ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို.ဦးတည်သောပြုပြင်ပြောင်းလဲရေးများကိုစောင်.စားခဲ.ကြပါသည် ။

သို.သော်အပြောင်းအလဲများကား နှေးကွေးလှသည် ။မြစ်ဆုံစီမံကိန်းကိုပြည်သူလူထု၏ဆန္ဒနှင်.မကိုက်ညီ၍ မိမိအစိုးရသက်တမ်းအတွင်းဆက်လက်မဆောင်ရွက်ပဲ စီမံကိန်းရပ်တန်.ထားမည်ဖြစ်ကြောင်း ဖော်ထုတ်ကြေငြာ ခဲ.သည်.နောက်ပိုင်းတွင် သမ္မတဦးသိန်းစိန်ထံမှ ထူးခြားသော ပြုပြင်ပြောင်းလဲမှုတို. လုံးဝပေါ်မလာတော.ပဲ ပုံမှန် မှန်တန်းသာကာလအတန်ကြာအောင်ပြန်ဖြစ်သွားသည် ။ ရဲရင်.ပြတ်သားသောဆုံးဖြတ်ချက်များလည်း ထပ်မကြားရတော.ပေ ။အမှန်စင်စစ် မြန်မာနိုင်ငံသည် အမှောင်ခေတ်မှ ရုန်းထွက်ကာအလင်းခေတ်ဆီသို.ချီတက်နေရသောအကူးအပြောင်းဖြစ်ရာ သမ္မတအနေနှင်. ချက်ချင်းလက်ငင်းလုပ်စရာကိုင်စရာ ၊ ပြုပြင်ပြောင်းလဲစရာကိစ္စများ မှာ (လုပ်ချင်စိတ်ရှိပါက) တောင်ပုံရာပုံမက ရှိနေမည်ဖြစ်သည် ။ မလုပ်ချင်မကိုင်ချင်သောအခါ ဘာမှထူးခြားသောခြေလှမ်းကိုမမြင်ရပေ ။ ဥပမာအရေးတကြီးကိုင်တွယ်ရမည်.ကိစ္စများဖြစ်သော ဥပဒေအထက်တွင် လူပုဂ္ဂိုလ်အချို.ရှိနေသေးခြင်းကိစ္စ ၊ လာဘ်ပေးလာဘ်ယူမှုဖြင်.တစ်နိုင်ငံလုံး ပျက်စီးနေသည်.ကိစ္စ ၊ လူတစ်ဦးချင်းဝင်ငွေ ကမ္ဘာတွင်အနိမ်.ကျဆုံးနိုင်ငံ များစာရင်းတွင်ပါဝင်နေပြီး အိမ်ဈေးမြေဈေးများ ကမ္ဘာတွင်ဈေးအကြီးဆုံး(၅)နိုင်ငံထဲတွင်ပါဝင်နေသည်.ကိစ္စ ၊ တရားစီရင်ရေးတွင် အုပ်ချုပ်ရေးမဏ္ဍိုင်က၀င်ရောက်စွက်ဖက်နေသောကိစ္စ ၊ စစ်တပ်မှအရာရှိများအရပ်ဘက် ဗျူရိုကရေစီယန္တယားတွင် စွန်.ပစ်အမှိုက်ပုံသဖွယ်ဝင်ရောက်နေရာယူနေသောကိစ္စ ၊ အာဏာပိုင်တို.နှင်. နီးကပ်စွာပါတ်သက်ဆက်ဆံနေသောခရိုနီ လုပ်ငန်းရှင်ကြီးများ အခွန်မဆောင်ပဲအချောင်ခိုနေသောကိစ္စ ၊ တောင်သူလည်သမားများ၏ လယ်ယာမြေများ အဓမ္မအသိမ်းခံနေရသောကိစ္စ ၊ဆင်းရဲသားပြည်သူများအတွက်ကျန်းမာရေးစောင်.ရှောက်မှု မရှိသလောက်ဖြစ်နေသောကိစ္စ ၊ အများပြည်သူအတွက်သယ်ယူပို.ဆောင်ရေးစနစ် ( Public Transport ) အလွန်ညံ.ဖျင်းနေခြင်းကိစ္စ ၊ သဘာဝသစ်တောနှင်.သယံဇာတများတရုတ်ပြည်သို.မှောင်ခိုလမ်းကြောင်းမှ အလွန်အကျွံခိုးထုတ်နေကြသည်.ကိစ္စ၊စသည်ဖြင်. သေရေးရှင်ရေးလိုအပ်ချက်များစွာရှိနေပေသည် ။
