Thursday, August 29, 2013

ငါးသယံဇာတများ ရေရှည်တည်တံ့ငါးထုတ်လုပ်မှုတိုးတက်စေရန်အတွက်ငါးမျိုးစိုက်ထည့်

Leave a Comment

ငါးမျိုးများ စိုက်ထည့်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတများ ရေရှည်တည်တံ့ငါးထုတ်လုပ်မှုတိုးတက်စေရန်အတွက် ၁၄.၈.၂၀၁၃ နေ့ရက်က အုတ်ဖိုမြို့နယ် မှက္ကတန် ကျေးရွာအုပ်စုအတွင်း ငါးမြစ်ချင်း၊ ငါးသန်ကောင်ရေ ၁၅ဝဝဝဝ နှင့် သြဂုတ်လ ၁၆ ရက်၌ မင်းလြှမို့ နယ် ဒီလှိုင်းကျေးရွာအုပ်စုတွင် ငါးမြစ်ချင်း၊ ငါးသန်ကောင်ရေ ၁၅ဝဝဝဝ တို့ကို မင်းလှမြို့နယ် ငါး လုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းကိုကိုဦး ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးသန်းနိုင်၊ မင်းလြှမို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးမှ ဝန်ထမ်းများ၊ ဒီလှိုင်း ကျေးရွာအုပ်စုနှင့် မှက္ကတန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အင်းသားကြီးများ စုပေါင်း ပြီး ငါးမျိုးများစိုက်ထည့် ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ သဘာဝရေလျှံကွင်းများတွင် ငါးမျိုးများ စိုက်ထညြ့်ခင်း ကြောင့် မင်းလြှမို့နယ၊် အုတ်ဖိုမြို့နယ်၊ မိုးညိုမြို့နယ်နှင့်အခြား ဆက်စပ်နေရာများရှိ အင်းများ၊ ရေချိုငါးလုပ်ငန်းရေပြင်များသို့ သဘာဝ ငါးများအပြင် မျိုးစိုက်ငါးများပါ ပံျ့နှံ့ပြီး ရေရှည် ငါးထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ပြီး ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း
ငါးလုပ်ငန်းဦးစီးဌာနသိရှိရပါသည်။
(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page