Thursday, June 15, 2017

ရစ်လုံး(ပြည်)ကာတွန်း

Leave a Comment
အနုပညာလမ်းကြောင်းပေါ် စတင်လျှောက်လှမ်း
လာတဲ့ ပြည်သားကိုရစ်လုံး၏ ကာတွန်းလေးတွေ
ကို အားပေးကျပါအုံးနော်...



Read More...

Wednesday, June 14, 2017

ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းတက်ရောက်နေသော သင်တန်းနည်းပြဆရာနှင့်သင်တန်းသားများထံမှငွေနှင့် ဟမ်းဖုန်းများအခိုးခံရ

Leave a Comment

ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းတက်ရောက်နေသော
သင်တန်းနည်းပြဆရာနှင့်သင်တန်းသားများထံမှငွေနှင့်
ဟမ်းဖုန်းများအခိုးခံရ
ပြည် ဇွန်လ( ၁၃ ) ရက်နေ့ 
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ ရွာဘဲရပ်ကွက်၊
ဗိုလ်ချုပ်လမ်းတောင်ဘက်ခြမ်းရှိ၊ ရွာဘဲတောင်ပေါ်ကျောင်း
တိုက် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းတက်ရောက်နေသော
သင်တန်းနည်းပြဆရာနှင့်သင်တန်းသားများထံမှ ဇွန်လ(၁၃)
ရက်နေ့ နံနက်(၃)နာရီ (၄၅)မိနစ်အချိန်ခန့် ငွေနှင့် ဟမ်းဖုန်း
များ အခိုးခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ(၈) နေ့မှ ဇွန်(၂၄) ရက်နေ့အထိ
ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းတက်ရောက်နေသော
သင်တန်းသားများ နေထိုင်သည့် ဓမ္မစကူးလ်ကျောင်း
ဆောင် ရှေ့မျက်နှာစာ အပေါ်ထပ်ပြူတင်းပေါက်မှာ
ပွင့်နေပြီး ဘုန်းကြီးကျောင်းရေစင်တွင်အသုံးပြုသော
အရှည်(၁၅)ပေခန့် သစ်သားလှေကား တစ်ခုထောင်
လျက် တွေ့ရှိရပြီး သင်တန်းတက်နေကြသော သင်
တန်းနည်းပြဆရာ နှင့် သင်တန်းသားများထံမှ ငွေ
(၁၃၀၀၀၀ိ/)ကျပ်ခန့်နှင့် လက်ကိုင်ဖုန်း(၁၂)လုံး အ
ခိုးခံလိုက်ရတယ်လို့ သိရတယ်။
ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သတ်၍ ဓမ္မစကူးသင်တန်း
ဆရာနှင့် သင်တန်းသားများထံမှ ဖုန်းဟန်းဆက်များ
နှင့် ငွေကြေးများအား ခိုးယူသူကို စုံစမ်းဖော်ထုတ်အ
ရေးယူပေးပါရန် ဦးသန်းထွန်းဦး၊ ပြည်ဓမ္မစကူး ကော်
မတီဝင်၊ အမှတ်(၁၅၁၈)၊ အနောက်စောင်းတန်းလမ်း၊
ဆံတော်ရပ်ကွက်၊ ၊ ပြည်မြို့နေသူမှ ရဲစခန်းလာရော
က် တိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်း(ပ)၁၂၃၆/၂၀၁၇
ရာဇသတ်ကြီး ပုဒ်မ-၃၈၀ အရ အမှုရေးဖွင့် ဆောင်ရွက်
ခဲ့ကြောင်းနှင့်အမှုအား ရဲအုပ် လှဝင်း မှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
ပြည်သတင်း
Read More...

