Monday, May 30, 2016

မြေကွက်ရောင်းမည်

Leave a Comment

မြေကွက်ရောင်းမည်

အောင်လံမြို့နယ်၊ ပြလို့ရွာ။ ရန်ကုန်-ပြည်ကားလမ်းဘေး၊ အထကကျောင်းအနီးရှိ  (၈)ပင်x(၃)ခန်း တစ်ထပ်ပတ်ကားအိမ်နှင့် အလျား(70)ပေx အနံ (45)ပေရှိ  မြေကွက်အား
 သိန်း (350)ဖြင့် ရောင်းချပါမည်။
ဆက်သွယ်ရန် ဦးနေမြတ်- (09)423661132
ဒေါ်ငြိမ်းငြိမ်းထိုက်(09)5310195 သို့ ဆက်သွယ်နိုင်ပါသည်။





Read More...

ပြည် မေ (၃၀) ရက်နေ့ ပြည်မြို့ ပြည်ရန်ကုန်လမ်းမ မိုင်တိုင်၁၇၈/၁၇၉ကြား တွင် 30•5•2016နေ့လည် 12:40ဝန်းကျင်ခန့်၌ စိန်ပန်းပင်ကျိုးကျရာ အရန်မီးသတ်တပ်ဖွဲ့တပ်စု(5 ) ဆံတော်အရန်မီးသတ် ရွှေကူမီးသတ်ဖွဲ့တပ်စု(7 ) နှင့်ယာဉ်ထိန်းတပ်ဖွဲ့များ ပြည်မြို့မရဲစခန်းမှတပ်ဝင် များလာရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။ ပြည့်သဲမောင်(ပြည်)09-4236 71883 ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ

Leave a Comment
ပြည် မေ (၃၀) ရက်နေ့ 
ပြည်မြို့  ပြည်ရန်ကုန်လမ်းမ မိုင်တိုင်၁၇၈/၁၇၉ကြား
တွင် 30•5•2016နေ့လည် 12:40ဝန်းကျင်ခန့်၌ 
စိန်ပန်းပင်ကျိုးကျရာ  အရန်မီးသတ်တပ်ဖွဲ့တပ်စု(5 )
ဆံတော်အရန်မီးသတ်  ရွှေကူမီးသတ်ဖွဲ့တပ်စု(7 )
နှင့်ယာဉ်ထိန်းတပ်ဖွဲ့များ ပြည်မြို့မရဲစခန်းမှတပ်ဝင်
များလာရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ





Read More...

သတင်းတို ပြည် မေ (၃၀) ရက်နေ့ ပြည်မြို့ စက်မှုကွက်သစ် ကနောင်မင်းသားကြီးလမ်းနှင့် ဦးညိုလမ်းထောင့် စက်မှုကွက်သစ်အနီးတွင် မေလ (၃၀) ရက်နေ့ နေ့လည် (၁)နာရီကျော်ခန့် ဆက်သွယ်ရေး ဖုန်းမိန်းကြိုး ပေါ်သို့ သစ်ကိုင်းပြုတ်ကျသဖြင့် ကြိုးနှစ်ချောင်းပူးကာ ကြိုးရှော့ဖြစ်ခဲ့ကြောင်းကနဦးသတင်း တင်ပြအပ်ပါသည်။ ပြည့်သဲမောင်(ပြည်)09-4326 71883 ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Leave a Comment

သတင်းတို ပြည် မေ (၃၀) ရက်နေ့
ပြည်မြို့ စက်မှုကွက်သစ် ကနောင်မင်းသားကြီးလမ်းနှင့်
ဦးညိုလမ်းထောင့် စက်မှုကွက်သစ်အနီးတွင် မေလ (၃၀)
ရက်နေ့ နေ့လည် (၁)နာရီကျော်ခန့် ဆက်သွယ်ရေး ဖုန်းမိန်းကြိုး
ပေါ်သို့ သစ်ကိုင်းပြုတ်ကျသဖြင့် ကြိုးနှစ်ချောင်းပူးကာ 
ကြိုးရှော့ဖြစ်ခဲ့ကြောင်းကနဦးသတင်း တင်ပြအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-4326 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Sunday, May 29, 2016