အစိုးရသည်ထောင်.စုံဘက်စုံမှ လိုအပ်ချက်များကိုခရေစေ.တွင်းကျအားလုံးသိနိုင်မည်မဟုတ် ။ထိုအခါ စာ ၊နယ်၊ ဇင်းဟူသော သတင်းစာ ဆောင်းပါးများက နိုင်ငံ၏လိုအပ်ချက်ကွက်လပ်များကိုမီးမောင်းထိုးပေးသည် ။ ထို.ကြောင်.လည်း ဒီမိုကရေစီ အုပ်ချုပ်ရေးတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်နှင်.အတူ သတင်းစာလောကကိုတန်းတူထားကာ တိုင်းပြည်၏လေးခုမြောက်ဒေါက်တိုင်အဖြစ် တင်စားပြီး စတုတ္ထမဏ္ဍိုင်ဟု လေးလေးစားစားခေါ်ကြခြင်းဖြစ်သည်။ဦးသိန်းစိန်အစိုးရစတက်လာကာစကစတုတ္ထမဏ္ဍိုင်ကိုလေးစားတန်ဖိုးထားကြောင်းပြောခဲ.သည် ။ မီဒီယာများနှင်.လက်ပွန်းတနှီး တွေ.ဆုံခဲ.သည် ။ စာနယ်ကောင်စီ (ယာယီ )ကိုဖွဲ.ပေးခဲ.သည် ။သို.သော် ထိုလုပ်ရပ်များမှာ ကလေးကိုမုန်.ကျွေး၍အချိုသပ်နေသောလုပ်ရပ်များနှင်.တူနေကြောင်းယခုအခါ ပေါ်လာပြီဖြစ်သည် ။ D.V.B သတင်းထောက်ကိုဖမ်းဆီးထောင်ချသည် ။ Eleven Media Group မှ လွိုင်ကော်မြို. သတင်းထောက်ကို ပိုင်နက်ကျူးလွန်မှုဖြင်.အမှုစွဲကာ သတင်းမလိုက်ရဲအောင်ပြစ်ဒဏ်ပေးသည် ။ ပေါက်မြို.မှလက်နက်စက်ရုံကို ဓာတုလက်နက်စက်ရုံဟု ရေးသားခဲ.သော ယူနတီဂျာနယ်အယ်ဒီတာချုပ်နှင်. သတင်းထောက်များကို အသားရေဖျက်မှု ၊ ပိုင်နက်ကျူးလွန်မှုစသော ပုဒ်မများဖြင်.တရားစွဲ၍ ရပါလျက် ထောင်နှစ်ရှည်ချနိုင်ရန် ပို၍အပြစ်ကြီးသော နိုင်ငံတော်လျှို.၀ှက်ချက်များပေါက်ကြားမှုဟူသောအင်္ဂလိပ်ခေတ်က ဥပဒေအဟောင်းကြီးဖြင်. တရားစွဲဆို ထောင်ဒဏ် (၁၀)နှစ်ချခဲ.သည် ။ Bi မွန်းတည်.နေ ဂျာနယ် အယ်ဒီတာများ၊သတင်းထောက်များကို တရားမစွဲပဲ ဖမ်းဆီးချုပ်နှောင်ထားသည် ။ သမ္မတကြီး နှင် . သဘင် ၊ ဂီတ၊ရုပ်ရှင် ပညာရှင်များတွေ.ဆုံပွဲသတင်းတွင် ကိုယ်.ပါးစပ်ကိုယ် ပိတ်ကာ ကင်မရာများချ၍ ဆန္ဒပြခဲ.ကြသော သတင်းထောက်များကို ပုဒ်မ (၁၈)ဖြင်.တရားစွဲသည် ။ ဂျာနယ်အယ်ဒီတာများကို အထူးသတင်းတပ်ဖွဲ. ( S.B ) ကခေါ်၍မေးမြန်းစစ်ဆေးသည်။အရာရာသည်စာနယ်ဇင်းလွတ်လပ်ခွင်.ကိုထိပါးလျက်အာဏာရှင်ခေတ်သို.ပြန်လည်ချီတက်လျက်ရှိသည် ။ စာပေစိစစ်ရေး မရှိတော.တာတစ်ခုကလွဲလျင် ဖိနှိပ်မှုများမှာ ယခင်ကထက်ပြင်းထန်လာပါသည် ။