တက္ကသိုလ် နည်းပြ/သရုပ်ပြ ဝင်ခွင့်သင်တန်း အနန္တငါးပါးဦးထိပ်ထား ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး ထွန်းတောက်ပညာ့ရိပ်သာ

Leave a Comment

တက္ကသိုလ် နည်းပြ/သရုပ်ပြ
ဝင်ခွင့်သင်တန်း

အနန္တငါးပါးဦးထိပ်ထား
ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး
ထွန်းတောက်ပညာ့ရိပ်သာ

စစစ(အထူးစုံစမ်းစစ်ဆေးရေး)ဌာန
လ/ထစုံစမ်းရေးမှူး(ဘွဲ့ရ)
အငယ်တန်းစာရေး(ဘွဲ့ရ)
စာရင်းကိုင်(၄) လ/ထကွန်မှူး(ဘွဲ့ရ)
ရုံးအကူ စာပို့(၁၀)တန်းအောင်

တက္ကသိုလ် နည်းပြ/သရုပ်ပြ
ဝင်ခွင့်သင်တန်း

အမှတ်(၆၇၄) ရေလွှဲပေါက်လမ်း နဝင်းရပ်
ရွှေပလ္လင်မှော်ဘုရားအနီး ပြည်မြို့။

၀၉ -၉၇၆၃၂၇၁၂၃ / ၀၉-၄၅၀၁၉၄၈၆၃
၀၉-၄၂၁၇၄၄၇၀၃ / ၀၉-၇၇၉၉၄၅၃၅၇
၀၉-၇၇၇၄၄၇၁၂၅ /၀၉-၉၆၀၃၀၈၀၆၄၄

Read More...

Tuesday, June 13, 2017

ယာဉ်ထိန်းတပ်ဖွဲ့မှယာဉ်စစ်ဆေးရေးပြုလုပ်စဉ် ဘင်္ဂါလီ(၃)ဦးဖမ်းဆီးရမိခဲ့

Leave a Comment

ယာဉ်ထိန်းတပ်ဖွဲ့မှယာဉ်စစ်ဆေးရေးပြုလုပ်စဉ်
ဘင်္ဂါလီ(၃)ဦးဖမ်းဆီးရမိခဲ့

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊
နွားမယံကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်ကားလမ်း
ဆင်မကြပ်လမ်းဆုံ၌ ဇွန်လ(၁၂)ရက်နေ့ နံနက်တွင်
အမှတ်(၁၃)ယာဉ်ထိန်တပ်ဖွဲ့စု(ပြည်)မှယာဉ်စစ်ဆေး
စဉ် ဘင်္ဂါလီ(၃)ဦးနှင့်ယာဉ်မောင်တစ်ဦးအား ဖမ်းဆီး
ရမိကြောင်းသိရသည်။

အမှတ်(၁၃)ယာဉ်ထိန်တပ်ဖွဲ့စု(ပြည်)မှ တပ်ကြပ်
ကြီး သန်းဇော်ဦး၊တပ်ကြပ်ကြီး မိုးဟိန်း၊တပ်ကြပ်ကြီး
ကြည်ဝင်းစိန်၊ဒုတပ်ကြပ် ဇင်သော်ဦး၊တပ်မတော်
တပ်ထိန်းတပ်ဖွဲ့မှ ဒုတပ်ကြပ် မျိုးမင်းသန်းတို့သည်
မော်တော်ယာဉ်များအား စစ်ဆေးမှုများပြုလုပ်နေစဉ်
ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်သော AA/...
 Probox အဖြူရောင်ယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်
ဆို၏။