နှစ်ပေါင်း (၂၀၀၀)ကျော် န၀၀ါသီ (သို့မဟုတ်) ပြည်မြို့ သမိုင်းအကျဉ်း

Leave a Comment


နှစ်ပေါင်း (၂၀၀၀)ကျော် န၀၀ါသီ (သို့မဟုတ်)
ပြည်မြို့ သမိုင်းအကျဉ်း

အင်္ဂလိပ်တို့သည် န၀၀ါသီ (ပြည်မြို့)ဟောင်းနှင့် ပြည်ရွှေနန်းတို့ကို လုံးဝအစဖျောက် ဖြိုဖျက်ပြီးနောက် သာမန်ပြည်မြို့သစ်ကို ခရစ်နှစ် (၁၈၆၂)ခုနှစ်တွင် ၎င်းတို့စိတ်တိုင်းကျ မြို့ကွက်ရိုက်ခဲ့ . . .
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ဘုရားဖြစ်သည်မှ (၉)ကိုးလမြောက်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ပြာသိုလပြည့်၊ ဘီစီ(၅၇၇)တွင် သီဟပဗ္ဗတ အမည်ရှိသော “ဖိုးဦးတောင်”သို့ ပထမအကြိမ် ကြွရောက်တော်မူပြီးနောက် (၁၂)နှစ်ကာလကြာသော် ဝေဋ္ဌဒီပမင်း၏သားတော် သီရိခေတ္တမင်းသားသည် မိမိ၏နောက်လိုက် ဗိုလ်ခြေအများ နှင့်တကွ မြို့သစ်တည်ထောင်ရန်အတွက် သလ္လာဝတီ ဧရာဝတီမြစ်များကို ကူး၍မြို့သစ်တည်ရန် နေရာ ရှာဖွေကြသည်။

ယခု ပြည်မြို့တည်ရှိရာ အရပ်သို့ ရောက်ကြရာတွင် မြို့သစ်တည်ရန် မြေအနေအထား အလွန်ကောင်းမွန် သင့်မြတ်လှသဖြင့် သီရိခေတ္တမင်းသားသည် ပညာရှိတို့အား အတိတ်၊ နိမိတ်ဖတ်စေသည်။ ပညာရှိတို့က ဤအရပ်၌မြို့သစ် တည်သည်ရှိသော် ကြည့်ရှုမစသူများပြီး အဓွန့်ရှည်စွာ တည်လတ္တံ့၊ သားတော်မြေးတော် အစဉ်အဆက် ဘုန်းတန်ခိုးကြီးမားသော မင်းများဖြစ်၍ “ဂဠုန်နဂါး”တို့ကို အစိုးရလတ္တံ့ဟု နိမိတ်ကောင်း ဖတ်ကြားကြကုန်၏။

သီရိခေတ္တမင်းသားသည် ထိုသို့သောမင်္ဂလာ အတိတ်နိမိတ်တို့ကို အကြောင်းပြု၍ ဘီစီ(၅၈၉)၊ မဟာသက္ကရာဇ် (၁၁၅)ခု၊ တပေါင်းလဆန်း(၁) ရက်မှ အစပြု၍ မြို့အင်္ဂါ အစုံအလင်ဖြင့် တည်ဆောက်ရာ လပြည့်နေ့တွင် ပြီးစီး လေသည်။ မြို့အမည်ကိုလည်း တောအုပ်ကို အသစ်ခုတ်ထွင် ရှင်းလင်း၍ မြို့သစ် တည်ထောင်သောကြောင့် ““န၀၀ါသီ””ဟု ကမ္ပည်းမော်ကွန်း ထိုးခဲ့ပေသည်။ ဤသို့ န၀၀ါသီတွင် မင်းများစဉ်ဆက်မပြတ် စိုးစံလာကြရာ တွင် ရှရီချေတ္တရ(သို့) သရေခေတ္တရာ မြို့ပြနိုင်ငံတော် ခေတ်တွင်လည်း သရေခေတ္တရာ ပြည့်ရှင် ဒွတ္တဘောင် မင်းကြီးသည် ယောက်ဖတော် “နန္ဒသူရိယ” မင်းသားကို သာသနာနှစ် (၁၀၅)ခုနှစ်တွင် န၀၀ါသီ (ပြည်မြို့)၌ ထီးနန်းပြု၍ အုပ်ချုပ် မင်းပြုစေခဲ့သည်။

