Saturday, September 28, 2013

Leave a Comment


ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေးပေါင်းစုံ မှ ငွေရတုအခမ်းအနားကျင်းပ
**********************************************************
27.9.2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်မြို့နယ်(ရပ်/ကျေး)ပေါင်းစုံ (၂၅)နှစ်မြောက် ငွေရတု အခမ်းအနားကို ပြည်မြို့ အမှတ်(၁)ကမ်းနားလမ်း ကျောင်းကြီးအိုးတန်း
ရပ်ကွက် ကျောင်းကြီးအိုးတန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေး ဥက္ကဌ ဦးခင်ဦးနေအိမ်ရုံးခန်းတ...ွင်တက်ရောက်သူအင်အားစုစုပေါင်း(၁၇၀)ကျော်တက်ရောက်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

အဆိုပါအခမ်းအနားကို မနက် (၇း၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို အစီအစဉ်(၁၀)ခုဖြင့်ကျင်းပပြုလုပ်သွားခဲ့ပါသည်။ အစီစဉ်များ မှာ..

၁။ ။သဘာပတိအဖွဲ့ဝင်များနေရာယူခြင်း..
၂။ ။အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း..
၃။ ။(က)နိုင်ငံတော်အလံအားအလေးပြုခြင်း
(ခ)ကျဆုံးလေးပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း...
(ဂ)ဒီမိုကရေစီ လူ့အခွင့်အရေးတိုက်ပွဲအဆင့်ဆင့်ကျဆုံးသွားသော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်(၁)မိနစ်ငြိမ်သက်ခြင်း...
၎။ ။သဘာပတိ အဖွင့်မိန့်ခွန်း ပြောကြားခြင်း..
၅။ ။(၂၅) နှစ်မြောက် ငွေရတုအခမ်းအနာကျင်းပရေးကော်မတီ ဥက္ကဌ မှအဖွင့်အမှာစကားပြောကြားခြင်း...
၆။ ။N.L.D ပါတီ၏ ဖြတ်သန်းမှု(၂၅)နှစ် ခရီးအကြောင်း ဦးကျော်ဆန်းမှ ပြောကြားခြင်း...
၇။ ။ ဦးသိန်းဇော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်မြို့နယ်(ရပ်/ကျေး)ပေါင်းစုံ (၂၅)နှစ်မြောက် ငွေရတု အခမ်းအနားကြေငြာစာတမ်း ဖတ်ကြားခြင်း....
၈။ ။N.L.D ပါတီမှ အကျဉ်းကျခံရသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း...
၉။ ။(၂၅)နှစ်မြောက် ငွေရတုကျင်းပရေးကော်မတီ ဥက္ကဌ မှ ကျေးဇူးတင်စကားပြောကြားခြင်း...
၁၀။ ။သဘာပတိ မှ (၂၅)နှစ်မြောက် ငွေရတုအခမ်းအနားအောင်မြင်ကြောင်းပြောကြားခြင်း...
၁၁။ ။အခမ်းအနား ပြီးဆုံးကြောင်းကြေငြာခြင်း....တို့ဖြစ်ပါတယ် အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ ကျောင်းကြီးအိုးတန်းရပ်/ကျေး ဥက္ကဌ ဦးခင်ဦးမှ ပြည်သတင်းကို ယခုလိုပြောကြားသွားခဲ့ပါသည်။