သို.စင်လျက် သမ္မတကြီးကမြန်မာနိုင်ငံမှာ အရှေ.တောင်အာရှတွင်စာနယ်ဇင်းလွပ်လပ်မှုအရှိဆုံးဟု ကြွားဝါသေးသည် ။ ၂၀၁၄ တွင် ကမ္ဘာပေါ်၌ ဂျာနယ်လစ်များကိုထောင်အချဆုံးနိုင်ငံစာရင်းကောက်လျင် မြန်မာနိုင်ငံသည် ထိပ်ဆုံး အဆင်. (၁) မှ အဆင်.(၅) အတွင်းဝင်ပေလိမ်.မည် ။ ဤကဲ.သို.အခြေအနေ၌ အစိုးရ၏ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေပါသည်ဆိုခြင်းမှာ အမဲသားကောင်ဖမ်းဆီးမရသဖြင်. ဥပုသ်စောင်.ပါတော.မည်ဟု လူကြားကောင်းအောင်ဟန်ဆောင်နေသောကျားကြီးတစ်ကောင်ကဲ.သို.ဖြစ်ပေလိမ်.မည် ။ ထိုကျား၏သီလကိုသိလို၍ သိကြားမင်းက ဆိတ်တစ်ကောင်အဖြစ် ဟန်ဆောင်ပြီး ဥပုသ်စောင်.သောကျားအနီးသို.သွားနေရာ ကျားက ပိုင်ပြီဟုထင်ပြီးခုန်အုပ်သောအခါ ဆိတ်အသွင်ကွယ်ပျောက်ပြီးသိကြားအသွင်ပြသောကြောင်. ကျား၏ အယောင်ဆောင်ဥပုသ်သီလမှာမဖုံးနိုင်မဖိနိုင်ဖြစ်ပြီးအရှက်ကွဲခဲ.ရဘူးသည် ။

