Friday, December 25, 2015

သရေခေတ္တရာမြို့ ဟောင်းမှ ဂုဏ်ယူစရာ အနုလက်ရာ

Leave a Comment


သရေခေတ္တရာမြို့ ဟောင်းမှ ဂုဏ်ယူစရာ အနုလက်ရာ
*********************************
ပျူ တို့သည် ရွှေ၊ငွေ၊ကျောက်မျ က်ရတနာနှင့် သတ္ထု ထည်များကို အသုံးအဆောင်လက်ဝတ်
တန်ဆာနှင့် အနုလက်ရာပစ္စည်းများအဖြစ် ကောင်းစွာဖန်တီး ထုတ်လုပ်ခဲ့သူများဖြစ်ကြောင်း
ပျူ မြို့ တော်များမှ ရရှိသော အထောက်အထားပစ္စည်းများက သက်သေပြလျှက်ရှိပါသည်။
သရေခေတ္တရာမြို့ ဟောင်းမှ တွေ့ရှိရသော ငွေလင်ဗန်းများတွင် ဆန်းကြယ်သော ကြာရိုး
ကြာနွယ် ကနုတ်ပန်းလက်ရာနှင့် လှပပြေပြစ်သည့် ကိန္နရီ ကိန္နရာ (ဒဏ္ဏာရီလာငှက်)၊
ဥဒေါင်းပုံ( ကျက်သရေမင်္ဂလာ အမှတ်လက္ခဏာ)၊ ခြင်္သေ့ (တော်ဝင်အမှတ်အသား )၊ရုပ်များကို
လက်ရာမြောက်စွာ ထုလုပ်ထားသည့်နည်းတူ ငွေသားမျက်နှာပြင်ပေါ်တွင် ရွှေရောင်
တောက်ပအောင် နည်းပညာကျွ မ်းကျ င်မှုဖြင့် ဖန်တီးထားမှုများ မှာ တမျိုးသားလုံးအတွက်
ဂုဏ်ယူစရာ အနုလက်ရာများပင်ဖြစ်ပါသည်။

Silver plates and trays from Sriksetra ancient city
***********************************
Many objects made in stone, iron, bronze and semi-precious stone were found
in the Pyu cities and sites. Furthermore, the Pyu were highly specialized in metallurgical production of silver and gold artifacts as shown in silver plates
and trays found at Sriksetra. These precious objects are decorated with lotus leaves or floral pattern, and Kinnari-Kinara (mythical birds), peacocks(good auspicious) and lions (symbol of royalty) coated in gold. So, we should proud of our precious objects and our heritage.
Heritage Trust Of PYU Cities မှ
ပြည်သတင်းလူငယ်(ပြည်သတင်း) ပြန်လည်ကူးယူဖော်ပြသည်။
09253311019

Read More...

လိပ်ကျွန်းလူသတ်မှု သေဒဏ်ချခဲ့ရသော မြန်မာနိုင်ငံသားနှစ်ဦး အတွက် ရှင်သန်ရေး ဆုတောင်းပွဲပြည်မြို့ရှိလူငယ်များကျင်းပပြုလုပ်

Leave a Comment

လိပ်ကျွန်းလူသတ်မှု သေဒဏ်ချခဲ့ရသော မြန်မာနိုင်ငံသားနှစ်ဦး အတွက် ရှင်သန်ရေး ဆုတောင်းပွဲပြည်မြို့ရှိလူငယ်များကျင်းပပြုလုပ်