ပုဂံမြို့တည် သမုဒ္ဒရာမင်းသည် သီဟသူကို သမီးတော် သာလာဝတီနှင့် လက်ထပ်ပေးပြီး ထီးဖြူနှင့်တကွ မင်းမြောက် တန်ဆာတို့ကို ပေးသနား၍ နန်းတည်ပြီးလျှင် သက္ကရာဇ် (၈၁)ခုနှစ်တွင် န၀၀ါသီ(ပြည်မြို့)တွင် မင်းပြုစေပြီး သတိုးသီဟ ရာဇာဘွဲ့တော် အပ်နှင်းခဲ့သည်။

ဤသို့ဖြင့် န၀၀ါသီ (ပြည်မြို့)သည် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထောင်သည့် မြို့တစ်မြို့ ဖြစ်ကြောင်း မြန်မာ့ရှေးဟောင်း စာပေသမိုင်းများက မှတ်တမ်းပြု ထားခဲ့သည်။ ဤသို့ဖြင့် န၀၀ါသီမြို့သည် ဘုရားရှင်လက်ထက် ကာလကပင် မြို့တစ်မြို့အဖြစ် နှစ်ပေါင်း (၂၀၀၀)ကျော် ထင်ရှား ရပ်တည်လာခဲ့ သော်လည်း သရေခေတ္တရာပြည်ကြီး လုံးဝပျက်သုဉ်းသွားသည့် နောက်ပိုင်း ကူးသန်း သွားလာမှု လွယ်ကူသည့် ဧရာဝတီ မြစ်ကမ်းပါးရှိ န၀၀ါသီမြို့သို့ သရေခေတ္တရာ ပျူလူမျိုးများ ပြောင်းရွှေ့ နေထိုင်လာကြသည်။ န၀၀ါသီမြို့တွင် ပျူလူဦးရေ တဖြည်းဖြည်းများလာပြီး ပျူလူမျိုးတို့ အမျိုးအနွယ် အစဉ်အလာမပျက် နေထိုင် လာသည်ကို အစွဲပြု၍ “ပျူမြို့”ဟု ခေါ်တွင်ခဲ့ကြသည်။

 ဤသို့ဖြင့် န၀၀ါသီမြို့ အမည်ပျောက် ပြီးပျူမြို့မှ နောင်အခါတွင် “ပြည်မြို့”ဟူ၍ ခေါ်တွင် ထင်ရှားလာသည်မှာ ယနေ့တိုင် ဖြစ်ပေသည်။ (ပျူလူမျိုးများ နေထိုင်ခဲ့သည့် မှော်ဇာကျေးရွာ အနီးတွင် မြို့ရိုးများ၊ ဘုရားစေတီ၊ ပုထိုးများ၊ ဂူသင်္ချိုင်း နှင့်ပျူခေတ် ယဉ်ကျေးမှု ပြတိုက်လည်းရှိသည်။)
ပုဂံပြည့်ရှင် နရသီဟပတေ့မင်း (တရုတ်ပြေးမင်း)၏ သားတော်သီဟသူ (၆၀၄-၆၄၆)သည် ပြည်မြို့ကို မြို့အင်္ဂါရပ်များနှင့် အညီ ပြန်လည် အသစ်တည်ဆောက်ခဲ့သည်။ ပြည်မင်းသီဟသူသည် ရှေးမင်းအဆက်ဆက် တည်ဆောက် စိုးစံခဲ့သော ပြည်မြို့ဟောင်းကိုပင် ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပစ္စင် အစရှိသော မြို့အင်္ဂါရပ်များဖြင့် ပြည်ရွှေနန်းမြို့ကို အခိုင်အမာ တည်ဆောက် မင်းပြုခဲ့သည်။