ယခုလည်း ဒီမိုကရေစီသို.ဦးတည်သွားနေပါသည်ဟူသည်. မိဘပြည်သူများခင်ဗျားဟူသော အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး ၊တရားစီရင်ရေးတို.သည် အာဏာရှင်လက်ထက်ကအပြုအမူများဖြစ်သော လက်ပန်းတောင်းတောင်သပိတ်စခန်းကို ညနက်သန်းခေါင် အလစ်အငိုက်ဝင်၍ စီးနင်းတိုက်ခိုက်သဖြင်. သပိတ်စခန်းတွင်ရှိနေသောလက်နက်မဲ. ရဟန်းသံဃာတော်များ မီးလောင်ဒဏ်ရာများပြင်းထန်စွာရခဲ.ခြင်း၊ ရန်ကုန်မြို. မဟာဗန္စုလပန်းခြံလမ်း(ဘားလမ်း) တွင်သပိတ်စခန်းဖွင်.ကာ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးဆန္ဒပြနေကြသည်. မိကျောင်းကန်ရပ်ကွက်မှပြည်သူများကို ညသန်းခေါင်အချိန်တွင်စည်ပင်ဝန်ထမ်းများက စွမ်းအာရှင်လူမိုက်များ ကိုပါအပါခေါ်လာ၍ သပိတ်စခန်းကိုအင်အားသုံးဖျက်ဆီးသဖြင်. သပိတ်စခန်းမှလူများထိခိုက်ဒဏ်ရာရကြခြင်း ၊ သမီးလေးကျေးရွာ ကို ကျူးကျော်အဖြစ်သတ်မှတ်ကာ အိမ်များကိုဘူဒိုဇာမြေထိုးစက်ဖြင်.ဖြိုချဖယ်ရှားခြင်း ၊ ကျေးရွာအဖျက်ခံရ၍ D.K.B.A အဖွဲ.ခေါ်ဆောင်ရာလိုက်ပါလာသူရွာသားများကို ကရင်ပြည်နယ်အ၀င်တွင်ဝန်ကြီးချုပ်အမိန်.ဖြင်.၀င်ရောက်ခွင်.မပေးခြင်း ၊ လှိုင်သာယာတွင်ကျူးကျော်အိမ်ရာများကိုအင်အားသုံးဖယ်ရှားရာတွင် နိုင်ငံ.၀န်ထမ်းမဟုတ်သော စွမ်းအားရှင်လူမိုက်များကိုပါဝင်ရောက်ဖျက်ဆီးစေခြင်း ၊ ပြည်မြို.တွင် န၀ဒေးတံတားအောက်တွင် ချိန်းတွေ.သော သမီးရည်းစားစုံတွဲတွင် ယောက်ကျားလေးကိုသတ်ဖြတ်ပြီး ၊မိန်းကလေးကိုသေလုမျောပါးရိုက်နှက်ပြီး လူသတ်လုယက်မှုကျူးလွန်ခဲ.ကြသော တပ်မတော်သားသုံးဦးကို တပ်မတော်ကရဲစခန်းမှပြန်ခေါ်သွားပြီး အမှုမှတရားသေလွှတ်ပစ်ခြင်း ၊ အင်းလျားလမ်းမီးပွိုင်.တွင်တာဝန်ကျနေသောယာဉ်ထိမ်းရဲသားအား မီးနီကို မီးစိမ်းပြောင်းမပေးမှုဖြင်. ယခင်တပ်ချုပ်ကြီးဟောင်း၏မြေးဖြစ်သူမှ နေအိမ်သို.ခေါ်ယူရိုက်နှက်ခဲ.ခြင်း စသည်. အာဏာရှင်ခေတ်ကလိုအဖြစ်အပျက်များဆက်တိုက်ဖြစ်လာခဲ.ပေသည် ။ တိုင်ပြည်သည် ဒီမိုကရေစီ စနစ်ဖြင်.ပြည်သူ.အုပ်ချုပ်ရေးစနစ်ကိုသွားနေပါသည်ဆိုသော်လည်း ပြည်သူကိုအုပ်ချုပ်သူ တစ်စုကအနိုင်ကျင်.နှိပ်စက်မှုများတရားလက်လွတ်ဖြစ်နေခဲ.ပါသည် ။ တရားစီရင်ရေးမဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်ကိုမတို.ရဲမထိရဲဖြစ်နေပါသည် ။ ကျွန်တော်တို.အစိုးရပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုတတိယအဆင်. ( Third Wave ) အဖြစ်အရှိန်အဟုန်မြှင်.ကာဆောင်ရွက်နေပါပြီဆိုခြင်းမှာပြည်သူများကြားတွင်ဟာသတစ်ခုလိုပင်ဖြစ်နေပါပြီ ။
သမ္မတကြီးကလက်နှင်.ရေးသည်ကို ခြေဖြင်.ဖျက်သည်.အလား ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီမှလွတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း ၁၁ .၇.၂၀၁၄ နေ.ထုတ် မဇ္ဈိမ သတင်းစာတွင်ဤသို.ပြောခဲ.၏ ။