ပြည်၊ဒီဇင်ဘာ၊၂၅





ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ဒီဇင်ဘာ ၂၅-ရက် နေ့လည် ၁၂ နာရီချိန်ခန့်က လိပ်ကျွန်းလူသတ်မှု သေဒဏ်ချခဲ့ရသော မြန်မာနိုင်ငံသားနှစ်ဦး အတွက် ရှင်သန်ရေး ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ ပြည်မြို့ဒေသခံလူငယ်တစ်စုမှ ထိုင်းငံ လိပ်ကျွန်းလူသတ်မှုဖြင့် ထိုင်းတရားသူကြီးမှ မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်ချမှတ်သည့်အပေါ် မြန်မာနိုင်ငံသားများအနေဖြင့် လုံးဝကျေနပ်မှုမရှိကြောင်း ၄င်းအမိန့်အားပြန်လည်ပြင်ဆင်ပေးရန် နှင့် အမြန်ဆုံးပြန်လည်လွှတ်မြောက်လာစေရန် ဆုတောင်းပွဲများကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်း အဆိုပါ လူငယ်များထံမှသိရသည်။



ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွာ ၂-ဦး အသတ်ခံရသည့်အမှုမှာ အပြစ်ရှိတယ်ဆိုပြီး မြန်မာနိုင်ငံသား ၂-ဦးကို ထိုင်းတရားရုံးက သေဒဏ်စီရင်ချက်ချမှတ်ခဲ့မှုကြောင့် ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်ဝေဖန်မှုတွေလည်း မြန်မာနိုင်အတွင်းပျံ့နှံ့လျှက်ရှိကြောင်းသိရသည်။





“ ထိုင်းနိုင်ငံမှာ အပြစ်မရှိတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကိုသေဒဏ်ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး လူငယ်တွေလက်ဖက်ရည်ဆိုင်ထိုင်ရင်းနဲ့ ခုလိုဆုတောင်းပွဲတစ်ခုပြုလုပ်ကြမယ်လို့ဆုံးဖြတ်ကြပါတယ်။ ကျွန်တော်တို့လူငယ်တွေ အားကိုးစရာအားထားစရာဆိုလို့ ဒီလိပ်ကျွန်းအမှုမှာ ဘုရားပဲကယ်နိုင်တော့မယ်ထင်ပါတယ်။ အဲဒါကြောင့်ဘုရားမှာ လူငယ်တွေစုပေါင်းပြီး ဆုတောင်းပွဲလုပ်ကြတယ်။ တရားရုံးတွေနဲ့ အာဏာပိုင်တွေဘယ်လိုလုပ်ကြမလဲဆိုတာကျွန်တော်တို့မသိပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံသား နှစ်ဦးကို ခိုင်လုံတဲ့သက်သေအထောက်အထားမရှိရင်အမြန်ဆုံးပြန်လွှတ်ပေးပါလို့တောင်းဆိုပါတယ်။” ဟု ပြည်မြို့ဒေသခံ ကိုကျော်ထွန်းကပြောသည်။



အဆိုပါဆုတောင်းပွဲကို ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်ပေါ်တွင် လက်ယာရစ် သုံးပတ်လှည့်လှည်၍ ဗုဒ္ဓဟူးထောင့်ရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်ရှေ့တွင် ထိုင်းတရားသူကြီးမှ သေဒဏ်ချမှတ်ခြင်းခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးအတွက် အမြန်ဆုံးလွှတ်မြောက်စေရန် ဆုတောင်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။



“တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး သိနေတဲ့အမှုပါ။ထိုင်းတရားသူကြီးက မြန်မာနိုင်ငံသားနှစ်ဦးအပေါ်မှာ အပြင်းထန်ဆုံး သေဒဏ်အမိန့်ပေးလိုက်တာဟာ မတရားဘူး။မတရားအစွတ်စွဲခံနေရတယ်ဆိုတာ အကုန်လုံးသိကြပါတယ်။ Facebook ပေါ်မှာအမိန့်ချတဲ့ ဗီဒီယိုဖိုင်တက်လာလို့ ဖွင့်ကြည့်မိတာ အသားတွေတစ်ဆက်ဆက်တုန်လာပြီး မျက်ရည်တောင်ကျခဲ့မိတယ်။အခုလဲ ကျွန်တော်ပရဟိတတေ အများအကျိုးအတွက်လုပ်နေတယ်။အဲဒိကောင်းမှုတွေကြောင့် ထိုင်းတရားသူကြီးက သေဒဏ်ချမှတ်ခြင်းခံလိုက်ရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအမြန်ဆုံးလွှတ်မြောက်ပါစေဆုတောင်းတယ်။နိုင်ငံတော်လူကြီးတွေအားလုံး တတ်နိုင်တဲ့ဘက်ကအကောင်းမွန်ဆုံးထိရောက်အောင်တောင်းဆိုပေးပါ။”ဟု ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်းသား ကိုရာပြည့် ကပြောသည်။