ထိုသို့ဖြင့် ပြည်မြို့သည် တစ်ခါတစ်ရံ ဘုရင်အုပ်ချုပ်သော မြို့အဖြစ်လည်းကောင်း၊ မြို့စားမြို့ဝန် အုပ်ချုပ်သော မြို့အဖြစ်လည်းကောင်း၊ မြို့စားမြို့ဝန် အုပ်ချုပ်သော မြို့အဖြစ်လည်းကောင်း အသွင်အမျိုးမျိုးဖြင့် စိုးစံအုပ်ချုပ် ခဲ့ရာမှ ခရစ်နှစ် (၁၈၅၂)ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် တိုင်းတစ်ပါး ကျူးကျော် နယ်ချဲ့အင်္ဂလိပ် တို့၏ ကိုလိုနီ လက်အောက်သို့ ပြည်မြို့ကျရောက်ခဲ့ရပြီး သူ့ကျွန်ဘ၀ ကျရောက်ခဲ့ရသည်။ ပြည်ရွှေထီး၊ ရွှေနန်း လည်း ကွယ်ပျောက် ခဲ့ရပေတော့သည်။

ခရစ်နှစ် (၁၈၅၂)ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် အင်္ဂလိပ်တို့သည် ပြည်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထောင်စိုးစံခဲ့သည့် ပြည်ရွှေနန်း မြို့နေရာပေါ်တွင် အင်္ဂလိပ်တို့က အကျဉ်းသား ချုပ်နှောင်ရာ အကျဉ်းထောင်ကိုဦးစွာ ပထမတည်ထောင်ခဲ့သည်။ (ပြည်ရွှေနန်းတော်သည် ယနေ့စည်ပင်သာယာ ဈေးကြီးနေရာဖြစ်သည်။)
အင်္ဂလိပ်တို့သည် မြန်မာမင်းများ နှစ်ပေါင်း (၂၀၀၀)ကျော် တည်ထောင်စိုးစံခဲ့သည့် ပြည်ရွှေ နန်းမြို့ကို လုံးဝ အစဖျောက် ဖျက်သိမ်းပြီး ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ သာမန်မြို့သစ် တည်ဆောက်ရန် မြို့သစ် တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ကြိုးပမ်းခဲ့ကြသည်။

 ဤသို့လုပ်ဆောင်ရင်း (၁၀)နှစ် အကြာ ခရစ်နှစ်(၁၈၆၂) ခုနှစ်တွင် ပြည်မြို့၌ မြို့လုံးကျွတ် အရပ်လေးမျက်နှာ တစ်ပြိုင်နက်တည်း မီးအကြီး အကျယ် လောင်ကျွမ်းခဲ့သည်။ မြန်မာမင်းများ တည်ထောင်ခဲ့သည့် ပြည်တစ်မြို့လုံး ပြာပုံဘ၀ ရောက်ခဲ့ရပြီး မရိုးသားသည့် လုပ်ကြံ မီးလောင်တိုက်သွင်းမှု တစ်ရပ်ပင်တည်း။ အင်္ဂလိပ်တို့၏ အကြံပက်စက် ရက်စက် ယုတ်မာလှသည့် လုပ်ကြံမှုတစ်ရပ် ဖြစ်သည်။

အင်္ဂလိပ်တို့သည် မြန်မာတိုင်းရင်းသားများ ဇာတိသွေး ဇာတိမာန်၊ အမျိုးသားရေး စိတ်ဓာတ် လုံးဝချုပ်ငြိမ်း ပျောက်ကွယ်စေရန် ကိုလိုနီအုပ်ချုပ်ရေး၊ ယန္တရား စတင် အကောင်အထည်ဖော်ရန် ရည်မှန်းချက်ဖြင့် ဗုဒ္ဓဘုရားရှင် လက်ထက်ကပင် စတင်တည်ဆောက်ခဲ့သည့် ပြည်ရွှေနန်းမြို့ကို အစအနမကျန်အောင် အုတ်မြို့ရိုးများကို ဖြိုချပြီး ကျုံးများကို လုံးဝပျောက်ကွယ်သွားသည်အထိ မြေဖို့ခဲ့ကြသည်။ မြို့ရိုးများ၊ ကျုံးများနှင့် နန်းတော်ရာပါ မကျန်အောင် စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီး ဗြိတိသျှကိုလိုနီတို့သည် ပြည်မြို့ကို သာမန်မြို့သစ် တည်ဆောက်ရေး (၃)နှစ် စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်တို့ (၁၈၆၂)ခုနှစ်က စတင်ခဲ့သည့် (၃)နှစ် စီမံကိန်းဖြင့် တည်ဆောက်ခဲ့သည့် ပြည်မြို့သစ်သည် ယနေ့တည်ရှိနေသည့် ပြည်မြို့ပင် ဖြစ်ပါသည်။