“ က.ပ.စ ….က အနုမြူလက်နက်ထုတ်တယ်ပဲထားပါဦး ၊ ဒါကိုဘာလို.ဖော်ရမလဲဗျာ ။ကိုယ်.နိုင်ငံမှာအနုမြူရှိတယ်ဆိုရင်တောင် ဂုဏ်ယူရဦးမယ် ။အနုမြူမရှိတဲ.သူက ရှိတဲ.သူကိုကြောက်ကြတာကိုးဗျ ။အနုမြူရှိရင်လက်မထောင်နိုင်တယ်လေ။ အဲဒါကိုဘာလို.သွားဖွတာလဲ ။လျှို.၀ှက်တောင်ပေးသင်.သေးတယ် …”

စစ်ဗိုလ်လူထွက်အမတ်မင်းများ ဒီမိုကရေစီ ရေစီးထဲဝယ်ကြာကြာမငုပ်လျှိုးနိုင်ပဲ စစ်ဝါဒ ခေါင်းထောင်လာခြင်းဖြစ်ပါသည် ။ သမ္မတကြီးကငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ၊ဘန်ဒေါင်းအခြေခံမူ (၅) ချက် ဘာညာဖြင်.တရုတ်ပြည်သို.သွားကာ ညီလာခံတက်နေဆဲဝယ် နေပြည်တော်မှ အမတ်မင်းကဤသို.အနုမြူသရဏံဂစ္ဆာမိ မှတ်ချက်ပြုခဲ.ခြင်းဖြစ်သည် ။ တစ်ဖန် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက၂၀၁၄ ဇူလိုင်လ (၃)ရက် သတင်းစာရှင်းလင်းပွဲတွင် ။

“ ဘယ်သူကအလျှော.ပေးမလဲ ၊သေသေကြေကြေ အသက်ပေးပြီးတော.တောင် တိုက်လာသေးတာ ။မြေကြီးကို (၂၃)ရက်လောက် ၊ရက်သုံးဆယ် ၊တစ်လလောက် မှောက်ပြီးတောင် နေသေးတာ အခုလိုဇိမ်နဲ.နေပြီးတော. နိုင်ငံရေးလုပ်ရတာ ဘာကြောက်စရာရှိတာမှတ်လို.။ ဘယ်လျှော.မလဲ ။သို.သော်လည်းငါသာငါဖြစ်ရမယ်ဆိုတာတော.မဟုတ်ဘူးကွ “

ဟူသောစကားကို အတိုက်အခံနိုင်ငံရေးပါတီကြီးနှင်.ပါတ်သက်၍ သံတော်ဆင်.ဂျာနယ် ( ဇူလိုင် ၁၂-၁၈ ၊၂၀၁၄ ) တွင်ပြောကြားသွားသည် ။ အစိုးရအဖွဲ.အာဏာရ၀န်ကြီးများထဲတွင် ပြည်သူကိုပါးရိုက်မည် ပြောသူကပြော ၊ပုဆိုးလှန်ပြလိုက်မည်ဟုဆိုသူကဆို ၊ ထမင်းတစ်နပ်လျော.စားခိုင်းသူကစားခိုင်း ၊ တရုတ်ဟာကျေးဇူးရှင်ပါဟု တမ်းတသူကတမ်းတ၊ အနုမြူဗုံးရှိလျင်ကောင်းသည်ဟုကြိမ်းဝါးသူကကြိမ်းဝါး၊ ရွေးကောက်ပွဲတွင်မဆိုင်သူများမဲဆွယ်ခွင်.မပြုဟုအမိန်.ထုတ်သူကထုတ် ၊ မီဒီယာကိုထိထိရောက်ရောက်အရေးယူမည်ဟုမိန်.ခွန်းထဲထည်.ပြောသူကပြော နေကြရာ ဒီမိုကရေစီရေအိုင်ကြီးထဲတွင် ..မင်းသားခေါင်းဆောင်းထားသော တောကြောင်များမှာကြာရှည်စွာရေထဲတွင်ငုတ်မနေနိုင်ပဲ ..မူလဘူတ အာဏာရှင် အမူအကျင်.များ ဗူးပေါ်သလိုပေါ်လာနေပြီဖြစ်ပါကြောင်း ။

သရ၀ဏ်(ပြည်)
၁၅.၇.၂၀၁၄

0 comments:

Post a Comment

Facebook Like Page