ထိုသို့စစ်ဆေးရာတွင် ယာဉ်ပေါ်၌ လှအောင်(ခ)ဆာလေး
(၄၅)နှစ် (ဘ)ဦးဟာဒင်ဟူဆင်၊ မွတ်စလင်/အစ္စလာမ်၊ အိမ်
အမှတ်(၉၇)၊ (၁၅၆)လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေ
သကြီး နေသူ မောင်းနှင်လာသော AA/....Proboxယာဉ်တွင်
မာမွတ်ဂျာဘယ် (၂၁)နှစ် (ဘ) ဦးဆာဗီလာ၊ ဘင်္ဂါလီ/အစ္စာ
လာမ်၊ ဂျပန်း၊ ကျောက်အို့ရွာ၊ မင်းပြားမြို့နယ်၊ ရခိုင်ပြည်န
ယ်၊ မာမွန်ဆာဒိတ်(၂၂)နှစ်(ဘ) ဦးအာတူခရူ၊ ဘင်္ဂါလီ/အစ္စ
လာမ်၊ ကျပန်း၊ တိမ်ဆိပ်ရွာ၊ မင်းပြားမြို့နယ် ရခိုင်ပြည်နယ်၊
ရော်ဟိန်း(၂၁)နှစ် (ဘ) ဦးဟာနီဘာ၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျ
ပန်း၊ ကိုင်းတောရွာ၊ မြောင်းဘွေတိုက်နယ်၊ မြောက်ဦးမြို့နယ်၊
ရခိုင်ပြည်နယ်နေသူတို့ (၃)ဦးအား တွေ့ရှိရပြီး ၄င်းတို့အား ရွှေ
တောင်စခန်းမှူး ဒုရဲမှူး တင်မျိုးဝင်း  နှင့်အဖွဲ့၊ ယာဉ်ထိန်းရဲတပ်
ဖွဲ့မှ ရဲအုပ် အောင်သန်းဦး နှင့်အဖွဲ့၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေး
မှူး ဦးတင်ဌေး၊ နွားမယံရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ထပ်မံစစ်
ဆေးခဲ့ရာ မင်းပြားမြို့နယ်မှ လှမောင်ဆိုသူ၏ အဆက်အသွယ်ဖြင့်
မလေးရှားနိုင်ငံသို့သွားရောက်ရန် စက်လှေ/ကား/ခြေလျင်ဖြင့် တစ်
စက်တစ်စပ်တည်း ခေါ်ဆောင်ခဲ့ရာ ပြည်မြို့အရောက်တွင် ယာဉ်ေ
မာင်း လှအောင်(ခ) ဆာလေးမှ ပြည်မြို့မှ ဥက္ကံမြို့ဈေးအနီးသို့ ပို့ေ
ဆာင်ရန် ကားဖြင့်ခေါ်ဆောင်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်ဟု သိ
ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လှအောင်(ခ) ဆာလေး အားဥပဒေအရအရေး
ယူရန် ရွှေတောင်မြို့မစခန်းမှူး ဒုရဲမှူး တင်မျိုးဝင်း မှ တရားလိုပြုလုပ်
ပြီး ရွှေတောင်မြို့မရဲစခန်း(ပ) ၉၀၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇
ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ကာ အမှုအား ဒုရဲမှူး တင်မျိုးဝင်း မှစစ်ေ
ဆးပြီးဆေးလျှက်ရှိကြောင်းသိရှိရသည်။

အဆိုပါ(၄)ဦးအား ၁၉၄၉ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေ
ထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၆(၃)အရ လည်းကောင်း
ဦးလှအောင်(ခ)မဟာမတ်ဆာလေးအား ၁၉၄၉ - ခုနှစ်ပြည်ထောင်စု
မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၆
(၃)/၁၁၄ အရအရေးယူပေးပါရန်ရွှေတောင်မြို့နယ် လူဝန်မှုကြီးကြပ်
ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တရားရုံးသို့ ဦးတိုက်လျှေ
က်ထားကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ပြည်သတင်း



Read More...

Friday, June 9, 2017

သတင်းလွတ်လပ်ခွင့် ရှိရမည် ဟုပြည်မြို့ရှိ မြေလတ်သတင်းထောက်များ ဇွန်လ(၁၀)ရက် နေ့နံနက်(၁၀)နာရီတွင် ပြည်မြို့ဗိုလ်ချုပ်ကျောက် ရုပ်ရှေ့ဆန္ဒထုတ်ဖော်

Leave a Comment

သတင်းလွတ်လပ်ခွင့် ရှိရမည် ဟုပြည်မြို့ရှိ
မြေလတ်သတင်းထောက်များ ဇွန်လ(၁၀)ရက်
နေ့နံနက်(၁၀)နာရီတွင် ပြည်မြို့ဗိုလ်ချုပ်ကျောက်
ရုပ်ရှေ့ဆန္ဒထုတ်ဖော်

ပြည့်သဲမောင်(ပြည်)09423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ပြည်သတင်း

Read More...

Facebook Like Page