အင်္ဂလိပ်တို့သည် န၀၀ါသီ (ပြည်မြို့)ဟောင်းနှင့် ပြည်ရွှေနန်းတို့ကို လုံးဝအစဖျောက် ဖြိုဖျက်ပြီးနောက် သာမန်ပြည်မြို့သစ်ကို ခရစ်နှစ် (၁၈၆၂)ခုနှစ်တွင် ၎င်းတို့ စိတ်တိုင်းကျ မြို့ကွက်ရိုက်ခဲ့သည်။ အင်္ဂလိပ်တို့ မြို့သစ် တည်ဆောက်ရာတွင် ပြည်မြို့ကို စတင်သိမ်းစဉ်က ပြည်ရွှေနန်းတော်နေရာတွင် အကျဉ်းထောင်အဖြစ် တည်ဆောက်ထားသည်။ (ယနေ့ တည်ရှိနေသည့် ပြည်စည်ပင်သာယာ ဈေးကြီးနေရာ ဖြစ်သည်) နောက်ပိုင်း ပြည်မြို့သစ် အရှေ့မြောက်ဘက်သို့ အကျဉ်းထောင်အသစ် ပြောင်းရွှေ့တည်ဆောက်သည်။ (ယနေ့တည် ရှိနေသည့် ပြည်အကျဉ်းထောင် ဖြစ်သည်။)

အင်္ဂလိပ်တို့သည် ပြည်မြို့သစ် တည်ရာတွင် န၀၀ါသီပြည်မြို့ဟောင်းထက် ပိုမိုကျယ်ဝန်းစွာ မြို့ကွက် ရိုက်ခဲ့သည်။ ပြည်မြို့သစ် အရပ်လေးမျက်နှာ၌ ရပ်ကွက်ကြီးများ တိုးချဲ့ သတ်မှတ်ခဲ့သည်။ ပြည်မြို့သစ် အရှေ့ဘက်တွင် ရွာဘဲရပ်ကွက်၊ အနောက်ဘက်တွင် ကျောင်းကြီးရပ်ကွက်၊ တောင်ဘက်တွင် ဆင်စုရပ်ကွက်၊ မြောက်ဘက်တွင် န၀င်းချောင်းကို အစွဲပြု၍ န၀င်းရပ်ကွက်နှင့် မြို့အလယ်တွင် လေးဆူဓာတ်ပျော် ရွှေဆံတော် ထီးတော်ရိပ်အောက်တွင် တည်ရှိရာ ဆံတော်ရပ်ကွက်နှင့် မြို့အတွင်း လမ်းများကိုလည်း ရာဇ၀င် အကြောင်း အရာများနှင့် လိုက်ဖက်အောင် ခေါ်တွင်စေခဲ့ပါသည်။

ကျမ်းကိုး။ ပြည်အစိုးရကျောင်းအမှတ်(၁) အထက မှတ်တမ်းနှင့် န၀၀ါသီ(ပြည်မြို့) မှတ်တမ်းအကျဉ်း။ ကျော်ဒင်ဟန် (B.A, Dip.Ed) သမိုင်းသုတေသီ ပညာရှင်၊ ပြည်မြို့။

ဓမ္မသံတော်ဆင့်စာပေ
မောင်(စွယ်စုံကျမ်း)
ဓာတ်ပုံ - Pyae Phyo Pyay



Read More...

Saturday, May 28, 2016

မ၀တ.လက်ထက်ကသိမ်းယူထားသည့် လယ်ယာမြေ ဧကလေးထောင်ကျော်တွင် သီဟိုဠ်သရက်စိုက်ခင်းစီမံကိန်းမအောင်မြင်သောကြောင့် သိမ်းဆည်းခံတောင်သူများလယ်ယာမြေများပြန်ရလို

Leave a Comment



မ၀တ.လက်ထက်ကသိမ်းယူထားသည့် လယ်ယာမြေ ဧကလေးထောင်ကျော်တွင် သီဟိုဠ်သရက်စိုက်ခင်းစီမံကိန်းမအောင်မြင်သောကြောင့် သိမ်းဆည်းခံတောင်သူများလယ်ယာမြေများပြန်ရလို

