ပြည်မြို့မှာဖုန်းတွေဆက်မရ၊ဖုန်း “ဘိလ်”တွေအဆမတန်တက်
“ ပြည်မြို့မှာဖုန်းတွေဆက်မရ၊ဖုန်း “ဘိလ်”တွေအဆမတန်တက်”
*****************************************
ပြည်မြို့တွင်ကြိုးဖုန်းလိုင်းများဆက်သွယ်မရဖြစ်နေတာ(၆)ရ့က်ခန့်ရှိသွားပြီဇြစ်ပြီးတချို့လိုင်းတွေတွေကတော့ဆက်လို့ရကြောင်းသိရပါသည်။
၂၇၊၂၈-နှင့်စသောကြိုးဖုန်းများဆက်မရသောကြောင့် ဘယ်ကိုဆက်သွယ်မေးမြန်းရမည်ကိုလဲမသိဟု၊ဆံတော်ရပ်ကွပ်၊တီကျစ်ဆုံလမ်းတွင်နေထိုင်သော မမိုးမိုးကပြောပြပါသည်။သူကပဲဆက်ပြီး-အခုရက်ပိုင်းတွေမှာ မကြာခဏဆိုသလို လိုင်းတွေပူးနေတယ်လို့သူထင်ကြောင်းနဲ့-အခု “ဖုန်းဘိလ် ” ကျလာပြီးတခါမှမကြာဘူးတဲ့ဈေး နှုံး(၃၅၀၀၀)ကျနေတယ်-သူမအနေနှင့်အများဆုံးကျဘူးတာ(၁၀၀၀၀)ဘဲရှိပြီး အခုလို(၃၅၀၀၀)ဆိုတာလုပ်ငန်းလုပ်နေတဲ့သူတွေသာဖြစ်ကြောင်း သူစုံစမ်းသိရကြောင်း-အခုလိုငွေအများကြီးကျနေတာ-ဘယ်လိုမှမဖြစ်နိုင်ကြောင်း-အဲဒီအတွက်ကို-ဘယ်ကိုဘယ်လို-သွားပြော၊တိုင်ကြားရမှန်မသိကြောင်းပြောပြပါသည်။အခုထိ တိုင်းပြည်က-ပွင့်လင်းမြင်သာမှုမရှိတာတွေကိုလဲစိတ်ပျက်မိကြောင်း-သူမကပဲပြောပြပါသည်။
သူ့လိုမျိုး-ကြုံဘူးတဲ့သူတယောက်ကတော့-လောလောဆည်တော့-သူတို့ဆီကထွက်တဲ့ ”ဘိလ်” အတိုင်းဆောင်လိုက်-နောက်မှ Reject- ပြန်ရှောက်ရတယ်-အဲဒီတော့မှ ပိုနေရင်ပိုနေတဲ့ငွေ-ပြန်ရတယ်လို့-ရှင်းပြပါတယ်-သူတို့ဖက်ကတော့-လုံးဝ အလျှော့မခံဘူး-အရင်တော့သူတို့ပြောသမျှအရင်ဆောင်လိုက်လို့ပြောပြပါတယ်။
ရုံးသွားပြီးစုံစမ်းရင်လဲ-ဘယ်သူ့ကို ဆရာခေါ်ရမှန်းမသိပါဘူးလို့-သူကပြောပြပါတယ်။အခုလောလောဆည်တော့-(၂၇/၂၈)နဲ့စတဲ့ဖုန်းတွေပျက်နေတာ(၁၂၆)လုံးရှိပြီး (၂၁)ရက်(၁၅)နာရီကတဲ-ကဖြစ်ပြီး-ရက်နဲနဲတော့ကြာမယ်လို့ထင်ကြောင်း-ပြည်ကအထိုင်စက်ပျက်တာကြောင့်သူတို့လဲပြင်နေကြောင်း-အခုနောက်ပိုင်းဝင်တဲ့စက်တွေကအရည်အသွေးက-အရင်စက်တွေလောက်မကော့င်း-ကြောင်း-စသဖြင့် -အမည်မဖေါ်လိုသူ ဆက်သွယ်ရေးမှဝန်ထမ်းတဥိးကပြောပြပါတယ်။
ပြည်သူတွေကျွေးတဲ့ထမင်းကိုစား၊ပြည်သူတွေပေးတဲ့လစာကိုယူထားပြီး၊ပြည်သူ့အတွက်တော့-ဘာမှလုပ်မပေးချင်ဘူး၊အမှန်ဆိုအခုလို-လိုင်တွေပျက်တာ-ဘာကြောင့်၊ဘယ်လိုပြင်ဆင်ဆောင်ရွက်နေကြောင်း၊စသဖြင့်တော့-ပြောရမဲ့ တာဝန်-သူတို့မှာရှိတယ်-အရင်ဗြူရိုကရက်ခေတ်ကလိုပဲ-သွားမေးရင်တောင်မပြောချင်ကြဘူး- ဟု NLD ပါတီမှ-ကိုမျိုးသူထွဋ်-ကပြောပြပါတယ်။.ပြည်သတင်း.....
0 comments:
Post a Comment