Sunday, September 29, 2013

ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်း အတွင်းအထူးဈေးရောင်းပွဲတော်ကျင်းပသွားမည်

Leave a Comment


ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်း အတွင်းအထူးဈေးရောင်းပွဲတော်ကျင်းပသွားမည်
*****************************************************
29.9.2013
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်းတွင် ၃၀.၉.၂၀၁၃ မှ ၄.၁၀.၂၀၁၃ ရက်နေ့အထိ
မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက် မှ အဆင့်မြင့်ကုန်စည်ပြပွဲ နှင့် အထူးဈေးရောင်းပွဲတော်ကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း
သတင်းရရှိခဲ့ပါသည်။ အဆိုပါဈေးရောင်ပွဲတော်ကြီးတွင် မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက် မှစုစည်းကျင်းပပြီး ရန်ကုန်၊မန္တလေးမြို့ကြီးများမှ
ကုမ္ပဏီကြီးများ၊လုပ်ငန်းရှင်ကြီးများမှ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊အီလက်ထရောနစ် ပစ္စည်းအမျိုးမျိုး၊တိုင်းရင်းဆေးဝါးများ၊စတီးပစ္စည်းများ၊ကြွေထည်ပစ္စည်းများ၊
ဖန်ပစ္စည်းများ၊အိပ်ယာအခမ်းအနားပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ၊ယိုးဒယားဖြစ်ဖိနပ်ဒီဇိုင်းများ၊အ၀တ်အထည်များတို့ကို ဈေးနူန်းချိုသာစွာဖြင့်
ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ပျော်ရွှင်စရာအစီစဉ်များ

ထူးခြားဆန်းသစ်သော ပျော်ရွှင်စရာ ကလေး/လူကြီးများအတွက် လူအယောက်(၇၀)စီးနိုင်သည့် ပင်လယ်ဓါးပြလှေကြီး၊ကလေးအယောက်(၅၀)ကခုန်နိုင်သော ပျော်ရွှင်ကစားစရာ
ပျော့ပျော့အိအိလေမှုတ်ရုပ်ကြီးများ နှင့် ချားရဟတ်များလည်းပါရှိပါသည်။

ဖျော်ဖြေရေးအစီအစဉ်

ရန်ကုန်မြို့မှ နာမည်ကြီး Model လေးများ၏ Model Show နှင့် Dancer Show များ တေးသရုပ်ဖော်များ၊တိုင်းရင်းသားရိုးရာအကများ၊အထူးအစီကစဉ်အနေဖြင့် Under Ground အကဖြင့်
အခမဲ့(အခမဲ့)ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း....

0 comments:

Post a Comment

Facebook Like Page