 

ပြည်၊မေ၊၂၈

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်အတွင်းမှာရှိသည့် သရေခေတ္တရာရှေးဟောင်းနယ်အဖြစ်မသတ်မှတ်ခင်က သီဟိုဠ်သရက်စိုက်ခင်းစီမံကိန်းဖော်ဆောင်ရန်အတွက် နိုင်ငံတော်မှ မှုတ်ရှည်အုပ်စု၊မှော်ဇာအုပ်စု၊မုဋ္ဌောအုပ်စု၊တောင်ခွေးရဲအုပ်စုများမှ လယ်ယာမြေများကို ဒေသခံများထံမှ သိမ်းယူအကွက်ရိုက်၍ ပြည်မြို့နယ်အတွင်းမှာရှိသည့် ဌာနဆိုင်ရာအကြီးအကဲများ၊အရာရှိများ၊၀န်ထမ်းများအား ပြန်လည်မျှဝေပေးခဲ့ထားပြီး သိမ်းယူထားသည့် လယ်ယာမြေတွေမှာ သီဟိုဠ်သရက်စိုက်ခင်းစီမံကိန်းမအောင်မြင်သောကြောင့် မှုလပိုင်ရှင်တွေက သိမ်းယူထားသည့် လယ်နှင့်ယာမြေများအား  ပြန်လိုချင်လျှက်ရှိနေကြောင်းဒေသခံများထံက သိရသည်။

 

အဆိုပါ သရေခေတ္တရာရှေးဟောင်းနယ်အဖြစ်မသတ်မှတ်ခင် မ၀တ-ဗိုလ်ချုပ်တွေလက်ထက်မှာ မ၀တ-အတွင်းရေးမှူး ဦးစိန်မင်း-အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မြို့နယ်မြေစာရင်းဌာန နှင့် လယ်ယာစိုက်ပျိုးရေးဌာနတို့မှ နိုင်ငံတော်၏ သီဟိုဠ်စိုက်ပျိုးရေးစီမံကိန်းဖော်ဆောင်ရန်အတွက် လူတစ်ဦးကို(၁၀)ဧက နှုံး နဲ့သီဟိုဠ်သရက်စိုက်ခင်းအတွက် အကွက်တွေရောင်းချနိုင်ရန်အတွက် မြေဧက(၄၀၀၀)ကျော်ကို သိမ်းယူထားခဲ့ပြီးနောက်ပိုင်း သီဟိုဠ်သရက်စိုက်ခင်းများမှာ မအောင်မြင်ပဲ အကွက်ရထားသူတွေမှ မြေနီတူးရောင်းစားခြင်း၊တောင်တွေဖြိုမြေညှိပြီး၊အကွက်ပြန်လည်ရိုက်၍ ရောင်းချခြင်းများပြုလုပ်နေခဲ့သောကြောင့် မူလပိုင်ရှင်တွေကသူတို့မြေနေရာတွေကိုပြန်လိုချင်နေကြကြောင်း မှုလမြေပိုင်ရှင်များထံကသိရသည်။

 

    