အဆိုပါဆုတောင်းပွဲအား ပြည်မြို့ဒေသခံလူငယ် ၁၅-ဦးကျော်မှ ပြည်ရွှေဆံတော်ဘုရားပေါ်တွင် လိပ်ကျွန်းလူသတ်မှု သေဒဏ်ချခဲ့ရသော မြန်မာနိုင်ငံသားနှစ်ဦး အတွက် ရှင်သန်ရေး စာသားပါဗီနိုင်းပိုစတာတစ်ခု နှင့် အောင်သပြေပန်းများ၊အမွှေးနံ့သာတိုင်၊အလင်းတိုင်(ဖယောင်းတိုင်)များကိုင်ဆောင်ကာ ဆုတောင်းမှုများအား တစ်ရီအချိန်ခန့်ကြာမြင့်စွာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်မြို့ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းနိုင်ကဆုတောင်းပွဲပြုလုပ်ရခြင်းဖြစ်သောကြောင့် တရားစွဲဆိုသွားရန် လုံးဝမရှိကြောင်းပြောကြားခဲ့သည်။



K3(pyay)


Read More...

ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိရှုံ့ချကြောင်း ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

Leave a Comment



ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိရှုံ့ချကြောင်း ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

 

ပြည်၊ ဒီဇင်ဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ကိုးနာရီချိန်ခန့်က ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များအလိုမရှိ၊ ရှုံချကြောင်း ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ပြည်သူ့အထောက်အကူပြုကွန်ရက်(ပြည်) ကဦးဆောင်ခဲ့တာဖြစ်ပြီး ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့တွေ ပင်စင်ပေးမည့်ကိစ္စလုံးဝအလိုမရှိ၊ ပြည်သူ့ဘဏ္ဍာတွေကိုသုံးချင်လိုသုံးတဲ့ အစိုးရအလိုမရှိ၊ တို့ငွေတွေကို တို့လက်ခံပဲ အလွဲသုံးစား မလုပ်ပါနဲ့၊ ငှားနှစ်တာတာဝန်ထမ်းဆောင်ရုံနှင့် ပင်စင်ရကောင်းသလား အစရှိသည့် စာသားများရေးသားဖော်ပြထားသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင် ကြွေးကြော်မှုများကို ပြုလုပ်သွားခဲ့သည်။

 

“ ပင်စင်ယူမဲ့ကိစ္စကိုလုံးဝသဘောမတူပါဘူး။ ကန့်ကွက်တဲ့အကြောင်းဆန္ဒပြပါတယ်။ ဒီလိုမျိုးငါးနှစ်သာတာဝန်ထမ်းဆောင်ပြီး ပင်စင်ရကောင်းဆိုရင် မြန်မာနိုင်ငံမှာဝန်ထမ်းတွေအများကြီး ရှိတယ်။ တပ်မတော်သားတွေအများကြီးရှိတယ်။ ရဲတပ်ဖွဲ့တွေတွေမှာကော ငါးနှစ်နဲ့ပင်စင်ပေးမဲ့ ဥပဒေရှိပါသလား မေးချင်တယ်။ လွှတ်တော်သက်တမ်းအတွင်းမှာ သူတို့ပြည်သူအတွက်ဘာတွေ လုပ်နေကြတာလည်းလို့ မေးလို့ရှိရင် လွှတ်တော်တွင်းမှာ ခေါင်းညိမ့်၊ အိပ်ငိုက်၊ ပြည်သူ့အတွက်ဘာမှ မလုပ်ခဲ့ပါဘူး။ လူထုထဲမှာလူထုအသံတွေရှိတယ်။ ဆင်းကြည့်မှရပါမယ်။ အခန်းထဲမှာဖေ့ဘွတ်သုံး၊ စာဖတ်နေရုံနဲ့မရဘူး နောက်တက်လာမဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ် လူထုမျက်နှာကိုကြည့် ကြပါ။” ဟု ဆန္ဒထုတ်ဖော်ပွဲအားဦဆောင်ခဲ့သူ ကိုဇော်ဦးက ပြောသည်။