ဒီလိုအခမ်းအနားကြီးတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေက မြို့တိုင်နယ်တိုင်း ရွာတိုင်းတွင်မကပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနေကြတဲ့အချိန်ပါ ပြည်မြို့မှာလည်း ခမ်းခမ်းနားနားကျင်း
ပချင်လို့ အခုလိုဦးဆောင်ကြိုးဆောင်ကြိုးပမ်းကျင်းပနိုင်ခဲ့တာပါ ပြည်မြို့နယ်အတွင်းက ရပ်/ကျေးပေါင်းစုံပါဝင်ကြပါတယ် ၄.၉.၂၀၁၃ ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ် ၉၇/ခ အရ ဒီအခမ်းအနားကျင်းပရန်အတွက် အကြောင်းကြားစာတင်ခဲ့ပြီးဖြစ်ပါတယ် ယနေ့အချိန်အထိ ဗဟိုရုံးချုပ်မှ ဒီအခမ်းအနားနဲ့ပတ်သက်ပြီးတော့ ကန့်ကွက်ခြင်းတစ်စုံတရာမရှိခဲ့
သေးပါဘူး အခုကျင်းပတဲ့အခမ်းအနားကို ကျင်းပရေးကော်မတီအဖွဲ့ဝင်ပေါင်း(၂၇)ဦးဖြင့်ဖွဲ့စည်းခဲ့တာပါ အစည်းအဝေးတက်ရောက်ပျက်ကွက်(၃)ယောက်ရှိခဲ့ပါတယ် ဒါ့ကြောင့်(၂၄)ဦးဖြင့်အတည်ပြု
ဖွဲ့စည်းထားခဲ့ပါတယ် ပဲခူးတိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ ဦးသိန်းဒန်လက်မှတ်ရေးထိုးထားတဲ့ အကြောင်းကြားစာရပါတယ် အဲဒိစာပါအရ တိုင်း၊ခရိုင်၊ပြည်နယ်၊ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ဝင်
များသည်သာ တရားဝင်ဆောင်ရွက်ခွင့်ရှိတယ် နောက်ဆက်တွဲပေါ်ပေါက်လာမည့် ကိစ္စများကို အဖွဲ့ချုပ် ပြည်ခရိုင် အလုပ်အမှုဆောင်အဖွဲ့နှင့်သာ ညှိနိုင်းဆောင်ရွက်ရမည် အဲမှာကွဲလွဲချက်က ခရိုင်၊မြို့နယ်
ရပ်/ကျေး လို့ပါတယ် ကျွန်တော်တို့က မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဒီအခမ်းအနားနဲ့ပတ်သက်ပြီး အကြောင်းကြားစာပေးပို့တင်ပြထားပြီးဖြစ်ပါတယ် ပဲခူးတိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့
ဦးသိန်းဒန် ပေးပို့စာအရမှာ ရပ်/ကျေးဆိုတာပါတယ် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှပေးပို့တဲ့စာအရမှာကတော့ အဲဒိရပ်/ကျေးဆိုတဲ့နေရာကို ဖျတ်ထားပါတယ် ဒါဟာရိုးသားပွင့်လင်းမှုမရှိဘူး 26.9.2013
ရက်နေ့ကတင်ပြခဲ့သည့်အတွက် 27.9.2013 ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှုး လက်မှတ်ပါ ဒီအခမ်းအနားမှာ ဧည့်ခံဖျော်ဖြေခွင့်ပြုမိန့်တောင်းခြင်းမရှိလို့ အသံချဲ့စက်ဖွင့်ခွင့်ကို(၇)ရက်ကြိုတင်
စာမတင်ခဲ့လို့ဆိုတဲ့အကြောင်းရယ် ဒီအခမ်းအနားကို ကျင်းပရေးအဖွဲ့အား အကြောင်းအရာ(၄)ချက်ဖြင့် အသိအမှတ်မပြုကြောင်း အကြောင်းကြားထားရှိကြောင်း သို့ဖြစ်ပါ၍ ၂၇.၉.၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့်
အခမ်းအနားအား မြို့နယ်အလုပ်မှုဆောင်အဖွဲ့၏ သဘောတူညီချက်များဖြင့်သာ ဆောင်ရွက်သွားရန်နှင့် ဧည့်ခံဖျော်ဖြေခွင့်ပြုမိန့်တောင်းခံမည်ဆိုပါက အထက်ပါထောက်ခံချက်များ စီမံချက်များဖြင့်(၇)ရက်ကြိုတင်
္ကဤရုံးသို့တင်ပြတောင်းခံသွားရန် အကြောင်းကြားပါသည်ဟုရေးသားဖော်ပြထားပါတယ်ဟု ကျောင်းကြီးအိုးတန်းရပ်/ကျေး ဥက္ကဌ ဦးခင်ဦးမှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ ကျောင်းကြီးအိုးတန်းရပ်/ကျေး ဒု.ဥက္ကဌ ဦးစိုးမြင့်မှ ပြည်သတင်းကို ယခုလိုပြောကြားသွားခဲ့ပါသည်။

စတင်ဖွဲ့စည်းတုန်းက ဒီမိုကရေစီ ဖော်ဆောင်ရေးအဖွဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်အရ ပြည်သူတွေထဲဝင်ပြီ၊ပြည်သူတွေကိုအလုပ်အကြွေးပြုပြီး ပြည်သူတွေလိုအပ်တဲ့အကူအညီပေးကြပါ၊လုပ်သင့်လုပ်ထိုက်တာ
တွေကို လုပ်ကြပါ၊ဟုရပ်/ကျေးပေါင်းစုံးအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မိန့်ခွန်းပြောကြားခြင်းဖြစ်ပါတယ် အမှန်အဓိက ကတော့ရပ်/ကျေးပါပဲ ဒါ့ကြောင့်ရပ်/ကျေး သည်သာအရေးအကြီးဆုံးပါပဲဟု ကျောင်းကြီးအိုးတန်း
ရပ်/ကျေး ဒု.ဥက္ကဌ ဦးစိုးမြင့်မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။ ။ပြည်သတင်း...


0 comments:

Post a Comment

Facebook Like Page