လူကုန်ကူးမှု့အားခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေး
**********************************
ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်တလလျှင်(၈၀၀၀၀)ကျပ်ရရှိမည်ထမင်းဆိုင်တွင်၊ထမင်း၊ဟင်းချက်ရမည်ဟုဆိုပြီး-မိန်းခလေးနှစ်ယောက်ကို-နယ်စပ်မှ “အနိုပ်ခန်း” တခုသို့ပို့ဆောင်ပြီး-အလုပ်ခိုင်း-သောလူကုန်ကူးမှုတခုဖြစ်ပွားခဲ့
(၂၀၁၃)ခု၊မတ်လ၊မှာ ရွှေတောင်မြို့၊နယ်၊ဆည်ကြီးကုန်းအုပ်စုမှ-ဒေါ်သန်းမြ-ဆိုသူသည် “မန္တလေးမြို့” မှ(၂)ဘူတာအကျော်တွင်ရှိနေရာမှ ထမင်းဆိုင်တွင်အလုပ် လုပ်၊၇န်-တလကို(၈၀၀၀၀)ကျပ်နှင့်စားရိပ်ငြိမ်း၊လုပ်ရမည်ဟု
ဆိုကာ-မတင်တင်နွယ်(၃၅)နှစ်၊မသန်းဆွေ(၃၃)နှစ်တို့-နှစ်ယောက်ကို-လာရောက်ခေါ်ဆောင်သွားခဲ့သည်။ သူတို့သည်-ပြည်မှမန္တလေး၊မန္တလေးတွင်တညအိပ်၊ထိုမှ -မြစ်ကြီးနား-မြစ်ကြီးနားတွင်နောက်တညအိပ်-နောက်-တနိုင်း
၊တနိုင်းမှ၊ခလုံ၊ခလုံမှတလူး-တလူးမှတဆင့် “ကမ္မဆီ ”သို့ရောက်သည်-လမ်းတွင်စုစုပေါင်း(၄)ညအိပ်(၅)ခရီးသွားခဲ့ရပြီး- “ကမ္မစီ”ရောက်ပြီးနောက်နေ့မှာပဲ-ယောက်ကျားလေးတွေကို “အနိုပ်ခိုင်းပါတော့သည်” သူတို့ရောက်သွား
တဲ့နေရာက-သူတို့ခေါ်ဆောင်လာတဲ့-ဒေါ်သန်းမြ-ရဲ့ သမီးပိုင်တဲ့- “အိမ်မက်ချစ်သူ” ဆိုတဲ့ “မာဆတ်၊အနိုပ်ခန်း” တခုဖြစ်ပြီး-အဲဒီမှာ-စုစုပေါင်းမိန်းခလေး(၄) ယောက်ထားရှိပါတယ်-လို့ “မတင်တင်နွယ်ကပြောပြပါတယ်။
သူတို့ တည၀င်အိပ်ခဲ့ရတဲ့-“တလူး” ကအိမ်ကလဲ-သူတို့ပိုင်တဲ့ “အိမ်မက်ချစ်သူ” လို့အမည်ပေးထားတဲ့-မာဆက် -တခုပဲဖြစ်ပြီး-အဲဒီမှာလဲ-မိန်းခလေး(၂၀)ကျော် လောက်တွေ့ခဲ့ရကြောင်းသူကပဲဆက်ပြောပြပါတယ်။
သူမှာခလေးတယောက်နဲ့အိမ်ထောင်ရှိပြီး-ယောက်ကျားက-ပန်းရံ-လုပ်ပြီးသူမက တနေကုန်-အ၀တ်လျှော်ထမင်းချက် လုပ်ခါတနေ့ကိုငွေ(၁၀၀၀)လောက်ရအောင်မနဲကိုရှာဖွေစားသောက်နေရသောကြောင့်-အခုလိုစားရိပ်ငြိမ်း
(၈၀၀၀၀)ကိုမက်ပြီး-လိုက်သွားခဲ့တာဖြစ်ပြီး-ဟိုကျတော့-နိုပ်ပေးရုံတင်မက-ယောက်ကျားတွေနဲ့-အတူအိပ်ခိုင်းတာအထိ-လုပ်လာတော့-သူတို့လဲဆက်မနေရဲတော့ပဲ-အခုလိုစွန့်ပြီးထွက်လာခဲ့ကြောင်း တို့ကိုလဲပြောပြပါတယ်။
ကမ္မဆီ “အိမ်မက်ချစ်သူ” တွင်-ရွှေတောင်မြို့ မှ-ဝေနှင်းဖြူနှင့် သင်းသင်းဝါ တို့ကျံခဲ့ပြီး-သူတို့နှစ်ယောက်ကိုလဲ-ဒေါ်သန်းမြ ကပဲပို့ပေးထားခဲ့တာဖြစ်ပြီး-သူတိုပြန်လာ တော့-သူတို့မြို့မှ-ကေသီမြင့်အောင်(၂၀)နှစ်ဆိုသောကလေးမ
လေးတယောက်လဲ-“ကမ္မဆီ” မှထွက်ပြေးသွားကြောင်းကြားခဲ့ရပြီး-အခုတော့အဆက်အသွယ်ရပြီး-တနိုင်း-ရဲစခန်းကစောင့်ရှောက်ထားသည်ဟုးသိရကြောင်း-ကိုမသန်းသန်းဆွေ ကပြောပြပါတယ်။သူတို့နားက-ဖိုးခေါင်ရွာ
ဖက်ကမိန်းခလေးအချို့-“အိမ်မက်ချစ်သူ” ကပြန်ထွက်ပြေးလာပြီး-ရှက်၊ကြောက်-သဖြင့်-ဘယ်ကိုမတိုင်ရဲ၊မပြောရသူတွေ-ရှိသေးကြောင်းသူကပဲဆက်ပြောပြပါတယ်။သူတို့မှတ်ပုံတင်တွေကိုသိမ်းထားတဲ့အတွက်-အပြန်မှာ-
တနိုင်းရဲစခန်းမှာ-၀င်ရောက်အကူအညီတောင်းပြီး၊ထောက်ခံစာလုပ်ခိုင်းပြီးမှပြန်လာခဲ့ရကြောင်းတို့ကိုလဲ သူမကပြောပြခဲ့ပါသည်။ရွှေတောင်ရဲစခန်းတွင်-ရွှေတောင်မြို့နယ်-ရဲစခန်းအကူအညီနှင့်သွားရောက်အမှုဖွင့်ရာ-ပထမတော့-
လူကုန်ကူးမှုမမြောက်ဟုဆိုကာ-အမှုဖွင့်မပေးခဲ့-နောက်တော့ (ပ/၁၂၂/၂၀၁၃)ဖြင့် စခန်းမှုးကအမှုဖွင့်ပေးခဲ့ပြီး-ပြည်ခရိုင်တရားရုံးတွင်-လူကုန်ကူးမှု “ရာကြီးအမှတ်(၂၅/၂၀၁၃)ဖြင့် လက္ခံ -လိုက်ကြောင်းသိရှိရပါသည်။ပြည်သတင်း....

0 comments:
Post a Comment