Monday, September 9, 2013

ကျွန်တော်၏ သတင်းချစ်သူ မိတ်ဆွေများအား အတိအလင်းကြေငြာအပ်ပါသည်။ပြည်သတင်းလူငယ်၊ပြည်သတင်း၊ပြည်သတင်းများစုံစည်းရာ

Leave a Comment

(10.9.2013) ဒီနေ့ (ဧရာသတီချစ်သူများ ကွန်းယက်) ဆန္ဒပြခေါင်းဆောင် ကျွန်တော်အပါ...ကိုကျော်ဆွေ၊စိုးနိုင်၊ဗရှီး(ခေါ်)သန်းထိုက်အောင်၊မိခေး၊ချိုနွယ်..တို့အား ပုဒ်မ(၁၈) နှင့်တရားအစွဲခံထားရခြင်းဖြစ်သောကြောင့် ကျွန်တော့ အပါအ၀င် ကျန်(၅)ယောက် စုစုပေါင်း(၆)ယောက်ကို ဒီနေ့(10.9.2013)ရက်နေ့ ပြည်မြို့နယ်တရားရုံးမှာ တရားသူကြီး(ဒေါ်သီရိတင်)မှ အမိန့်ချမည်ဖြစ်ပါသည်။သို့ပါသောကြောင့် သတင်းတွေနောက်ကျနေရခြင်းမှာ ထိုကိစ္စလေးတွေရှိနေသေးလို့ သတင်းမရေးဖြစ်တာကတစ်ကြောင်း၊သတင်းများစုဆောင်းထားပြီးရေးသားပြီးသတင်းများ(၅)ပုဒ်ခန့်ကျန်နေသေးပါသည်။သို့ပါသော်လည်း ဒီပုဒ်မ(၁၈)ကြောင့်တရားရုံးမှာ ထွက်ဆိုရမည့်အချက်များအားကိုယ်တိုင်ရေးသားနေရပါသည်။ ကျွန်တော်တို့(၆)ဦးစလုံး ရှေ့နေလုံးဝ(လုံးဝ)မငှားရမ်းခဲ့ပါ..ကျန်သတင်းများကို..ထောင်မကျခဲ့လျှင်တင်ပြပေးသွားမှာဖြစ်ပြီး ထောင်ကျခဲ့လျှင်(၃)လအတွင်ကိုတော့ ပြည်မြို့ နည်းပညာလောကမှ ကျွန်တော် အယုံကြည်ရဆုံး ကျွန်တော်စိတ်အချရဆုံး ကျွန်တော်၏သူငယ်ချင်း ကိုပြည့်ဖြိုးမောင် မှ သူတတ်နိုင်သလောက်သတင်းများကိုတင်ပြပေးသွားမည်ဖြစ်ပါသည်။ကျွန်တော့သူငယ်ချင်း ပြည့်ဖြိုးမောင် ၏အကောင့်ကတော့ https://www.facebook.com/pyae.phyo.pyay?fref=ts  ဖြစ်ပါသည် ကျွန်တော့လိုပါပဲယုံကြည်စွာဖြစ်ရူနိုင်ပါသည်။ယခုသူလည်းဖျားနေပါသည် သို့ပါသော်လည်း သူကကြိုးစားစွာ သတင်းများတင်ပြပေးသွားပါမည် ဟုကျွန်တော်၏ သတင်းချစ်သူ မိတ်ဆွေများအား အတိအလင်းကြေငြာအပ်ပါသည်။ပြည်သတင်းလူငယ်၊ပြည်သတင်း၊ပြည်သတင်းများစုံစည်းရာ၊ကျော်ဝင်းခိုင်.................ပြည်သတင်း.....

0 comments:

Post a Comment

Facebook Like Page