Sunday, September 29, 2013

(20)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာ ဆို၊က၊ရေး၊တီး ခရိုင်အဆင့်ရွေးချယ်ပြိုင်ပွဲ ပြည်မြို့တွင်ကျင်းပ

Leave a Comment


(20)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာ ဆို၊က၊ရေး၊တီး ခရိုင်အဆင့်ရွေးချယ်ပြိုင်ပွဲ ပြည်မြို့တွင်ကျင်းပ
***********************************************************************
29.9.2013
၂၉.၉.၂၀၁၃ ရက်နေ့ မနက်(၈.၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ယဉ်ကျေးမှု ဇာတ်ရုံကြီးတွင် (20)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာ ဆို၊က၊ရေး၊တီး
ခရိုင်အဆင့်ရွေးချယ်ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ အဆိုပါပြိုင်ပွဲကြီး ကိုအမှတ်ပေး အကဲဖြတ်ဒိုင်(၆)ဦးဖြင့် စီစစ်ရွေးချယ်သွားခဲ့ပါသည်။ ပြည်မြို့နယ် သဘင်ပ
ညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးစိန်ဗိုလ်ထက် မှ ပြည်သတင်းကို ယခုလိုပြောကြားခဲ့ပါသည်။........

ကျွန်တော်က ပြည်မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးစိန်ဗိုလ်ထက်ပါ မြို့သစ်မှာနေတာပါ အခြေခံပညာရှင်အဆင့်ကို (၅ နှစ်မှ ၁၀ နှစ်)အထိ ၀ါသနာရှင်တွေကိုတော့ ပထမ
တန်းအထိရွေးချယ်ခဲ့တာပါ လာမည့်အောက်တိုဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိကို တိုင်းအဆင့်မှာ ရွေးချယ်ခံရသူတွေကို ထပ်မံယှဉ်ပြိုင်သွားပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေပေးအပ်သွားမှာ
ဖြစ်ပါတယ်ဟု ပြည်မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးစိန်ဗိုလ်ထက် မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။

မနန့်ဖြူစင်မြင့်မြတ်(ပြည်မြို့...ရွှေထိပ်ထားဖိနပ်ဆိုင်) သမီးကပထမဦးဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာပါ ပြည်မြို့ အ.ထ.က(၁) မှ (၅)တန်းတက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသူပါ
(အက)နဲ့ဝင်ရောက်ပြိုင်မှာပါ ပထမတုန်းကတော့ ကျောင်းပွဲတွေမှာကပြခဲ့ဖူးပါတယ် ဟု မနန့်ဖြူစင်မြင့်မြတ်(ပြည်မြို့...ရွှေထိပ်ထားဖိနပ်ဆိုင်) မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့သည်။.......

မောင်အိုက်မင်းခန့်မောင်(ပန်းတောင်းမြို့) သားကပန်းတောင်မြို့ကပါ (အဆို)နဲ့လာပြိုင်တာပါ ဒုတိယအကြိမ်လာရောက်ယှဉ်ပြိုင်တာပါ ပထမအကြိမ်ကိုတော့ ပန်းတောင်းမြို့မှာပဲပြိုင်ခဲ့ပါတယ်
ဟုမောင် အိုက်မင်းခန့်မောင်(ပန်းတောင်းမြို့) မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

မောင်မင်းသစ်နိုင်(ပြည်မြို့) သားကတော့ ပြည်မှာပဲနေပါတယ် အ.ထ.က.(၁) ကျောင်းမှ (၈)တန်း (D)အခန်းမှာပညာသင်ကြားနေတဲ့သူပါ ပထမဆုံးယှဉ်ပြိုင်တာပါ သီချင်းက(၄)ပုဒ်ရွေးထားပါတယ်
အဲဒိသီချင်း(၄)ပုဒ်ထဲမှ (၁)ပုဒ်ကိုပဲ သီဆိုပြိုင်ပွဲဝင်ရမှာပါလို့ မောင်မင်းသစ်နိုင်(ပြည်မြို့) မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

မောင်စည်သူကျော်(ပြည်မြို့) သားက (အက)နဲ့ယှဉ်ပြိုင်တာပါ ပြည်မြို့ ဦးစိန်ခိုဆေးတိုက်မှာပဲနေပါတယ် အ.ထ.က(၁)ကျောင်း (၇)တန်း(E)ခန်းကပါ ပထမဦးဆုံးယှဉ်ပြိုင်တာပါ သားဆုရဖို့အထိ
အများကြီးမျှော်လင့်ထားပါတယ်ဟု မောင်စည်သူကျော်(ပြည်မြို့) မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့သည်။ ။ပြည်သတင်း..........

0 comments:

Post a Comment

Facebook Like Page