နှမ်းတွေစိုက်ထားရင်တန်းလမ်းနဲ့ အတင်းသိမ်းသွားကြတာပါ။ခြိမ်းချောက်ပြီးသိမ်းခဲ့ကြတာ။သိမ်းထားတဲ့လယ်နဲ့ယာမြေတွေကို စွန့်လွှတ်ကြောင်း မ၀တ-အတွင်းရေးမှူး ဦးစိန်မင်းက လက်မှတ်ထိုးခိုင်းတယ်။ ခင်ဗျားတို့ လက်မှတ်မထိုးလဲ ကျုပ်တို့က သိမ်းရမှာပဲ ဆိုပြီး ဦးစိန်မင်းကပြောသွားတယ်။နိုင်ငံတော်အတွက် သီဟိုဠ်စိုက်ခင်းလုပ်ဖို့ဆိုပြီးသိမ်းသွားတာ။သီဟိုဠ်စိုက်ခင်းကဘာမှမဖြစ်ထွန်းမအောင်မြင်တော့ သူတို့ရိုက်ပေးထားတဲ့အကွက်တွေရသူတွေက မြေနီတွေတူးပြီးရောင်းစားတယ်။တစ်ချို့ကအဲဒီအကွက်တွေကို အကွက်ပြန်ရိုက်ပြီးထပ်ဆင့်ပြန်ရောင်းစားကြတယ်။ကျွန်တော်တို့မြေကွက်တွေကို အနိုင်ကျင့်ယူသွားကြတာကို အားလုံးလက်ပိုက်ကြည့်နေရတယ်။နိုင်ငံတော်အတွက်အကျိုးရှိရာမလုပ်ကြဘူး။ကျွန်တော်တို့မြေကွက်တွေကျွန်တော်တို့ပြန်လိုချင်ပါတယ်။” ဟု ပြည်မြို့နယ်၊မှုရှည်အုပ်စု၊ကင်မွန်းခြုံကျေးရွာ၊လယ်/ယာမြေ ဧက-၂၀ အသိမ်းခံရသူ ဦးတင်မြင့်-ကပြောသည်။

 

အဆိုပါ လယ်နှင့်ယာမြေဧကပေါင်း လေးထောင်ကျော်အား ၁၉၉၂-ခုနှစ်ခန့် န၀တ စစ်အစိုးရလက်ထပ်မှာသိမ်းယူခံခဲ့ရတာဖြစ်ပြီး ယင်းလယ်ယာမြေများအသိမ်းခံပြီးမှာ ဒေသခံလယ်ယာအသိမ်းခံရသူတွေ လယ်ယာလုပ်ငန်းများရှားပါးလာ၍ ကြုံရာကျဘမ်းအလုပ်များလုပ်ကိုင်စားသောက်လာပြီး ဒေသခံကလေးငယ်များ၏ ပညာရေးများထိခိုက်လာသည်အထိဖြစ်ပေါ်လာခဲ့ရကြောင်းသိရပြီး တစ်ခြားမြို့နှင့်ကျေးရွာများသို့ပြောင်း၍ လုပ်ငန်းများပြောင်းလဲလုပ်ကိုင်လာရသည်အထိဖြစ်ပေါ်လာခဲ့ကြောင်း ၂၅-နှစ်ကျော် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ရန် မြေမရှိသောကြောင့် စားဝတ်နေရေးများယနေ့အထိ ဒုက္ခရောက်နေကြောင်း ဒေသခံများထံကသိရသည်။

 

 “သီဟိုဠ်သရက်စိုက်ခင်းတွေသိမ်းစဉ်က ကျွန်တော်မပါခဲ့သလို ကျွန်တော်သိမ်းခဲ့တာမဟုတ်ပါဘူး။အခုနောက်ပိုင်းမှာ မြေ/စီအဖွဲ့ကိုလည်း ဖျက်သိမ်းပြီးသွားပြီဆိုတော့ နောက်လာမည့် အဖွဲ့အစည်းအသစ်အနေနဲ့တော့ လာကောင်းလာနိုင်ပြီးဖြေရှင်းပေးနိုင်မယ်လို့ထင်ပါတယ်။” ဟု ပြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန-ဦးစီးအရာရှိ-ဦးလင်းအေးချမ်း-ကပြောသည်။

 

အဆိုပါ နိုင်ငံတော်၏ သီဟိုဠ်သရက်စီမံကိန်းအတွက် သိမ်းယူသွားသည့် လယ်မြေကိစ္စများနှင့်ပတ်သက်ပြီး လယ်ယာမြေများအသိမ်းခံရသည့်တောင်သူ ၄၃-ဦးမှ လက်မှတ်ရေးထိုး၍ ၂၀၁၆-မေလ(၉)ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးအပါဝင် သက်ဆိုင်ရာ ၀န်ကြီးဌာနပေါင်း ၂၂-ခုအား တင်ပြတိုင်ကြားထားသော်လည်း ယနေ့အထိ ယင်းကိစ္စအား စီမံဆောင်ရရွက်ပေးခြင်းမရှိသေးကြောင်းလယ်ယာမြေများသိမ်းဆည်းခံရသည့် တောင်သူများထံကသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ

ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉

 


Read More...

Facebook Like Page