 

ထို့အပြင် လွှတ်တော်သုံးရပ်ရှိလွှတ်တော်ကိုယ်စားလှယ်စာရင်းများ ၎င်းတို့အားခံစားခွင့်ပေးမည့် ငွေကြေးအမောက်များကို တွက်ချက်ပြထားပြီး ပြည်သူ့ငွေတွေသဘောမတူဘူး၊ မပေးနိုင်ဘူး ဆိုသည့် စာသားကပါ ဆိုင်ဘုတ်ကိုလည်း ဆန္ဒဖော်ထုတ်ရာနေရာတွင် ချည်နှောင်ပြသခဲ့ခြင်းများလည်းပြုလုပ်သွားခဲ့သည်။

 

“ နိုင်ငံတော်သမ္မတကိုအဓိကထားပြီးပြောချင်ပါတယ်။ လွှတ်တော်ထဲကိုရောက်နေတဲ့ ကိုယ်စားလှယ်တွေအားလုံးကို ပြေချင်တာကတော့ ပြည်သူ့ဘဏ္ဍာငွေထဲကစီးဆင်းသွားတဲ့ငွေတွေကို သူတို့စားရက်ပါသလားဆိုတာမေးချင်တယ်။ သူတို့တွေမှာခံစားခွင့်တွေများစွာရှိတယ်။ အောက်ခြေလူတန်းစားတွေမှာ ဒီလိုခံစားခွင့်တွေမရခဲ့ဘူး။ ဒါကြောင့်နိုင်ငံရေးပင်စင်တောင်းတာကို လုံးဝကန့်ကွက်တယ်။ ရှုံ့ချပါတယ်။”  ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ကိုညီညီကပြောသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်မှုအား နာရီဝက်ခန့်ပြုလုပ်ခဲ့ပြီး ကြိုတင်ခွင့်ပြုချက်တောင်းခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆန္ဒပြမှုနှင့်ပတ်သက်၍ ပြည်မြို့ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းနိုင်က ကြိုတင်ခွင့်ပြုမိန့်တောင်းခံထားသလို ခွင့်ပြုမိန့်လဲကျထားပြီးဖြစ်၍ အရေးယး တရားစွဲဆိုရန်မရှိပါဘူးဟု ပြောဆိုခဲ့သည်။

 

K3(pyay)


Read More...

ဝန်​ထမ်းအလိုရှိသည်

Leave a Comment



ဘော်ဒါဆောင် အဆောင်မှူး
(အမျိုးသား) တစ်ဦး အလိုရှိပါသည်။

PEC ကိုယ်ပိုင်ကျောင်း
ယိုးဒယားလမ်း
ပြည်မြို့

053-25564
09-31449997 သို့ဆက်သွယ်
စုံစမ်းနိုင်ပါသည်။


Read More...

ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိရှုံ့ချကြောင်း ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

Leave a Comment

ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များ  အလိုမရှိရှုံ့ချကြောင်း ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

သတင်းတို.....



ပြည်၊ ဒီဇင်ဘာ ၂၅



ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ကိုးနာရီချိန်ခန့်က ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များအလိုမရှိ၊ ရှုံချကြောင်း ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။

ပြည်သတင်းလူငယ်{ပြည်သတင်း}
09253311019


Read More...

Facebook Like Page